ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, July 18, 2011

ဘေးတိုက်ကန့် လန့် တွားသွားနေသောဂဏန်းတစ်ကောင်၏မိုင်တိုင်

မိုင်တိုင်


(က)
ဒီလိုနေ့ မှာ
ဟစ်အော်လိုက်တဲ့ အသံတွေက
ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့
မြစ်ရိုးတစ်လျှောက် ပွက်ပွက်ညံလို့ 
မြောက်မြို့ ရိုးကြား တည်တဲ့မှတ်ကျောက်
နောင်လာဘယ်ခါ တည်စေသောဝ် ။
(ခ)
ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက် အငွေ့ ပြန်ခဲ့
တိုက်စားသွားတဲ့ ဖိနပ်တွေမှာ သည်းကြိုးမပါ
ပေါလောမျောတဲ့ ရှင်သန်ခြင်းက
ဝေေ၀၀ါးဝါး ဘယ်သောင်မြင်လို့  ဘယ်စခန်းကပ် ။
(ဂ)
ပညတ်ချက်တွေ ကစဥ့်ကလျား
တောင်တစ်စင်နဲ့  မြောက်တစ်စင်ကွဲ
ရှေ့ ကရောင်နီ ကွယ်လုနည်းနည်း
အထားအသို မကျတဲ့ဝါကျ ။
(ဃ)
အိပ်မက်တွေနဲ့ ပြီးခဲ့လေလား
ငါ့ကိုယ်ငါမေး ဟင်းလင်ပြင်ထဲ
တ၀ုန်းဝုန်းနဲ့ တောက်လောင်ကျွမ်းလို့ 
သောကတွေနဲ့ ပင်လယ်ဝေခဲ့ ။
(င)
စိမ့်စမ်းရေ ချော့တေးသီတဲ့
ချောင်းငယ် မြစ်ရေ ပင်လယ်ဝေ
ကျေးငှက်တောင်စုံ ပျံသန်းခဲ့ပေါ့
မြို့ ၊ရွာသစ်ဆီ...။
(စ)
တစ်စတစ်စ အသိုက်ပျက်ည
ငါနဲ့ ငါ တထပ်တည်း ကျသယောင်ယောင်
ငါ့စိတ်နဲ့ ငါ ကွာရှင်းပြတ်စဲ
ညနက်နက်ထဲ ငါလျှောက်နေဆဲလား....။



တိမ်ပြာ
၁၉.၀၇.၁၁

Monday, April 11, 2011

တစ်ခြမ်းပဲ့ "လ" နဲ့ ဒေလီယာ


အိုး...ဒေလီယာ
လက်ခုပ်ဆိုတာ တဖက်တည်း တီးလို့ 
မမြည်ဘူး မဟုတ်လား
စည်း ၀ါး မပါတဲ့ တေးသွားတွေက
အနာဂတ်တွေကို ခြောက်လှန့် နေသလို
အိပ်မက်တွေနဲ့ ပဲပြီးဆုံးနေခဲ့တယ်လေ ။

အိပ်မက်ဆိုတာ
အိတ်ကပ်ထဲထည့်ထားလို့ ကောင်းတဲ့အရာမှ မဟုတ်တာ
အနာဂတ်ကို လက်တွေပြဖို့ 
ဟော့ဒီခြေထောက်မှာ တွယ်ကပ်နေတဲ့
အမြစ်တွေကို မြေလှန်ပေးစမ်းပါလား ဒေလီယာ ။

ဟို့ .....ရှေ့မှာ
အပြာရောင်နေ့ ရက်တွေ သိပ်လှနေတယ်
အဲ့ဒီလိုပဲ မင်းအပြုံးပန်းတွေကလဲ
သိပ်လှနေတယ် ဒေလီယာ
မင်းရဲ့ အပြုံးပန်းပွင့်ဖို့ ဆိုရင် သောကမပါပဲ
ဟော့ဒီ ငါ့နှလုံးသားနဲ့  ရေလုပ်လောင်းရဲတယ်
အဲ့ဒီအတွက် မင်းရဲရဲကြီးပွင့်လိုက်စမ်းပါ ပွင့်ပြစ်လိုက်စမ်းပါ ။

