ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

ထွက်ပြီ ၂၀၂၀ ဇာတ်ကားကြီး


ရူပ=ရုပ်ဝတ္ထု
ဗေဒ=ခွဲခြမ်း
ဂြိုလ်များသည်
ဒြပ်ထု ဆွဲအား တွန်းအား
လျှပ်စစ် သံလိုက် ညှို့ အား
ရောင်ခြည်ဓါတ်
အခြားသော အင်အားများဖြင့်
ကမ္ဘာကြီးအားလွှမ်းမိုးထားသည် ။
ထို့ ကြောင့်
သူ၏လမ်းကြောင်းနှင့်သူလည်ပတ်နေသည် ။
လည်ပတ်နေလိမ့်အုံးမည် ။
.........................................................................................................
ဤဇာတ်ကားဖြစ်မြောက်ဖို့ အတွက်
ရင်တွင်းဖြစ်တွေလိုမယ်......
အမြင်တွေလိုမယ်...........
ခရီးသွားခြင်းတွေလိုမယ်......
..........................................
................................................
......................................................
လိုတာတွေနည်းနည်းများနေတယ်....ဒါပေမဲ့
မင်းသမီးမလိုဘူး မင်းသားမလိုဘူး
ဒီအခန်းမှာ လိုက်ကာမသုံးဘူး
မီးမောင်းမထိုးဘူး
ခေတ်ရေစီးကြောင်းကိုလိုက်ဖို့ 
ခေတ်အကြိုက် ခေတ်အလိုက်တွေကို
အိမ်မက်ထဲထိ လိုက်သွားကြတယ်
လိုက်နေကြတယ် လိုက်နေကြတယ်..........
အဲ့လိုလိုက်ဖို့ အိပ်ခန်းထဲမှာ ဖွစာမွစာကျဲလို့  ဟိုတစ်ခုဒီတစ်ခု
အကောင်းဆုံးပုံလေးတစ်ခုရွေးထုပ် လိုက်တယ်
လက်တစ်လုံးအင်္ကျီလေး သရီးစတတ်ပုံလေးနဲ့ 
ဒီလောက်ဆို မိတယ် ဘယ်ဟာပဲမိမိ မိဖို့ လိုတယ်တဲ့
မှန်ရှေ့မှာ သုံးပတ်လောက်လှည့်လိုက်တယ်...အို...လိုက်တယ်
အထာကျပြီ လျှောက်မယ် လှမ်းမယ်.......မိုက်တယ်
ကျေးဇူးပြုပြီး စိုင်းစိုင်းသီချင်းတစ်ပုဒ်လောက်ခဏငှားပါ
တောဂေါ်လီကိုဖွင့်ပေးပါ......
DJ........ နည်းနည်းလေးအသံချဲ့ ပေးပါ.......
ယိုးဒယားနဲ့ ကိုရီးယားအထာကို ကိုးရိုးကားရားလို့ လာမပြောနဲ့ 
ဒါခေတ်ရေစီးကြောင်း
မိရိုးဖလာကြီးငုတ်တုတ်မေ့ ။
ဒါထားလိုက်အုံး
လူငယ်တစ်စု ခေတ်နောက်ကိုလိုက်နေတာတဲ့
နောက်ကိုလိုက်နေတာလား နောက်ကလိုက်နေတာလား
လိုက်တော့လိုက်နေကြတယ်.......။
လိုက်တော့ထိမ်းတယ်
ထိန်းမနိုင် သိမ်းမနိုင် မဟုတ်ဘူး
ထိန်းတယ် သိမ်းတယ်
ထိန်းလို့ မနိုင် သိမ်းလို့ မနိုင်ဖြစ်နေတာ.....
ကြီးလို့ လား မဟုတ်ဘူး သေးလို့ လား မဟုတ်ဘူး
ဒါဆိုရင်ဘာလဲ ဘာမှမလဲထားဘူး ဒါကဒါပါပဲ ။
ဇာတ်အရှိန်နည်းနည်းမြင့်သွားတယ်............
ထိန်းထိန်းသိမ်းသိမ်းမှမရှိတာ
ထိန်းသိမ်းမှုမရှိတော့ကျီးထိုးတာပေါ့.....
နောက်ကလိုက်နေကြပြီ .............
လိုက်အောင်လုပ်နေတော့လဲ
လိုက်ချင်တဲ့ကောင်လိုက်တာပေါ့........
လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာတဲ့
ဘယ်ဘက်ကခံပြီး ညာဘက်ကတီးတာလား
ညာဘက်ကခံပြီး ဘယ်ဘက်တီးတာလား
ဘယ်ညာနှစ်ဖက်ပြိုင်တီးတာလား
မေးခွန်းတွေများနေတယ် အသံတော့မြည်သွားပြီ
အသံမြည်တာခြင်းတူချင်မှတူမယ်......
