ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Tuesday, February 1, 2011

အပြာရောင် နေ့ စွဲ





ဒီနေ့ ဟာ

ကမ္ဘာမြေတစ်ခုလုံး မွှေးကြိုင်နေတဲ့နေ့ 

မိုးကုတ်စက်ဝိုင်းက အပြာရောင်ခြယ်

ပင်လယ်က ကြည်ပြာရောင်ခြယ်

တောင်တန်းတွေကပါညီညာနေခဲ့

တစ်တောလုံး ပွင့်တယ် ပန်းတွေ သင်းပျံ့လို့ 

အဲ့ဒီရနံ့ တွေ ရှူရှိုက် ....

ကျွန်တော့်ရင်တစ်ခုလုံးကိုပါ ကောင်းကင်ပေါ်လွှတ်တင်လိုက် မိတယ်

ကျွန်တော် မကြောက်ဘူး တိမ်တွေနဲ့ တိုက်မိမှာကိုတောင်မှ

မကြောက်လို့ ပဲ တစ္ဆေသရဲတွေနဲ့အတူငါ က ပြလိုက်တယ်လေ...မိသဲ

ဘယ်လိုလုပ်ပြီးကြောက်မှာလဲ ကောင်းကင်ကြီးတစ်ခုလုံးကို အုပ်စိုးခဲ့တာ မင်းလေ

မင်းက ရှင်ဆိုရှင် သေဆိုသေ ငါက ကိုယ်ရံတော်အဖြစ် အမှုထမ်းခဲ့တာပဲ

မင်းပေးတဲ့ ရှင်သန်ခွင့်အောက်မှာ ငါ ရိုးမြေကျနေပါရစေ.....မိသဲ

ရှင်သန်ခွင့်ပေးတဲ့ မင်းရဲ့ လက်ထဲကငါ့ကို မလွှတ်ချပါနဲ့ 

မင်းလက်နဲ့ ထာဝရသိမ်းပိုက်ပါ....ဒီနေ့ လိုပဲ....မနက်ဖြန်ပေါင်းများစွာ သိမ်းပိုက်ပါ..

အဲ့ဒီနေ့ က ငါ့ ကိုယ်ငါ မဟုတ်သလိုပါပဲ...

ငါမှ ဟုတ်သေးရဲ့ လားလို့ ငါ့ ကိုငါ ပြန်စမ်းကြည့်မိတယ်...အို...

မယုံဘူး ငါ့ကိုငါမယုံဘူး မင်းအဲ့လိုပြောလာလိမ့်မယ်လို့ ....ငါ့ကိုငါမယုံတာ

ငါထင်မထားမိခဲ့ဘူးလေ....မိသဲ

ရွှေစာလုံး ငွေစာလုံးနဲ့ကမ္ဗည်းထိုးတဲ့ နေ့ လို့ 

ပြည့်ဆုံခဲ့တယ် အရာအားလုံး...အားလုံးဟာ...လှပနေတယ်

ကြယ်တွေ လ တွေကပါ အပြုံးပန်းပွင့်နေကြသေးတယ်

ကြယ်လေတွေနဲ့ လမင်းကို သက်သေထားလို့  ကမ္ဘာကြီးကို တိုင်တည်...

နူးညံ့သိမ်မွေ့မှုတွေနဲ့အတူ ပျော်မြူး.....

ကြယ်လေတွေနဲ့ လမင်းကပါ သီချင်းဆိုနေကြသေးတယ်

ချစ်ခြင်းသံပြိုင်လို့ ....ကာရံညီတေးသွားတစ်ပုဒ်

ကြယ်သီချင်းနဲ့ လမင်းသံစဉ်ပေါ့...

ငါ..အောင်ဆီဂျင်ရှူနေသမျှ ကာလပတ်လုံး သီဆိုနေမယ်...မိသဲ

အဲ့ဒီသီချင်းထဲမှာ အမုန်းဆိုတဲ့ စကားလုံးမရှိ ....

အာဃာတမရှိ...သံသယမရှိ...ထာဝရ...ထာဝရ...

ရှေ့ဆက်လျှောက်ရင်း ပျော်စရာသီချင်းတစ်ပုဒ်ကို ငါဆိုနေမယ်...မိသဲ

မင်းရဲ့ နှလုံးသားထဲ ငါ့သံစဉ်ချိုတွေကို တဖွဲဖွဲသွန်ချ ....

အနှောင်အဖွဲ့ကင်း လွတ်လပ်ခြင်းအပြည့်နဲ့ သီဆိုနေမယ်...

သီဆိုနေအုံးမယ်...အဲ့ဒီသံစဉ်တွေကြောင့် မင်းရဲ့ အပြုံးပန်းတွေ ပွင့်ပါစေ...

မင်ရဲ့ အပြုံးပန်းတွေကြောင့် ပန်းတွေဖူးပွင့်...

ပန်းခင်ထဲမှာမင်းက သခင်မလုပ် ငါက ဥယျာဉ်မူးပေါ့....

အဲ့ဒီလို ကမ္ဘာကြိးမျိုးကို တည်ဆောက်ကြမယ်....

တည်ဆောက်သွားကြမယ်....မိသဲ









တိမ်ပြာ
၁၃.၀၂.၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............