အသက်ဝင်လာတဲ့မီးတောင်ဟောင်းရဲ့
ရှူရှိုက်နေတဲ့အသံက နေ ၀င် ၊ လ ထွက်
မြည်ဟည်းလာခဲ့တာ ဘယ်သူ့ ကြောင့်လဲဆိုတာ
မင်းသိကောင်းပါရဲ့ ။

တစ်ကယ်တော့ တို့ တွေ ထင်ထားသလောက်
ဘ၀ဟာ မရှည်လျားဘူး ဒေလီယာ
မိုးကုပ်စက်ဝိုင်းဟာ ကျယ်ပြန့် မလိုလိုနဲ့ 
တစ်ကယ်တော့ မျက်စိလေးတစ်ဆုံးပါပဲ ။

ဝေေ၀၀ါးဝါး တောင်တန်းတွေပေါ်က
မြူခိုးတွေကို နေရောင်ကျဲကျဲ ဖြန့် ကြဲချလိုက်သလို
ခဏလေးပါပဲ ခဏတာလေးပါပဲ
ဖြစ်လွယ် ပျက်လွယ်နေခဲ့တယ်လေ
ကိုယ့်စိတ်ကို ကိုယ်ပြန်မျိုမျိုချနေရတာ
ခွန်အားမဲ့လွန်းပါတယ် ဒေလီယာ ။

စက္ကန့် တံလေး ပြေးနေတာ
ငါတို့ တွေ မလိုက်နိုင်ကြဘူး မဟုတ်လား
ခြေရာတွေကို နောက်ပြန်ပြန်နင်းနေရင်
ဟန်ချက် မညီဘူးလေ ဒေလီယာ ။

ကြည့်စမ်းပါဦး
ဟို့ ......တောင်တန်းပေါ်က
ထင်းရှူးပင်တွေ တစ်ပင်နဲ့ တစ်ပင်
ရှက်ကိုးရှက်ကန်း ယိမ်းနွဲ့ လို့ 
လေညင်းလေးတွေနဲ့ ပျော်မြူးနေတာ
အားကျလိုက်တာ ဒေလီယာ ။

လျှံကျလာတဲ့ စကားလုံးတွေကို
ပင့်ကူအိမ်ထဲက ချည်နှောင်မှုက
လေထဲမှာပဲ
လွှင့်စဉ်သွားမလားလို့  ကိုယ့်ကိုယ်ကို
အားငယ်နေမိတာကလွဲလို့ 
အင်အားကြီးမားနေခဲ့တယ် ဒေလီယာ ။

ခြောက်ခြားနေတဲ့ အနာဂတ်က
ငါ့ကို ပြန်ပြန်ပြီးခြောက်လှန့် နေတယ် ။

အရိပ်တွေတိုင်းမှာ မင်းလို့ ထင်နေခဲ့တာ
တစ်ကယ်တော့ မင်းရဲ့ပုံရိပ်တွေက
ငါ့ကိုလွှမ်းမိုးနေခဲ့လို့ ပဲလေ ။

အပြုံးတစ်ဝက်နဲ့ 
မရဲတစ်ရဲ ပွင့်ပြီး အသက်ရှူကျက်စားရတာ
ခေတ်နောက်ကျနေသလို
ငါ့ဘ၀ မကျယ်ဝန်းသေးဘူး ဒေလီယာ ။

ဒါပေမဲ့
တိုင်းတာလို့ မရတဲ့ ချစ်ခြင်းတရားတွေက
ကျယ်ပြန့် နေခဲ့တယ်
ဘာကြောင့်လဲဆိုတာ
မင်းဖြေပေးပါ
ဖြေပေးပါ ဒေလီယာ ။







