ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

သေဆုံးနေခဲ့တဲ့ ကဗျာ


ငါ့သွေးကိုပြောင်းပြန် ပြန်စီးလို့ ရရင်

ဒီကဗျာကို အစကနေပြန်ရေးချင်တယ် (သို့ သော်)

ဒီကဗျာ မစခင် ကတည်းက ငါသေဆုံးနေခဲ့ ။

ငါသေဆုံးနေခဲ့ပြီလေ ။

ဒီကဗျာရဲ့ အစ ၊ အဆုံးမှာ ငါ့အခိုးအငွေ့ တွေလွှင့်ပါးလို့ 

ဆောက်တည်ရာမဲ့နေတဲ့ အသံ ၊ အရိပ် သဏ္ဌန်မဲ့ပုံရိပ်တွေက

ငါ့ကိုယ်ငါ ပြန်ခြောက်လှန့် လို့ နေခဲ့...

အဲ့ဒီပုံရိပ်တွေကပဲ နင့်ရဲ့ ဘေးမှာ ငွေ့ ရည်ဖွဲ့ ပြီး

ငွေမိုးတွေရွာသွန်းခဲ့တာ နင်မမြင်နိုင်လောက်ပါဘူးထင်ပါရဲ့

ဘယ်မြင်နိုင်ပါ့မလဲ ရွာချလိုက်တဲ့မိုးတွေ ငါ့တစ်ကိုယ်လုံး

စိုရွှဲ ၊ နစ်မြုပ်နေခဲ့တာလေ....

နင်မမြင်နိုင်အောင်ပဲ ငါ့ကိုငါ သကာရည်ဖုံးပြီး

လျှောက်လှမ်းနေခဲ့တာ

လျှောက်လှမ်းခဲ့တဲ့ခြေလှမ်းတွေက ဒယိမ်းဒယိုင်နဲ့ 

ငါ့အရိပ်ကိုတောင် ငါပြန်မသယ်နိုင်ခဲ့တော့ဘူး ချစ်သူ...

နင့်အတွက် ရည်မှန်းထားတဲ့
ငှက်ရုပ်လေးတွေကိုခေါက်ပြီး

ဖန်ပုလင်းလေးထဲထည့်ထားတာရှိတယ်
အကောင် (၁၅၀၀) တိတိပဲ

အဲ့ဒီငှက်ရုပ်လေးမှာ အသက်ငွေ့ ငွေ့ လေးရှိသေးတယ်

ဒါပေမဲ့ ပျံသန်းနိုင်စွမ်းမရှိတော့ဘူး ...

နင်ရှိတဲ့မြို့ လေးမှာပဲ
မသေ ၊ မရှင်

ငါကိုယ်တိုင် မြုပ်နှံထားလိုက်တယ် ချစ်သူ

အဲ့ဒီမှာ ငါ့နှလုံးသားကို အစာကျွေးချင်လို့ ပါ

နင့်ရဲ့ ရယ်သံသဲ့သဲ့လေးကြားယုံလောက်ပါ.....နင့်ရယ်သံလေးတွေ

ငါ့အတွက်ချိုမြိန်နေခဲ့တယ်.....နင်နားလည်ရခက်နေမလားပဲ

နင်မြင်နေတဲ့ ပင်လယ် အရောင်က ကြည်ပြာရောင်ခြယ်နေပေမဲ့

ပင်လယ်အောက်မှာ ရိုက်ခတ်နေတဲ့မုန်တိုင်းတွေက ကြမ်းတမ်းနေခဲ့တယ်

ဒီကဗျာနဲ့ ပြန်ပြီးအသက်သွင်းနေတာတော့မဟုတ်ပါဘူး ချစ်သူ

ငါဟာသေဆုံးနေခဲ့သူပါ......။

တစ်ခါတစ်လေ လောကဓံကိုရင်ဆိုင်တဲ့နေရာမှာ

ငါဟာ ငါပါလို့ ဟစ်အော်လိုက်ချင်ပေမဲ့

နင့်ကိုငါမပိုင်တော့တဲ့နောက်ပိုင်း ငါ့ကိုငါလဲမပိုင်ချင်တော့ဘူး

လောကဓံရဲ့ ရိုက်ခက်မှုကြောင့်လား မုန်တိုင်းရဲ့ သယ်ဆောင်မှုကြောင့်လား

ရေရေရာရာမသိလိုက်တဲ့ ငါ့ရဲ့ ဘ၀ကိုနင်နားလည်လောက်မှာမဟုတ်ပါဘူး

ချစ်လျှက်နဲ့စွန့်လွှတ်လိုက်ရတာ အနှစ်နာခံခြင်းလို့ ဆိုကြပေမဲ့

ငါ့အတွက်တော့
အပူမီးဝိုင်း အရူးတစ်ပိုင်းမဟုတ်ခဲ့ရင်တောင်

ရင်ထဲမှာတော့ ၀ုန်းဒိုင်းကျဲ ဖွာလွင့်ပြန့် နှံ့ နေခဲ့တယ်

အဲ့ဒါနင့်ကိုချစ်နေတယ်ဆိုတာပဲ.....ငါထပ်ပြောမိပြန်ပြီ

အဲ့ဒါနင့်ကိုချစ်နေခဲ့တယ်ဆိုတာပဲ..... ငါမပြောမိအောင်ကြိုစားရင်းနဲ့ 

နောက်ဆုံး.........................................

သေဆုံးနေတဲ့ ငါ့နှလုံးသာအုပ်ဂူလေးနားကို

ငါ့အသက်ရှိသ၍ ...............
ငါကိုယ်တိုင်

အနီရောင်ဝတ်စုံ နှင်းဆီနီတစ်ပွင့်နဲ့ 

ငါ အမြဲရောက်နေခဲ့တယ်.........

ငါ အမြဲ ရောက်နေအုံးမယ်........



ခင်မင်ဆုံးသူငယ်ချင်းတစ်ယောက်အတွက်
တိမ်ပြာ
16.03.10
1:45 am

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............