ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

မြစ်တစ်စင်းရဲ့ အလင်္ကာ




ကဗျာတွေနဲ့ 
ခရီးဆက်ချင်တယ်...။

ဟော့ဒီမြစ်ကြီးရှိနေသ၍
သက်တံတွေမကုန်ဆုံးဘူး...။

မြစ်ကြီးထဲမှာ
မြစ်လက်တက်လေးတစ်ခု စီးဝင်ခွင့်ပြုပါ...။

အဲ့ဒီ မြစ်လေးကနေ
မြစ်ကြီးရဲ့ အသက်
ရှင်သန်နေခဲ့တာပဲလေကွယ်...။
မြစ်ကြီးဆိုတဲ့ဝေါဟာရက
မြစ်လေးမရှိရင်ဘာအဓိပယ်ရှိအုံးမှာလဲ...။

မြစ်ကြီးစီးဆင်းရှင်သန်နေဖို့ 
မြစ်လက်တက်လေးက
အမြဲထာဝရစီးဝင်နေမှာပါ...။

လှပတဲ့တောင်တန်းတွေညီညာနေ
ဟော့ဒီ မြစ်လက်တက်လေတွေကြောင့်ဆိုတာ
မင်းငြင်းအုံးမှာလား...။

တိမ်ပြာပြာအောက်က
တောင်တန်းတွေအလှကို ခံစားရင်း
ဘ၀မှာ နေပျော်ချင်ပါတယ်...။

အဲ့ဒါ ပန်းချီကားတစ်ချက်ရဲ့ 
အလှကိုမင်းလှမ်းမြင်လိုက်တာပဲ ။

အဲ့ဒီပန်ချီကားကို အပြာရောင်တွေနဲ့ 
ရေးဆွဲလိုက်ကြမယ်.....။

မြစ်တစ်စင်းရဲ့ အင်္လကာအောက်မှာ
ရှုမျှော်ခင်းတွေရှည်လျားနေမှာပါ...။

အပြာရောင်ပန်းချီကားထဲမှာ
အသည်းနှလုံးအနီစက်လေးတစ်ခု
ထည့်ဆွဲမယ်...။

အနီရောင်မြစ်ထဲ
အပြာရောင်တိမ်တိုက်တွေဆင်းသောက်
ချစ်သူတွေထာဝရရှင်သန်မှုတွေနဲ့ 
စီးဆင်းလို့ 

တစ်ချို့ ရေဆင်းချိုး
တစ်ချို့ ရေဆင်းခတ်
တစ်ချို့ တစ်ချို့ 
မြစ်ကမ်းဘေးမှာထိုင်နေလိမ့်အုံးမယ်...။

စီးဆင်းနေတဲ့ မြစ်ရဲ့အနားသတ်ကမ်းစပ်တွေကို
လွမ်းမောမှုတွေ မတိုက်စားပဲ
ဆက်လက်စီးမျှောနေချင်တယ်
မြစ်ကမ်းစပ်ရဲ့ တစ်ဘက်မှာ
အထီးကျန်မှု အလွမ်းတွေနဲ့ 
ငေးမောထိုင်နေရလို့ ပါ...။

ဒါကိုအထီးကျန်ခြင်းလို့ မဆိုလိုက်ပါနဲ့ လားကွယ်
ပန်းတွေဖူးပွင့်ဖို့ အညတရလေညင်းက
ဝတ်မှုကူးခြင်းနိယာမနဲ့ 
တိုက်ခတ်ပေးနေတာပါ ။
လရောင်က ဘာမှမပိုင်ပေမဲ့
လရောင်ကို မြတ်နိုးနေကြတယ်လေ...။

လေညင်းလေးတွေရယ်
လရောင်လေးတွေရယ်
ပန်းရံနံ့ လေးတွေရယ်
ရေစီးအသံလေးတွေရယ်
တသွင်သွင်စီးဆင်းနေလိုက်ကြတာပေါ့...။



တိမ်ပြာ & လွမ်း

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............