တိမ်ပြာ
၁၁.၀၄.၁၁














Friday, April 8, 2011

ကြယ်တစ်ပွင့်ရဲ့ စာမျက်နှာ







အပြိုင်းအရိုင်းထနေတဲ့ သစ်အိုပင်ရဲ့
ရာသီထဲကို
နှင်းပွင့်တွေ ပန်လာတော့...
ကန္တာရ လွင်ပြင်မှာ
စူးစူးဝါးဝါး ကြယ်တစ်စင်း ပွင့်တယ် ။

မဟူရာညနက်တွေထဲမှာ
ငှက်ဆိုးတွေရဲ့ ညည်းတွားသံနဲ့ အတူ
တွားသွားနေရတဲ့
ကောင်လေး တစ်ယောက်ရဲ့ရင်ထဲကို
ငွေမှုံတွေ တိတ်တဆိတ်
ဖြန့် ကြဲချလိုက်တော့
မနက်ဖြန်ရဲ့ ရောင်နီကို
ခိုးခိုးကြည့်နေ့ ခဲ့မိတယ် ။

အသည်းအသန် ငါလိုက်ရှာနေတဲ့
သစ္စာတရားနဲ့ ချစ်ခြင်းတွေက
မင်းဆီမှာရှိနေမယ်ဆိုတာကို
မနက်ဖြန်ရဲ့ ပြက္ခဒိန်တိုင်းမှာ
ငါရေးထိုးထားလိုက်ချင်ရဲ့ ။

ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်
နောက်ဆုံးချိန်ထိ
တခမ်းတနား ဖြတ်ပြေးသွားတဲ့
ကြယ်တစ်ပွင့်ရဲ့ အလင်းတန်းလိုမျိုး
ရေဆုံး မြေဆုံး
ဟို့ ..... အဆုံးထိ

လျှောက်လှမ်းနေလိုက်မယ် ။

ငါ့မှာဘယ်သူမှ မသိမ်းပိုက်ရသေးတဲ့
နှလုံးသားတစ်ခုရှိတယ်
အဲ့ဒါကို မင်းသိမ်းပိုက်ပေးပါလို့ 
ခခယယပြောချင်တယ် ။

"ကံ"က ငါ့ကိုမယုံသလို
ငါကလဲ "ကံ" ကိုမယုံကြည်ပြန်ဘူး
ငါ့ကိုတော့ မင်းယုံကြည်မှု
ရှိနေစေချင်တယ် ။

ငါ့ရဲ့ သစ္စာတရားနဲ့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာလေ
ရိုးရိုးလေးပဲပြောမယ်
ဟို့ ...ကမ္ဘာဦးစကလိုပဲ ချစ်တယ်
ချစ်နေတယ် ။


ယောင်ယောင် မှားမှားနဲ့ 
ငါ့ အသွေးအသားထဲမှာ ရှိနေမယ်ဆိုရင်
အဲ့ဒီသွေးကို မင်းကိုယ်တိုင်ဖောက်ထုတ်လိုက်
ရော့..........ဒီမှာ ငါ့ရဲ့
သစ္စာတရား ။

မင်းအတွက်
ငါ့နှလုံးသားရဲ့ အငွေ့ပြန်မှုတွေက
ဘယ်တော့မှမခြောက်ခန်းဘူးဆိုတာပဲ ။

သွေးပျက်နေတဲ့ ငါ့ရဲ့စာမျက်နှာရဲ့
သွေးလွတ်ကြောနဲ့ သွေးပြန်ကြောတွေက
မင်းကြောင့်ရပ်တည်လာခဲ့တာ
ငါ့ကိုရူးတယ်လို့ ပြောချင်ပြောစမ်းပါစေ
ငါအဆုံးကုန်ထိ ရူးစမ်းပါရစေ ။

အရာရာတိုင်းဟာ မလှပနိုင်သလို
ငါ့ဘ၀ဟာလဲ
ပြောင်းပြန်တေးသွားတွေ ရှိနေလိမ့်ဦးမယ်
ပညတ်ချက်တွေရဲ့ လောကထဲမှာ
မင်းတစ်ယောက်ကလွဲလို့  ဘာကိုမှ
ငါ မမက်မောဘူး ။

