ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

***မင်းလေးသိစေချင်***



လွမ်းတယ်…လွမ်းတယ်
လွယ်လွယ်ပြောလဲ
မင်းလေးအတွက်
နာကျင်ခံစား
ပြောမထွက်တဲ့ အလွမ်းတွေနဲ့ 
ပြည့်နှက်နေတာ
မင်းလေး…သိလား။ ။

တောင်ပုံယာပုံ ပုံနေတဲ့
အလွမ်းမြို့ ရိုးပေါ်ကနေ
မင်းလေးကို ချစ်တယ်ဆိုတဲ့အကြောင်း
လှမ်းအော်နေမိခဲ့တာလေ
မင်းလေးကြားကောင်းပါရဲ့...

ချစ်တယ်..ချစ်တယ်
လွယ်လွယ်ပြောလဲ
မင်းလေးအတွက်
တကယ်ခံစား
နှလုံးသားက
ပြောမထွက်တဲ့ ချစ်စကားတွေနဲ့ 
ပြည့်နှက်နေတာ
မင်းလေး…သိလား။ ။

သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
ပင့်ကူ တစ်ကောင်လို
အကွက်အကွင်းကျကျခင်းကျင်း
အဲ့ဒီထဲမှာ ငါ့ကိုယ်ငါနှေင်ဖွဲ့ လို့ 
တစ်စတစ်စ...နဲ့ ပေါ့...

နှစ်ယောက်တွေ့ ဆုံ
ငါပြောသမျှ
မင်းလေးရယ်မော
ငါ့ရဲ့စကား
ပေါ့ပေါ့လေးတွေး
ပေါ့ပေါ့လေးပဲလို့ 
မင်းလေး…ထင်နေရောလား...

ငါ့ရဲ့အလင်းရောင်ခန်းထဲမှာ
ငွေရည်ဖွဲ့ ပြီး
ပေါ့ပေါ့ပါပါခုန်ဆင်းနေတာ
မင်းတွေ့ ရဲ့လား...

ရင်မှာခံစား
တကယ့်ရင်တွင်းစကား
ပြည့်နှက်နေတာ
မင်းလေး…သိရင်
မင်းလေး ရယ်နိုင်အုန်းမှာလား။ ။

ရင်မှာခံစား
တစ်ကယ့်ရင်တွင်းစကားတွေကို
မင်းလေးမလှောင်လိုက်ပါနဲ့ 
မင့်ရဲ့ ရယ်သံချိုချိုလေးနဲ့ 
ထာဝရာအိပ်စက်ပါရစေ...



တိမ်ပြာ & လွမ်း

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............