ဝမ်းနည်းမှတ်တမ်း
ရွှေမြန်မာပြည် ၊ သာယာလှ၏
တောတောင်ရေမြေ ၊ စိမ်းလန်းစိုပြေ
ပေါများလို့ နေ ၊ သဘာဝရွှေငွေ
လှပတင့်တယ် ၊ ရွှေမြန်မာပြည်
အဘယ်မှာမရှိ
မင်းတုန်းရယ်လို့  ၊ နမိတ်ဖတ်
မင်းမျိုးတုံးခဲ့ ၊ ရွှေမြန်မာပြည်
သီပေါပါလို့  ၊ မျက်ရည်ယို
အပ်ခဲ့ရသည့် ၊ တိုင်းတစ်ပါးရယ်
မင်းမဲ့လို့ နေ ၊ တစ်ပါးလက်အောက်
ခံခဲ့ရသည့် ၊ ဒို့ သူတွေရင်
ကြေကွဲဆို့ နင့် ၊ တစ်ပါးလက်အောက်
သူ့ ကျွန်မခံ ၊ မျိုးချစ်စိတ်ဖြင့်
ဟစ်အော်ကြွေးလို့  ၊ တစ်ခေတ်ထူထောင်
အောင်ဆန်းနှင့်တူ ၊ တိုင်းရင်းပေါင်းတို့ 
သက်စွန့် ဆံဖျား ၊ သွေးနဲ့ ရင်းကာ
လွတ်လွပ်ခဲ့ရ ၊ ရွှေမြန်မာပြည်
ပုတီးတစ်ဖက် ၊ စစ်လက်နတ်နဲ့ 
မသမာဒိတ်ဌိ ၊ ပေါင်းကာကြံလို့ 
ရက်စက်သတ်ဖြတ် ၊ လူမဆန်ခဲ့
ဆုံးရှုံးရသည့် ၊ လွတ်လွပ်ဖခင်
ဘယ်မှာရှာလို့  ၊ ရလိမ့်မည်နည်း
ဘယ်မှာရှာလို့  ၊ တွေ့ ရမည်နည်း
***ဘယ်မှာရှာလို့ ***
***ဘယ်မှာရှာလို့ ***
***ဘယ်မှာရှာလို့ ***
***ရနိုင်မည်နည်း***
............................................................................................................................
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်
လျှောက်နေတဲ့လမ်းကို
လှည့်မကြည့်ပါနဲ့  လှည့်မကြည့်ပါနဲ့ 
ငြိမ်းချမ်းစွာနဲ့ တည်နေပါစေ
စိတ်ချသည်ဖြစ်စေ စိတ်မချသည်ဖြစ်စေ
စိတ်ချလက်ချ ထားသွားပါ
ကောင်းရာသုဂတိ
ကောင်းရာလမ်း
ကောင်းရာဘုံ၌သာ
တည်ပါစေ
တည်နေပါစေ
တည်မြဲနေပါစေသား...
..
....
.........
.................
............................
.....................................
...............................................
တိမ်ပြာ
၁၉.၀၇.၀၉