မင်းရဲ့မွေးရာပါ အလှက သိပ်လှတယ်
မင်းရဲ့စိတ်လေး သိပ်လှတယ်
လှတယ်...လှတယ်...လှတယ်
အရာအားလုံးဟာ လှပနေတယ်
ငါ့ရဲ့ မသိစိတ်ကိုပါ
မင်းဖမ်းစားနိုင်အောင် လှတယ် ။

မင်းရဲ့ စာမျက်နှာနဲ့ ငါ့ရဲ့ စာမျက်နှာကို
လက်ထပ်ပေးချင်ခဲ့တာ
မဆုပ်မပြဲအောင် အဖုံးချုပ်
အဲ့ဒီထဲမှာတို့ နှစ်ယောက်ရဲ့
ချစ်သ၀ဏ်လွှာကို
ကမ္ဗည်းထိုးထားလိုက်ချင်ရဲ့ ။

ဟော့ဒီကမ္ဘာကြီးဟာ
ချစ်ခြင်းတရားတွေနဲ့ တည်ဆောက်နေခဲ့တာလေ
ငါ့ဘ၀ရဲ့ဖြတ်တည်မှုဟာလဲ
မင်းရဲ့ သိမ်မွေ့ နူးညံ့ခြင်းတွေနဲ့ ပဲ
ရိုးမြေကျနေလိုက်ချင်တယ် ။






တိမ်ပြာ
၀၇.၀၄.၁၁

Wednesday, March 30, 2011

"ဘ ၀" နဲ့  "မြေ ဇာ"

" ဘ ၀ "






ဘ ၀----------ရှင် သန် ခြင်း
ဘ ၀----------ရှုံး နိမ့် ခြင်း
ဘ ၀----------အောင် မြင် ခြင်း
ဘ ၀----------သေ ဆုံး ခြင်း

မေ တ္တာ တန် ခိုး ရှင် ..... ငါ့ ကို မွေး ဖွား
သု ည ခြေ လှမ်း ..... တစ် လှမ်း နှစ် လှမ်း
ထို ရှင် သန် ခြင်း ..... ပျိုး ကြဲ ပေါင်း သင်
ပြည့် လျှက် အား အင် ..... ဆင် ခြင် စဉ်း စား
မ ကျ ရိုး မြေ ..... ရိုး ရိုး တန်း တန်း
ရို သေ ကိုင်း ညွတ် ..... တန် ခိုး ရှင် နှင့်
အ ခမ်း နား ဆုံး ..... ရှင် သန် ခြင်း ဖြင့်
အ ဖွင့် အ ပိတ် ..... ရိုး မြေ ကျ စေ ။

ပျံ သန်း နေ တဲ့ ငှက် တစ် ကောင်
အား အင် နဲ့  ပျံ သန်း မှု
လေ ဟုန် နဲ့  ပျံ သန်း မှု
ဖြစ် ပေါ် လာ မဲ့ တဲ့ ရာ သီ ဥ တု
ဖြစ် တည် နေ တဲ့ ရာ သီ ဥ တု
ဖြစ် ခဲ့ ပြီး တဲ့ ရာ သီ ဥ တု
ပူ ချင် ပူ အေး ချင် အေး
မုန် တိုင်း ဖြစ် ဖြစ် လေ ပြေ ဖြစ် ဖြစ်
လို နေ တဲ့ အောက် ဆီ ဂျင်
နှစ် ခု လုံး မှာ ရှိ နေ တယ်
ကြမ်း တမ်း သည် ဖြစ် စေ
နု ညံ့ သည် ဖြစ် စေ
ငါ ရှေ့ ဆက် ရ ဦး မည် ။

