ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Tuesday, February 1, 2011

ဖေဖော်ဝါရီအတွက်ရိုးလွန်းတဲ့ ကဗျာ


မိသဲရေ.....

(၁၃) ရက်နေ့ ဆိုတာ ငါ့အတွက်

မေ့ကောင်းတဲ့အရာမဟုတ်သလို

(၁၄)ရက်နေ့ ဆိုတာကြီးကို

ငါ့အတွက်မွေးဖွားပေးပါလားကွယ်...

အဲ့ဒီမွေးဖွားပေးမဲ့ရက်ကို စောင့်မျှော်နေခဲ့တာ

ကြယ်တွေတောင် တစ်စင်းပြီးတစ်စင်း

ကြွေကျသွားခဲ့ပြီ ငါ့ဆုတောင်းမပြည့်ခဲ့ဘူး...

ငါဆုတောင်းမှားခဲ့တာတော့မဟုတ်လောက်ပါဘူး

ငါ့ဆုတောင်မပြည့်သေးတာလို့ ပဲ

ငါအကြီးကြီး မျှော်လင့်ထားတယ်....“မိသဲ”

ငါ့အရိပ်မပါပဲ ငါလျှောက်ခဲ့တဲ့ညတွေတောင်မှ

မဆီမဆိုင်ပါပဲ ကြယ်တွေနဲ့ စကားပြောဖြစ်ခဲ့သေးတယ်...

ငါ့ဝင်သက်နဲ့ ထွက်သက်တိုင်းမှာ

မင်းရဲ့ အမည်နာမလေးကို ရွတ်ဆိုနေတာ

မင်း နားလည်ရ မခက်ခဲလှပါဘူး

ခက်ခဲတဲ့ ပုဒ်စာကိုမှ ငါကရွေးတွက်ခဲ့မိတာ

ဒီတစ်နှစ်လဲ ငါ့အတွက် ခက်ခဲလွန်းနေအုံးမှာလား “မိသဲ”

မရိုးနိုင်တဲ့ နေ့ ရက်တွေရဖို့ ရိုးရိုးလေးနဲ့ 

ချစ်နေခဲ့တယ်ဆိုတာ မင်းက မယုံကြည်ဘူး...

ဟေ့...မိသဲ

မင်းကငါ့ကို မယုံကြည်ဘူး မဟုတ်လား

ငါ့အသွေး အသားထဲမှာတောင်

မင်းကို နေရာအပြည့်ပေးထားတာလေ....

ငါ့သွေးတွေ ပြောင်းပြန်စီးနေတာ

ငါ့ကိုယ်ငါတောင် မယုံဘူး

မင်းကို အဲ့လောက်ထိ ချစ်ခဲ့မယ်ဆိုတာ

မယုံနိုင်အောင်ပဲ ဟော့ဒီဘ၀တစ်ခုလုံးကို
ထုတ်ပေးခဲ့တာလေ....

ဘာတွေလိုအပ်အုံးမှာလဲ “မိသဲ”

လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ

ငါ့ရဲ့ သခင်မက မင်းပဲလေ

ငါ့ရဲ့ နှလုံးသား ဂီတသံစဉ်ကို

တစ်ချက်လောက်ငှဲ့ ပြီး ဖွင့်ကြည့်လိုက်ပါ

ငါ့ဘ၀ကို မင်းပိုင်တယ် ယုံယုံကြည်ကြည်နဲ့ ဖွင့်ကြည့်လိုက်စမ်းပါ

ခလုပ် မရှိဘူး ဆူးမရှိဘူး

အဲ့ဒီထဲမှာ မင်းအတွက် အချစ် ရနံ့ တွေပျံ့နှံ့ နေတယ်

သင်းပျံ့နေတဲ့ ရနံ့ တွေကြောင့်

မင်းရဲ့ အပြုံးပန်းတွေပွင့်နေပါစေ.....

ပြီးရင်
မင်းရဲ့ လှပတဲ့အပြုံးနဲ့ ငါ့ကို သတ်ပါ

ငါ့ကို
သတ်လိုက်ပါ “မိသဲ”

မင်းရဲ့ အပြုံးနုနုအောက်မှာ

ငါသေဆုံးပါရစေ

အကြိမ်ကြိမ် အခါအခါ
ငါသေဆုံးပါရစေ..... ။




တိမ်ပြာ
၀၇.၀၂.၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............