ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

ကန္တာရ အလယ်ဗဟို၌ ဖြစ်ထွန်းနေသော အိုအေစစ်ကမ္ဘာ





လျှောက်လှမ်းနေတဲ့ လမ်းခရီးမှာ
နွေနွေ...မိုးမိုး..ဆောင်းဆောင်း
ငါ့ပင်လယ်နဲ့ အုပ်မိုးပေးထားမယ်
အဲ့ကမ္ဘာထဲမှာဥယျာဉ်တစ်ခုပျိုး
မင်းက သခင်မလုပ်
ငါက ဥယျာဉ်မူးပေါ့.......။


ချစ်သူက ကိုယ့်အတွက်..
နွေ၊ မိုး၊ ဆောင်း ဒဏ်ခံနိုင်ဖို့
အေးမြတဲ့အရိပ်နဲ့ လုံခြုံမှုပေးနိုင်တဲ့
သစ်ပင်တစ်ပင်လို အချစ်တွေပေးခဲ့တယ်..
ဒီအချစ်ပင်လေး ထာဝရ စိမ်းလန်းဝေဆာနေဖို့
မေတ္တာရေစင်လေးနဲ့ ပက်ဖျန်းပေးနေမယ်.....။

မင်းရဲ့ မေတ္တာရေစင်ကြောင့် ကဝေတွေနိုးထ
မင်းသွားမဲ့လမ်းမှာ ငါ့ပင်လယ်က
ကြေးနီရောင်နဲ့ ရက်လုပ်ထားတဲ့
ကတ္တီပါစနဲ့ ခင်းကျင်းထားတယ်
မင်းကြိုက်သလိုနင်းလျှောက်သွားလိုက်စမ်းပါ......။


ကိုယ်သွားမယ့်လမ်းခရီးအတွက်
ချစ်သူရင်ဘတ်နဲ့ တန်ဆာဆင်ထားလေတဲ့
ရင်ခွင်ကိုမနင်းရက်လေကွယ်..
ရင်မှာ မြတ်နိုး ထွေးပွေ့လို့သာ
ခရီးဆက်နေမယ်......။


ငါဟာ ဘာကောင်မှ မဟုတ်ပေမဲ့
ငါ့နှလုံးသား ကျောက်စက်ပန်းဆွဲကနေ ကျနေတဲ့
ရေစက်လေးကမင်း အတွက်အေးမြစေမယ်
ချစ်သူကို
လောကအလယ်မှာ ထွန်းလင်းဖို့ 
ကြယ် မရှိ ၊ လ မရှိတဲ့ညတွေမှာတောင်
လျှောက်လှမ်းနိုင်ဖို့ 
မီးပြတိုက်လေးဆောက်ထားလိုက်တယ်
ချစ်မင်းမြင်လား.....။


ကြားခဲ့ရတဲ့ချစ်သူ့ စကားသံလေး
သွေးကြောအနှံ့ ပျံ့ဝင်စီးဆင်းရင်း
သိမ်ငယ်စိတ်တွေ လွင့်ပါး
အင်အားသစ်တွေ ဖြစ်ထွန်းလို့
ကန္တာရထဲ ရောက်နေစေဦးတော့
ကျောက်စက်ရေလို ချစ်သူ့မေတ္တာကို
ခံယူရင်း...အိုအေစစ်တည်ရာ..ချစ်ကမ္ဘာဆီသို့.....။


အဲ့ဒီကမ္ဘာ
ကမ္ဘာ...ကမ္ဘာ သင်္ချေပေါ့....။





တိမ်ပြာ
& သဲသဲ
၁9.0၃.၁0

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............