ရပ် တည် နေ တဲ့ ခြေ လှမ်း
ရပ် တည် ခဲ့ တဲ့ ခြေ လှမ်း
ရပ် တည် ရ မဲ့ ခြေ လှမ်း
အ ချိုး အ စား တွေ ညီ မ လို လို နဲ့ 
လေ ထဲ မှာ ဓါး တွေ ကို
ဟို လို လို ဒီ လို လို နဲ့ ဝှေ့  ရမ်း နေ ခဲ့
တစ် ခါ တစ် လေ တော့ လဲ
စ ကား လုံး ဖောင်း ပွ မှု မ ဟုတ် တဲ့
ကြီး မား တဲ့ စ ကား လုံး ကြီး နဲ့ 
ကိုယ့် ကိုယ် ကို အ ထာ ကျ နေ ပြန် ရော ။

ဒီ လို နဲ့ 
လျှောက် လာ လိုက် တာ
ဘ ၀ ဟာ တိုက် ပွဲ ဆို ရင်
ဒီ တိုက် ပွဲ ရဲ့ အောင် မြင် မှု
ဒီ တိုက် ပွဲ ရဲ့ ရှုံး နိမ့် မှု တွေ က
ကိုယ့် ကိုယ် ကို သိ သ လို လို နဲ့ 
မ မြဲ သော တ ရား တို့  မြဲ လေ တော့
ရှုံး နိမ့် သွား တာ ချည်း ပဲ ။

ထောင် ထဲ ၀င် သွား သည် ဖြစ် စေ
ထောင် ထဲ က ထွက် လာ သည် ဖြစ် စေ
လာ လာ သ မျှ
မည် သို့  မည် ကာ ဖြစ် စေ
လော က ဓံ အ နိမ့် အ မြင့် တို့  နဲ့  ရင် ဆိုင်
လျှောက် လှမ်း ရ ဦး မည် ။

ရောက် လာ တဲ့ ဘ ဝ
မ လျှောက် လှမ်း လို့  မ ရ
မ လျှောက် နိုင် တဲ့ ဘ ဝ
အ ရောက် နိုင် တဲ့ ဘဝ
ဘ ၀ ဟာ လျှောက် လှမ်း ခြင်း
သင် ယူ စ ရာ မ ကုန် တဲ့ ကျောင်း တော်
တွေး လေ လေ ဝေး လေ လေ ဆွေး မ နေ ။


တိမ်ပြာ




" မြေ ဇာ "

ကျ ရာ အ ရပ်
မှေး တွယ် ကပ် လဲ
ခပ် မွဲ မွဲ နဲ့ 
ခပ် ယဲ့ ယဲ့ ရှင်
နွဲ့  ချိန် ပင် မ ရ ငြား
အားးးးးးးး
မ လှုပ် ကြ ပါ နဲ့  လား.....၊
ပါး ပါး ပဲ ပုတ် ပုတ်
တုတ် တုတ် ပဲ ဖြတ် ဖြတ်
ခတ်, ပြ လိုက် တိုင်း
ငတ် ရ ရှာ တာ အ နှိုင်း မဲ့ ပါ၊
ငါး ဖြာ ရန် သူ
"ကပ်" က ထူ သေး
"လေး သွယ် ဓါတ်" ပျက်
နင်း, တက် ခြင်း၊
တက် နင်း ခြင်း "ခံ" အ တွက်
ပု ခက်, လဲ မ လွှဲ နိုင်
အ သက် တည်း တည်း ကိုင် ထုပ်
မြုပ် ပြီး ရင်း မြုပ် ချက်
နက် ပြီး ရင်း နက် သွား
အားးးးးးးး
မ လှုပ် ကြ ပါ နဲ့  လား ဗျာ / ရှင် ... တို့ ။


