ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

စစ်ခင်းနေသော နေ နဲ့ လ


(နည်းနည်းလေးတော့လွမ်းကြည့်ချင်သေးတယ်)
လွမ်းရင်းနဲ့ ကြည့်
ကြည့်ရင်းနဲ့ လွမ်းလွမ်းလာလို့ .....
ငါ့စိတ်ကိုငါ ပြန်မေးကြည့်ကြည့်တဲ့အခါတိုင်း......
ငါ့စိတ်လို မင်းစိတ်ဖြစ်ချင်နေခဲ့တယ်လို့ ပဲပြောပြောနေတယ်
ဒါပေမဲ့ မင်းစိတ်က ငါ့ဆီရောက်မလာခဲ့ဘူးလေ.......။

မင်းက ငါ့ကိုမယုံကြည်တာလား
မယုံလို့  မကြည်ဖြူခဲ့တာတော့ မဟုတ်လောက်ပါဘူး
မင်းရဲ့ အကြည့်တွေက
ငါ့ရဲ့ နောက်ကျောကနေ
ငါ့နှလုံးသားကိုတည့်တည့်ထိုးဖောက်ဝင်တယ်
ဘာဖြစ်လို့ ရှေ့ ကနေမ၀င်တာလဲ...........

အဲ့ဒါ မင်း ငါ့ကိုမယုံတာပဲ
ပင်လယ်ပြင်မှာအရုပ်ဆွဲလို့ ရတယ်
ဆိုတာမျိုးကျ မင်းကယုံပြန်ရော....
မင်းအကြောင်းတွေ မြင်းရိုင်းတစ်ကောင်လို
ခုန်ဝင်လာတဲ့ နေ့ ၊
ငါ့အခန်းထဲကနေအခိုးအငွေ့ ဖြစ်ပြီး
မိုးပေါ်ပျံတက်သွားခဲ့တာ မင်းမတွေ့ လိုက်ဘူးမှတ်လား.......

ဒီလိုနဲ့ ငါ့စိတ်တွေဆောက်တည်ရာမဲ့
ပျံသန်းနေမယ်လို့ မင်းထင်နေရော့လား
ငါ့စိတ်တွေကိုဖမ်းစားထားခဲ့တာမင်းလေကွာ
ငါ့စိတ်ကိုငါရွက်လွင့်ခဲ့တာ ဦးတည်ရာမဲ့မှမဟုတ်တာ........

ဟေ့...............ဒီမယ်
ငါကဗျာရေးမလို့ လုပ်လိုက်တိုင်း
မင်းအမြဲတမ်းရှေ့ကဆီးကြိုနေခဲ့တာလေ
မင်းဆီးကြိုနေတာတော့မဟုတ်လောက်ဘူးထင်ပါရဲ့
ငါ့နှလုံးသားကနေ အလိုလို
မင်းရဲ့ အမည်နာမကို ချရေးနေမိတာပဲဖြစ်တယ်.......

နှလုံးသားကထွက်ကျလာတဲ့အန်ဖတ်တွေ
တောင်လိုပုံ...ယာလိုပုံ...အဲ့ဒီတောင်ရဲ့ 
ဟို့ ........အမြင့်ဆုံးထိပ်ပေါ်တက်ပြီး
အော်ခေါ်လိုက်သလိုမျိုး........
ဟင်းလင်းပြင်တစ်ခုလုံး ပဲ့တင်သံတွေထပ်ထပ်နေခဲ့တာ
အဲ့ဒီအသံ သဲ့သဲ့လေးတော့မင်းကြားကောင်းပါရဲ့.......

ကြားတော့ကြားတယ် ငါ့အသံငါပြန်ပြန်ကြားနေရတာ
ဒီလိုနဲ့ ပဲနေ၀င် နေထွက် ပုပ်သိုးနေတဲ့ ရက်စွဲတွေကို
နေ့ တစ်ခြမ်း ၊ ညတစ်ခြမ်း ဆွဲချနေခဲ့တာ
အချစ် ၊ သံယောဇဉ် ၊ မေတ္တာတွေ
ထွက်ကျမလာခဲ့ဘူး.........

နောက်ဆုံးတော့
ရှေ့ကပင်လယ်ကြီးလှလို့ 
ကြည့်ချင်ဟန်ဆောင်နေခဲ့ရတာပေါ့
တစ်ကယ်တမ်းတော့ ငါ့စိတ်ကိုငါမျိုမျိုချနေရတာ
တစ်ကိုယ်လုံးလဲယောင်လို့ ကိုင်းလို့ .........

ခပ်မှိန်မှိန်လေး ယောင်ပြီးကိုင်းနေတဲ့
လမင်းကတောင် မပွင့်တစ်ပွင့်နဲ့ 
တိမ်တွေနဲ့ စစ်ခင်းနေလိုက်ပုံများ ကြည့်စမ်း
တိမ်တွေတောင် မြေမျိုကုန်ပြီ
ငါ့တစ်ကိုယ်လုံးလဲ စိုလို့ ရွဲလို့ ...........။


တိမ်ပြာ
၁၁.၀၅.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............