အတိတ်ကို အတိတ်မှာချန်ခဲ့ပေမဲ့
အတိတ်ဟာ တိတ်မနေဘူး....
ငါ့အတိတ်ကို ပြောင်းပြန် ပြန်စီးလို့ ရရင်
ဒီကဗျာကို အစကနေပြန်ရေးချင်တယ် (သို့ သော်)
ဒီကဗျာ မစခင် ကတည်းက ငါ့လိပ်ပြာ ရွက်လွှင့်နေခဲ့တယ်....
စ ၊ လယ် ၊ ဆုံး နောက်ဆုံးထိ ဟို့ .....အဆုံးထိ
ဆောက်တည်ရာမဲ့နေတဲ့ အသံ ၊ အရိပ် သဏ္ဌန်မဲ့ပုံရိပ်တွေက
ငါ့ကိုယ် ပြန်ခြောက်လှန့် နေတယ်.....
ငါ့ကိုခြောက်လှန့် လွန်းလို့  ညည ထထအော်တတ်တဲ့
ငှက်ဆိုးတွေနဲ့ တောင် ငါရင်းနှီးနေခဲ့ပြီ.....
ဒီလိုနဲ့ ပဲငါ့စိတ်တွေ လျှောက်လှမ်းနေခဲ့တာ
လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတွေက ဒယိမ်းဒယိုင်နဲ့ 
ငါ့အရိပ်ကိုတောင် ငါပြန်မသယ်နိုင်တော့ဘူးဟာ
တော်ပါပြီကွာ ကို့ ကိုယ်ကိုမှ မသယ်နိုင်တော့တာ
မင်းနဲ့ နီးတဲ့နေရာလေးမှာပဲ ငါ့နှလုံးသားကိုပါ မသေ ၊ မရှင်
ငါကိုယ်တိုင် မြုပ်နှံထားလိုက်တော့မယ်
အဲ့ဒီမှာ ငါ့နှလုံးသားကို အစာကျွေးချင်လို့ ပါ
တစ်ခါတစ်လေ လောကဓံကိုရင်ဆိုင်တဲ့နေရာမှာ
ငါဟာ ငါပါလို့ ဟစ်အော်လိုက်ချင်ပေမဲ့
င ါ ဟ ာ ဆ ံ ြ ့ အ ေ န ခ ဲ ့ ....
လောကဓံရဲ့ ရိုက်ခတ်မှုကြောင့်လား
မုန်တိုင်းရဲ့ သယ်ဆောင်မှုကြောင့်လား
ရေရေရာရာမသိလိုက်တဲ့ ငါ့ရဲ့ ဘ၀က
ကို့ ပါးစပ်ထဲကို ချိန်ကိုက်မိုင်းကျဲကျဲချနေရတာ
ဖွစာမွစာကျဲပြန့် နေခဲ့တယ်....
ဘယ်လိုပဲစုတ်ပြတ်သပ်နေပါစေ ငါ့လိပ်ပြာက
မင်းနားမှာ တ၀ဲလည်လည်....
အဲ့ဒါမင်းကိုချစ်နေတယ်ဆိုတာပဲ.....ငါထပ်ပြောမိပြန်ပြီ
ချစ်နေခဲ့တယ်ဆိုတာကိုပဲ.....
နောက်တစ်ခါ ကဗျာရေးရင်
ချစ်တယ်ဆိုတဲ့ စကာလုံးမပါအောင်
ငါ့လက်ကိုငါ သေဒဏ် ထပ်ပေးဖို့ 
ငါကြိုးစားရလိမ့်အုံးမယ်.......
ငါကြိုးစားရအုံးမယ်...
တိမ်ပြာ
၂၃.၀၃.၁၀
တခြားနာမည်ပေးပေါ့..ကိုတိမ်ပြာ..
ReplyDeleteနေရင်းထိုင်ရင်းလိပ်ပြာသေပေးရဦးမယ်
googleကနေပြူးပြဲရှာတော့
တွေ့မဲ့တွေ့..ငါ့အကို..ငါ့ကိုသေခိုင်းထားပါလား...
...ဖတ်သွားတယ်နော်...ကဗျာကတော့ကောင်းတယ်
ငါသေရတာတော့ကောင်းဘူး...
လိပ်ပြာ