မောင်လူပိန်း

တိမ်ပြာ & မောင်လူပိန်း

၂၈.၀၃.၁၁

Sunday, March 27, 2011

ညီမလေးအတွက်မွေးနေ့ လက်ဆောင်



H

A
P
P
Y
B I R T H D A Y
C
H
A
N
NGE
L
A
Y


ညီမလေး Chan Nge Lay အတွက်မွေးနေ့ လက်ဆောင်
၂၈ ရက်နေ့ တွင်ကျရောက်သည့် မွေးနေ့ မှစ၍
အသက် ၁၂၀ တိုင်အောင်ရှည်စေသောဝ်
အပူအပင်ကင်းဝေးပြီး ပျော်ရွှင်သော မိသားစုလေးနဲ့ အတူ လျှောက်လှမ်းနိုင်ပါစေ

၁ နှစ်.....
၂ နှစ်.....
၃ နှစ်.....
နှစ်.....
နှစ်......
နှစ်တွေထဲမှာ

ရေရေရာရာ / မရေမရာ
ရောထွေးမှုတွေနဲ့ လောကဓံကြီးထဲမှာ
ရှိနေလိမ့်ဦးမယ်.....။
ရေရာသည်ဖြစ်စေ မရေရာသည်ဖြစ်စေ
လျှောက်လှမ်းနေရလိမ့်ဦးမည်.......။
မိုင်တိုင်တွေ အထပ်ထပ်ဖြတ်သန်း
လောကဓံကြီးကို အန်တုဖို့ မလိုဘူး
တစ်လှမ်းနဲ့ တစ်လှမ်းညီအောင်လျှောက်
နွေနွေ မိုးမိုး ဆောင်းဆောင်း
မင်းခံနိုင်ဖို့ ပဲလိုမယ်....။
လောကဓံထဲမှာ
" ဓါး " ပါချင်ပါမယ်
" မြား" ပါချင်ပါမယ်

မင်းရှောင်တတ်ဖို့ လိုမယ် ။
လောကဓံထဲမှာ
" တရား " ပါချင်ပါမယ်
" အား " ပါချင်ပါမယ်

မင်းဆောင်တတ်ဖို့ လိုမယ် ။
မီးအိမ်ဟာ
မင်းဖြစ်နေသလို
မီးစာဟာလဲ
မင်းပဲဖြစ်နေပြန်တယ်
ဒါပေမဲ့
မီးဆီကိုတော့
မင်းလိုအပ်နေလိမ့်ဦးမယ်.....။

အရာအားလုံး
ရှေ့သွား
နောက်လိုက်
ညီပါစေ။


တိမ်ပြာ
၂၈.၀၃.၁၁

Sunday, March 20, 2011

“““နွေ”””




နွေ

သြော်.....နွေတဲ့လား

သစ်ရွက်တွေခြွေမှ

နွေ ပီသမတဲ့လား

ဥသြငှက်ရင်ကွဲ သံစဉ်ဆိုမှ

ချိုမြမြ လွမ်းရမတဲ့လား

ဘယ်တော့ဖြစ်ဖြစ်

သစ်လွင်နေတယ်

ဟော့....ကြည့်စမ်း

ရိုးတံကြဲကြဲ ကိုင်းကြားကနေ

ချွန်မြမြ ရွက်နုတွေ ဝေလို့ ...ဝေလို့ 

နွေကို အံတုနေတာ

ဥသြငှက် တေးသီလို့ 

ကံကော်တို့ တောင် နိုးထကြပြီ

မကြာမှီ....

