ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

တိမ်ပြာ ခရီးသွားခြင်း



ပထမ သီအိုရီ
အမိရင်ခွင်မှ ခုန်ချ
အစိတ် အပိုင်း များစွာ
ဆက်စပ်ပါဝင်၍
ခက်ခဲ နက်နဲသော
ကဗျာရွတ်သံ.........
............................။

ငါသည် ကဗျာ ဆရာ
မဟုတ် (သို့ သော်)
ငါသည် ကဗျာ ဖြစ်သည်......။

ထိုမှစ ငါသည်
ကလောင်သွားကိုထမ်း
ထိုကလောင်သွားအား
ကျောက်ကြမ်းနဲ့ သွေး
ဟိုင်းဝေးလမ်းမပေါ်
ပြေးထွက်ခဲ့........။

ငါသည် ဘုရင်
ငါသည် အရှင်
ငါသည် သခင်
ငါသည် ကျွန် ဖြစ်၏..... ။

ငါ့ကိုယ်ငါ
အဟုတ်မှတ်
ငါ့ကိုယ်ငါ
ပိုင်သယောင်ယောင်နဲ့ 
ငါ့အရိပ်နောက်ကိုငါ
ပြန်လိုက်လိုက်နေရတာ........။

ဒီလိုနဲ့ 
သစ္စာလေးပါးထဲမှာ
နှစ်မွန်းနေခဲ့ဘူးတယ်.....။

တစ်ကယ်တော့
လောကကြီးက ငါ့ကိုခိုင်းနေခြင်း
ငါက လောကကြီးကို ပြန်ခိုင်းနေခြင်း
ငါ့စိတ်က ငါကို ခိုင်းစေခြင်း
ငါ့စိတ်ကိုယ် ငါက ပြန်ခိုင်းစေခြင်း
ထို့ ကြောင့်....ထို့ ကြောင့်
ပေးဆပ်နေခြင်း ဖြစ်သည်......။

မပေးဆပ်၍ မရပေ
ကိုယ်တုံးလုံးကြီး
လမ်းပေါ်လျှောက်နေလို့ ကလဲမဖြစ်
အရူးထောင်ရောက်မည်က
သေခြာသည် ...........။

များစွာ...များစွာ...များစွာ
များစွာများကို
ရိုက်လင်းတန်း
(သို့ မဟုတ်)
ပြန်လင်းတန်းဖြင့်နေ့ စဉ်
ပေးဆပ်နေရသည်.....။

အတိတ်နဲ့ အနာဂတ်
အိမ်မက်ရဲ့ ရာဇ၀င်တိုင်းမှာ
အမှောင်နက်နက်ထဲ
လျှောက်ခဲ့ဖူးသလို
အလင်းလက်လက်ထဲ
ခုန်ဆင်းဖို့ လိုနေသေးသည်.......။

တဟုန်းဟုန်းတောက်နေတဲ့
ပင်လယ်ပြင်က ကျယ်ပြန့် ၏
မိုးကုပ်စက်ဝိုင်းတွင်ဆုံးသည်ဟု
တွေ့ ရသော်လည်း
တွေ့ ရခြင်းပင်ဖြစ်သည် ။
(သို့ သော်)
လည်ပတ်နေအုံးမည်........။

တောင်ပတ်လမ်းမှာ
မာယာတွေနဲ့  မှုံရီအုံချနေတဲ့လမ်းမှာ
နေရောင် ကျဲကျဲထိုး အားလုံးကို လွှတ်ချ
အခိုးအငွေ့ ဖြစ်ပျံသန်း သွားချင်ခဲ့သည်....။

အရှင်ခင်းသည့်လမ်း
ငါ၏အရိုးနဲ့ ခင်းကျင်း
မြောက်ပြန်လေနဲ့ 
အရှင်ခေါ်ရာနောက် သို့ ......။

ဆုမတောင်းပဲပြည့်နေတဲ့.....ကမ္ဘာကြီး
သက်တော်ရှည်နေအုံးမည်.....။
ဆုတောင်းတိုင်း
ငါ့၏သက်တော်ရှည်နေအုံးမည်လော......။

အို.....လူသားအပေါင်း
သတ္တ၀ါအပေါင်း
အေးချမ်းပါစေ.....
ငြိမ်းချမ်းပါစေသား.....။


တိမ်ပြာ
၂၅.၆.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............