
ဘေးတိုက်ကန့် လန့် တွားသွားနေသောဂဏန်းတစ်ကောင်၏မိုင်တိုင်
(၁)
ဒီလိုနေ့ ပေါ့....ဒီလိုနေ့ လေ
လေနီကြမ်းတွေ ပြန့် ကျဲလို့ 
တစ်တောလုံးဝေ တစ်တောလုံးကြွေနေတာ
တိမ်တွေကပါ ငွေ့ ရည်ဖွဲ့ နေခဲ့ပြီလေ
အတ္တဘီလူးတွေ ပုတီးတစ်ဖက် စစ်လက်နက်နဲ့ 
အဖိုးရဲ့ အသက်ကိုပစ်ခြွေခဲ့မယ်လို့ 
ဘယ်သူ ထင်မှာတဲ့လဲ ဘယ်သူသိမှာတဲ့လဲ......
အဲ့ဒီနေ့ အတွက် ရင်ခွင်မှာကမ္ဗည်းထိုးထားတယ်......
တောင်းဆုပန်ခြွေ ကောင်းရာသုဂတိ၌တည်ပါစေသား.....
(၂)
ဒီလိုနေ့ မျိုးမှာမှ
မေမေက သေမင်းနဲ့ စစ်ခင်းနေလိုက်ပုံများ
နားထဲမှာ မေမေ့အသံတစ်ဝက် မိုးကြိုးသံတစ်ဝက်နဲ့ 
တနင်္လာဂြိုလ်ရဲ့ အောက်မှာ ကရကဋ်ရာသီဖွားကိုပို့ နိုင်ခဲ့တယ်
မေမေ့ရဲ့ မေတ္တာက အဲ့ဒီတနင်္လာဂြိုလ်ထက်
အဆပေါင်းများစွာကြီးမားပါတယ် ဘာနဲ့ မှနှိုင်းလို့ မရဘူး
ဘာဆို ဘာနဲ့ မှ နှိုင်းလို့ မမှီဘူး မေမေ
ဒီလိုချိန် မေမေ့အနားမှာရှိနေချင်လိုက်တာ...ရှိနေချင်လိုက်တာ
လက်ကလေးနှစ်ဖက်ကိုမိုး မေမေ့ရှေ့ မှာဒူးလေတုပ်ပြီး
မေမေ့ မျက်နှာလေးကိုမော်ဖူးနေချင်ခဲ့တယ်မေမေ
ခွင့်လွှတ်ပါမေမေ ခွင့်လွှတ်ပါ အဝေးတစ်နေရာကနေပဲ
ကန်တော့လိုက်ရတာကို ကံကြမ္မာကိုအပြစ်ဖွဲ့ မနေတော့ပါဘူး
ဘာမှမပေးစွမ်းနိုင်သေးတဲ့ မြူတစ်မှုံက မေမေ့အတွက်
မဟာအင်အားကြီးဖြစ်နေပြန်ရောတဲ့လား
သားသိတယ်မေမေ မေမေခုချိန်လောက်ဆို
စနေထောင့်မှာ ပန်း ဆီမီးထိန်းညှိလို့ 
ဆုတောင်ပေးနေလောက်ပြီ.........
မေမေ့ မေတ္တာကြီးမားသထက်ကြီးပါလေ........
ဆပ်လို့ မကုန်နိုင်ပေမဲ့............
မြောက်မြို့ ရိုးကြားမှဝှက်ထားတဲ့ ရှင်သန်မှုဟာ
အမေ့အတွက်ချည်းပဲ မေမေ
ရဲရဲကြီးအော်ပြောလိုက်တယ်မေမေ......
မေမေ့ဆန္ဒပြည့်ဝပါစေ......
မေမေသက်တော်ရှည်ပါစေသာ.....