အနောက်လေ မိုးစက်ပွင့် အကျဲမှာ

ပန်းပိတောက်တွေ တစ်ဝေေ၀နဲ့ .....ပွင့်တော့မယ်

ငါ့အလွမ်းတွေ ဝေလို့ ....ကြွေလို့ 

တစ်နွေပြီး တစ်နွေ

ငါ့ကို ဖြတ်ကျော်နေခဲ့

ဖြတ်ကျော်ခဲ့တဲ့ ခြေလှမ်းတွေက

ထူလို့  ပူလို့ 

ဖြတ်သန်းလာခဲ့တဲ့

နွေ.....နွေ.....နွေ

ဒီနေ့ နွေနဲ့  မနက်ဖြန်နွေက

ငါ့နှလုံးသား မီးတောင်ကိုပိုလှုပ်ခတ်စေခဲ့

ဖြန်းပက် နေတဲ့ ရေတွေက

ငါ့ကိုယ်ပေါ် အလွမ်းမိုးတွေရွာချသလို

လွှမ်းမိုးလို့ 

လွမ်း.....လွမ်း...လွမ်း

ငါ့

လွမ်း

မေား

လို့ 





တိမ်ပြာ &နောင်းမိုးခန့် 

Saturday, March 19, 2011

အရိပ် ငွေ့






မြောက်ပြန် လေတွေ

ဆူဝေတဲ့ နေ့က

ထာဝရ သော့ခတ်ထားတဲ့

ရင်ခွင် တံခါး ကို ဆွဲဖွင့် မိလိုက်တယ်

နှလုံးသား တခုလုံး ဟာလာဟင်းလင်း

ရင်ခုန် နှုန်းတွေက ခုန်တော့မလိုလို

ရင်ခုန်သံ တွေဘဲ ရပ်တန့်တော့မလိုလို

ဘယ်ဆီများလည်း

မပြောမဆို

တမြေ့မြေ့ ဆွေးရိပ် တိမ်တွေ

ခုချိန်သာဆို

တေလေတယောက်

ဘယ်ဆီမှာ ဖြေရာဖျောက် မသိပေမယ့်

မြေဝပ်ငှက် ကလေး ကတော့

ငါ့နှလုံးသား မျက်ခင်းပြင် ထဲမှာ

ဘဝဟောင်းရဲ့

ရေပြင်အောက် အမှောင်ထုမှာ

အချစ်ကြိုး မဖြတ်ရသေးတဲ့ နွယ်ရှင်တွေ

လန့်နိုးရစ်ပတ်နေကြ

ငါ့နားစည်ထဲမှာ

နင့်ရဲ့ခေါ်သံ သဲ့သဲ့ ကြားရတယ်

အစုတ်ပလုပ် မလေးရေ.....တဲ့

ငါယောင်ပြီ ထထူမိတယ်

ကောင်စုတ် တဲ့ သတိတရပေါ့

အဲ့လိုနဲ့

လေထဲ မင်းနာမည်

ငါရေးခဲ့တယ်

(.....)




လတ်
(၂၄-၁၂-၀၉ )

