ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

ခရီးသွားခြင်း



လျှောက်နေကျလမ်းမှာ
ခွေးလေ ခွေးလွင့်က
ထိုးထိုးဟောင်တယ်
ဒီလိုနဲ့ 
စိတ်တစ်ခု....
.......................။

ထို့ နောက်.......
ကျွန်တော့်လက်ထဲ
ဘာမှကိုင်မထားဘူး
ကျွန်တော့်နောက်ကို
သူလိုက်နေဆဲ.....
........................။

သူနှင့်သိသောသူအား
ဘယ်သောအခါမှ
ကိုက်မည်မဟုတ် ။

မသိသောသူအား
ဟောင်နိုင်သည် ။
မျက်စိနှောက်လျှင်
ကိုက်နိုင်သေးသည် ။

သူ့ ကိုယ်သူ
ကာကွယ်ခြင်းဖြစ်နိုင်သော်လဲ
သခင်ကိုစောင့်ရှောက်တာလဲဖြစ်နိုင်သည် ။

ထောင့်မှန်ကျစွာ
လျှောက်နေတက်သည်ကာ
သူ၏ရိုးသားမှုဖြစ်လိမ့်မည်
ထို့ ကြောင့်
ကျွန်တော်သဘောကျ မိသည် ။

ထို့ သို့ ဖြင့်...
.........../.........
ထောင့်မှန်ကျစွာ
လျှောက်လှမ်းဖို့ 
လိုပေလိမ့်အုံးမည် ။
တိမ်ပြာ
၀၄.၈.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............