(၃)
တနင်္လာဂြိုလ်ရဲ့ အလင်းနဲ့ မဟူရာညဖြစ်လိမ့်မယ်လို့ 
ထင်မထားဘူး ဘယ်လိုမှထင်မထားခဲ့ဘူး
လရောင်တစ်ခြမ်း မဟူရာတစ်ခြမ်းနဲ့ ခြေချခဲ့တဲ့နေ့ 
ဟော့ဒီနေ့ .....ဟော့ဒီနေ့ မှာပဲ သွေးချောင်းစီးလို့ .....
ကျွန်တော့်အလင်းကို.......................
စစ်ဘီလူးတွေ ဖျက်လိုဖျက်ဆီးလုပ်လိုက်ကြတယ်
နတ်ဆိုးတွေနဲ့ ဘီလူးတွေပေါင်းပြီး ဖြိုခွဲလိုက်ကြတယ်
ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တိုင်ကြီး ပြန်မဆောက်နိုင်ဘူး
ပြန်မဆောက်နိုင်တော့ဘူး..........................
အမိဝမ်းမှ ကျွတ်ခါစရှိသေးတယ်.........
ကျွန်တော်မိုးရွာထဲလမ်းလျှောက်တတ်နေခဲ့ပြီ
ဒီလိုနဲ့ ကျွန်တော့်ခြေထောက်တွေဒီနေ့ ထိမရပ်သေးဘူး
လျှောက်နေလိုက်တာ................
အသင် ကူပါ............
ရွာစမ်းပါ....ရွာချလိုက်စမ်းပါ
မင်းရွာချလိုက်တိုင်း
ငါ့နှလုံးတွေ ဆွေ့ ဆွေ့ ခုန်တယ်
မင်းဟာငါ့ရဲ့ အားဆေးတစ်ခွက်လဲဖြစ်တယ်
မင်းငါ့ကို ဥပေက္ခာပြုမထားပါနဲ့ ကွာ
မင်းဟာငါ့ရဲ့ အဖော်လေ
ရွာလိုက်စမ်းပါ ရွာချလိုက်စမ်းပါ
ငါ့ရင်တစ်ခုလုံးစုန်းစုန်းမြုပ်သွားအောင်
မင်းမရွာလဲ ငါရင်ကွဲအင်္ကျီမှာစိုလို့ ရွဲလို့ 
မင်းမသိချင်ယောင်ဆောင်မနေပါနဲ့ 
မင်းအခုမှ ခေါင် နေဦးမလို့ လား
ခေါင်ခိုက်နေတဲ့မြို့ မှာလဲငါမနေချင်တော့ဘူး
ငါ့စိတ်ကိုငါ ကွင်းပြင်ထဲလွှတ်ထားလိုက်တယ် ............
တစ်ကယ်တော့ ငါ ခေါင်းရှောင်နေတာတော့မဟုတ်ဘူး
ငါ့စိတ်ကိုငါ မြေသြဇာပြန်ကျွေးနေမိတာပဲ...............
နှလုံးသားရဲ့ ထောင့်တစ်နေရာမှာတော့ဆူးနေတဲ့
အပ်တစ်ချောင်းက xxxxxxxxxxxxxxxxxxxxxx
အဲ့ဒါငါ့မိုင်တိုင်ရဲ့ နောက်ဆုံးခြေရာရောက်တဲ့ထိပဲ.....
ကန့် လန့် သွားတယ်လို့ ဆိုချင်ဆိုစမ်းပါ
ရှေ့ကိုမသွားတတ်သလို နောက်ကိုလဲသွားမှာမဟုတ်ဘူး
အဲ့ဒါဂဏန်တစ်ကောင်ရဲ့ မွေးရာပါဗီဇပဲ
ေ ဘး တို က် ပဲ တွား သွား
ရှေ့ 
တိုက်
ပဲ
တွား
သွား
အမြင်နှစ်ခုရှိဖို့ လိုတယ် ။
တိမ်ပြာ
၁၉.၀၇.၂၀၁၀
No comments:
Post a Comment
လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............