ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

တိမ်ပြာ နှင့် ကြယ်တံခွန်များ

ကျွန်တော်၏သချိင်္ုင်းသည် ဥပုဒ်မစောင့်သောကြောင့်
ကမ္ဘာမြေကြီးသည်လဲ ဥပုဒ်စောင့်မည်မဟုတ်
ထိုသို့ ဖြင့် ကျွန်တော့်၏၀ိညာဉ်သည် လေးလံသောနေရာမှ
လွတ်မြောက်ရန်လိုအပ်ပေအုံးမည် ....... ။


အနာဂတ်သည် အတိတ်ဖြစ်ဖြစ်သွားသောကြောင့်
ဒီနေ့ သည်လဲ မနက်ဖြန် အဟောင်းဖြစ်နေပြန်သည် ။
ထို့ ကြောင့် မနက်ဖြန်သည် ........
ကျွန်တော့်၏မနက်ဖြန် အသစ်ဖြစ်နေအုံးမည်လော ။


အရှေ့ ကိုလှမ်းကြည့်လိုက်တိုင်း မိုးကုပ်စက်ဝိုင်းကို မြင်ရသည် ။
မိုးကုပ်စက်ဝိုင်းသည်လဲကျယ်ပြန့် ၏ ။
ထို့ ကြောင့် သစ်စေ့ တချို့ တစ်ဝက်ပျိုးခဲ့ရန် စိတ်ကူးရှိခဲ့သေးသည် ။
(သို့ သော်) နေလုံးကြီးအိပ်တန်းတက်သွားခဲ့လေပြီ ။
ကျွန်တော့်၏လက်ချောင်းများသည်လဲ မညီညာခဲ့ပေ ။


တစ်ခါတစ်ခါ သစ်ပင်ကြီး ဖြစ်ချင်သေး၏ ။
ထိုအရိပ်ကြောင့် အပင်လေးရှင်သန်မှုခက်ခဲနေလိမ့်အုံးမည် ။
ထို့ ကြောင့် သစ်အိုပင်ခြောက် ဖြစ်ချင်ခဲ့သည် ။


မီးတောက်တစ်ခုလိုချင်ခဲ့သည် ။
ထို့ ကြောင့် မီးတောက်တစ်ခုရှာရန် ခရီးထွက်ခဲ့သူဖြစ်၏ ။
မီးစာတစ်ခုအဖြစ်ထွန်းညှိ၍ ကျွန်ုပ်အားခေါ်ဆောင်လော ။


ညက ခေါ်သွားတဲ့ညတွေမှာ ကြယ်တွေနဲ့ 
စကားပြောဖြစ်ကြသေး၏ ။
ပြေပြောဆိုဆို တချို့ တချို့  အသိုက်ပြောင်းသွားကြသည် ။
ကျွန်တော်သည်လဲ အသိုက်ပြောင်းရအုံးမည် ။
မပြောင်းခင် ဆုတစ်ခုတောင်းရန်လိုပေအုံးမည် ။
နောက်တစ်ဖန် ဒီလိုအလင်းများ ထပ်ပေါ်ပေါက်ပါစေသား........။




တိမ်ပြာ
၀၈.၀၆.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............