.....................။
ဟေ့....ဟေ့
မပြေးနဲ့ .........
ဒိုင်းညောင်းးးးးးးးးးးသံရှည်ဆွဲ...........
သေနတ်သံကြားတယ် သွားပြီတစ်ကောင် သွားပြီ........
လက်ကဖြောင့်တယ် သင်စရာမလိုဘူးနဲ့ တူတယ်
ကျသွားပြီဘယ်နားလေးလဲ သွားကြည့်လိုက်ကြ ။
ကျသွားတာသေခြာတယ် တစ်နေရာမှာဖြစ်လိမ့်မယ်
မဟုတ်ဘူး ဟုတ်တယ် မဟုတ်တစ်ဟုတ် အာာာားးးး
ဘာတွေလဲ မဖြစ်နိုင်ဘူး.....။
မိရိုးဖလာကလဲရှိနေတော့ လက်မခံနိုင်ဘူး
ဒီလိုအဖြစ်မျိုးတွေလက်မခံနိုင်ဘူး။
လက်မခံပေမဲ့လဲ................
...................................................။
ဒီလိုနဲ့ အတောင်မစုံတဲ့ငှက်တစ်ကောင်လေထဲလွင့်လာရတာပေါ့
နောက်တစ်ကောင်လွင့်လာတယ်.....
ဒီလိုချည်းပဲလွင့်လွင့်လာတော့လဲ
ဂေဟာကြီးစည်ကားတော့တာပေါ့...။
မစည်ကားတာကသူတို့ ရဲ့ ဘဝ
သူတို့ သူတို့ လေးတွေရဲ့  ကမ္ဘာပျက်သွားပြီ ။
ကမ္ဘာကြီးထဲက ကမ္ဘာငယ်လေးပျက်စီးသွားပြီ ။
စကားကြီး စကားကျယ်ပြောရင်လူမုန်းမယ်.....
ကဒ်...ကဒ်...ကဒ်
ခင်ဗျာရင်ဘတ်ကြီးထဲ ကပ်ကြည့်လိုက်
ဒါကျောက်ခေတ်ကိုသွားနေတဲ့နိယာမ
၂၀၂၀ကြီးကလိုပါသေးတယ် မလိုတာတွေကများများလာပြီ....။
half pan တွေ short pan တွေ emo တွေ
ကြိုးတစ်ချောင်းတွေ ကြိုးနှစ်ချောင်းတွေနားထားလိုက်အုံး ။
ကမ္ဘာပျက်တဲ့ဆီသွားမယ် ..........
ကမ္ဘာကြီးပျက်တဲ့ဆီမရောက်သေးပါဘူး
သူတို့ ကမ္ဘာပျက်နေခဲ့ပြီ ။
ကမ္ဘာကြီးပျက်တယ်ဆိုတာဘယ်မှာလဲ
ဒီကမ္ဘာလေးထဲခဏ၀င်ကြည့်လိုက်.....
လူတစ်ယောက်ကမ္ဘာတစ်ခုရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်
အဲ့ဒီကမ္ဘာဟာ နွေးထွေးလိမ့်မယ် အေးချမ်းလိမ့်မယ် သာယာလိမ့်မယ်
ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်...။
သူတို့ က အမေကိုချစ်တယ် အဖေကိုချစ်တယ် ပြောဖို့ ကို
သုဘရာဇာနဲ့ စကားသွားပြောဖြစ်ကြတယ်တဲ့လေ......
.............................................................................................။
မဆီမဆိုင်ပါပဲအဲ့နေ့ ညကပဲ တစ်ခါမှ မပြောဘူးသေးတဲ့ စကား အဲ့စကားကို
ကျွန်တော် လမင်းကြီးကို ချစ်တယ်လို့ ပြောဖြစ်လိုက်တယ်
လမင်းကြီးကငိုသံနဲ့ ကျွန်တော့်ကိုစကားပြောတယ် ကျွန်တော့်ရင်တစ်ခုလုံး
အပျော်တွေနဲ့ နှိုင်းမရတဲ့အပျော်တွေနဲ့ ပေါ့ဗျာ.........။
ခင်ဗျာတို့ လဲ ပြောကြည့်ပေါ့ဗျာ ပြောဘူးသူတွေကတော့သိနေပါလိမ့်မယ်.......
...................................................................................................................
လမင်း၏အလင်းရောင်သည်အေးမြ၏။
အေးမြသည့်အလင်းရောင်သည်..............၌သာတည်ရှိ၏။
ကောင်းကင်နဲ့ မြေကြီး
ဆုံတဲ့ခိုက်
ရှင်သန်မှုတစ်ခုဖြစ်တည်အုံးမည်
ထိုရှင်သန်မှု
ရိုးမြေကျဖြစ်ပါစေသတည်း။
အညတရ
တိမ်ပြာ
၀၁.၀၈.၂၀၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............