ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Wednesday, February 9, 2011

မညီမျှခြင်းရဲ့ မြစ်တစ်စင်း


နင်နဲ့ ငါဟာ
မြစ်တစ်စင်းရဲ့ဘေးမှာနေတာချင်းတူတယ်...


ဒါပေမဲ့ - - -
တစ်ယောက်တစ်ဘက်စီ........။


ငါရှိနေမှန်းသိလျက်နဲ့
နင်ကူးမလာခဲ့ဘူး.......


မြင်နေရတယ်ဆိုရုံသာ
အာရုံတွေေ၀၀ါးရင်း...
လျို့ဝှက်ချက်တွေနဲ့
နေ၀င်သွားခဲ့တယ်....။


တားမြစ်ချက်တွေနဲ့
လွဲချော်နေတဲ့ဆုံမှတ်တစ်ခု
ပညတ်ချက်တွေနဲ့သာ......


ဝင်ရိုးစွန်းတစ်ဖက်စီ ဝေးသွားရင်း
ချစ်ခဲ့သမျှအရာအားလုံးကို
မနေ့တစ်နေ့ကရက်စွဲထဲမှာပဲ
သိမ်း ထား လိုက် တော့ မယ် - - - ။ ။


ဝှက်ထားတဲ့ ၀ှက်ဖဲတစ်ချပ်ကကြေးကြီးတယ်
အဲ့ဒါ တစ်ဘ၀လုံးပဲလေကွယ်.....

အရာအားလုံးဟာ မနေ့ တစ်နေ့ ကလို့ ဆိုပေမဲ့
မနက်ဖြန်များစွာရှိနေအုံးမယ်...ရှိနေလိမ့်အုံးမယ်...

စီးဆင်းနေတဲ့ မြစ်တစ်စင်းကို
ဒေါင်လိုက်ပဲဖြတ်ဖြတ် အလျားလိုက်ပဲဖြတ်ဖြတ်
စီးဆင်းနေတဲ့ ရေမျက်နှာပြင်ရဲ့ 
လှိုင်းသာ ရိုက်ခတ်သွားခဲ့တာလေ
ကြီးမားတဲ့ဆွဲငင်အားကြောင့်
အဲ့ဒီမြစ်ပြင်ထာဝရ စီးဆင်းနေအုံးမယ်....


စက္ကန့် နဲ့ အမျှတိုက်စားနေတဲ့ လှိုင်းဒဏ်ထပ်
ပြိုကျနေတဲ့ မိုးရည်ကြောင့် အဲ့ဒီကမ်းပိုပိုပြိုတယ်
ဒီလိုနဲ့ ပဲ နောက်ဆုတ် ပြန်ထိုင်လိုက်ရတာပေါ့....


အဲ့ဒါ ဝေးကွာခြင်းလို့ ထင်နေပေမဲ့ အမှန်တော့
မြစ်တစ်စင်းရဲ့ အင်အားပိုကြီးလာတာပဲ....


ဒီမြစ်ထဲမှာပဲရွက်လွင့်ချင်ခဲ့တာလေ
ဒါပေမဲ့................................
နင်ပိုင်တာက လှေ ငါပိုင်တာက ရွက်
ရွက်နဲ့ လှေ ပေါင်းမှ
ရွက်လှေတစ်စင်းဖြစ်ကောင်းဖြစ်လိမ့်မယ်(သို့ သော်)
နင်နဲ့ ငါက တစ်ဘက်ကမ်းဆီမှာ......


မြစ်ရေပြင်ကစီးဆင်းနေခဲ့ပြီလေ
အစက ပြန်စဖို့ရာ
ဘယ်သူမှ အခွင့်အရေးမရှိတော့ပေမဲ့
အဲ့ဒီမြစ်တစ်စင်း ဆက်၍စီးဆင်းနေဦးမယ်.......။




တိမ်ပြာ& နွယ်ရှင်
၀၁.၀၄.၀၁

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............