Thursday, March 3, 2011

မျက် လှည့်










ဒီ ပွဲ မှာ ကျွန် တော် က

မျက် လှည် ဆ ရာ

မ ဟုတ် သ လို

ပွဲ ကြည့် ပ ရိတ် သတ် လဲ

မ ဟုတ် ပြန် ဘူး

သို့ ပေ မဲ့

အ နီ ရောင် ကန့် လန့် ကာ ကို

စ ဖွင့် လိုက် က တည်း က

ကျွန် တော့် ရင် ဘတ် ကို ခင် ထား ခဲ့ တယ်

ရောင် စုံ မီး ရဲ့ အောက် မှာ

ခမ်း နား ထည် ၀ါ တဲ့

အ နက် ရောင် ၀တ် ရုံ လွှာ

ဝတ် ဆင် ထား တဲ့ သူ မ က

ကျွန် တော့် ရင် ဘတ် တစ် စုံ နဲ့ 

သူ မ ရင် ဘတ် တစ် စုံ ပေါင်း ပြ ဖို့ 

သူ မ ရဲ့ မှော် အ တတ် ပ ညာ နဲ့  ပြု လုပ် လိုက် တယ်

ထို့  နောက်

စူး ရှ တဲ့ အ ကြည့် တစ် စုံ ရဲ့ အောက် မှာ

ကျွန် တော် ပြောက် ဆုံး သွား ခဲ့ ပြီး

သူ မ တစ် ယောက် တည်း ဖြစ် လာ ခဲ့ တယ်

ဇာတ် ၀င် ခန်း ရဲ့

လှည့် ကွက် အ ပြီး မှာ

လက် ခုပ် အ သံ နဲ့ အ တူ

သူ မ ကျွန် တော့် ရင် ဘတ် တစ် ခြမ်း ကို

ပြန် ခွဲ ပေး ခဲ့ တယ်

တုန် ယင် နေ သော အ သံ နဲ့ 

လေး လံ နေ တဲ့ စ ကား လုံး တွေ ကို ကျွန် တော်

ကောင်း ကင် ပေါ် ပစ် တင် လိုက် တော့

ပြန်

ကျ



လာ

တော့

ဘူး............။

ကျွန် တော့် မျက် လုံး ကို

သူ့ ..................လှည့်

လက်...................................လိုက်


နဲ့ .......................................................တယ်







တိမ်ပြာ
၀၃.၀၃.၁၁

Sunday, February 13, 2011

သက်ဝင်ခဲ့သော ဖေဖ၀ါရီရဲ့ အလွမ်း(သို့ မဟုတ်)ရင်ခုန်သံ







မိသဲရေ.....
ငါ့ရင်ဘတ်ထဲက တောင်ပုံယာပုံ
အန်ဖက်တွေကို
ဖွင့်အန်ချလိုက်ပြန်ပြီ......။


သုံးရာသီလွန်မြောက်ခဲ့ပေမဲ့
မနေ့ တစ်နေ့ ကလိုပဲ
ပေးခဲ့တဲ့ စကားလေးနှစ်ခွန်းက
ငါ့ရင်ဘတ်ထဲမှာချည်နှောင်ထားတယ်
အဲ့ဒီကြိုးကြောင့် အနာဂတ် မီးအိမ်လေး
လင်းလက်နေခဲ့တာပဲ မိသဲ.....။


ပြောပြောဆိုဆိုနဲ့ 
ငါ့စိတ်တွေ ဆောက်တည်မရဖြစ်ပြီး
ရင်ခုန်သံချင်းဆက်သွယ် လိုက်ပြန်ပြီ
ဒီလိုပဲငါ့နှလုံးသားကခေတ်ဆန်နေတယ်.......။


ငါ့ဘ၀ရဲ့ အသက်တစ်ဝက်ကို
မွေးဖွားပေးလိုက်တာ ကြည့်စမ်း
အနောက်တောင်မုတ်သုန်လေကိုတောင်မှ
ငါမမှုတော့ဘူး...အဲ့လိုလေးပဲ
ရိုးမြေကျ လျှောက်လှမ်းနေလိုက်တယ်.....။


ငါ့ရင်ဘတ်ထဲမှာ
ဟာလာဟင်းလင်း လွမ်းတာကလွဲလို့ 
စိတ်တွေကိုချုံ့ ပြီး လောကဓံနဲ့ 
ရင်ဆိုင်နေရတာချည်းပဲ.....။


ရင်ဆိုင်နေတဲ့ လမ်းခရီးထဲမှာ
မင်းပေးတဲ့ အပြုံးပန်းတွေက
မဟူရာညမှာတောင်
မြောက်အရပ်မှာ တစ်ကိုယ်တည်းပွင့်တယ်.....။


တစ်ခါတလေ
လေလှိုင်းပြတ်တဲ့နေ့ တွေမှာ
ဘ၀က အကျည်းတန်တယ်
တရားမ၀င်တဲ့ အိမ်မက်တွေတိုင်းမှာ
ဘ၀က အထီးကျန်တယ်.....။


ပြဿဒါးနဲ့  ရက်ရာဇာ မကင်းပေမဲ့
ပြက္ခာဒိန်တွေကိုလက်ချိုရေတွက်နေတာ
ဥသြတွေတစ်ကျော့တေးသီတယ်.....။


ဟာတာတာနဲ့ ရင်ဘတ်ထဲက
ကွက်လပ်တွေကို ရေလောင်းပေါင်းသင်
အသက်ပြန်သွင်းကြမယ် မိသဲ......။


ပွင့်နေတဲ့တိမ်တိုက်တွေကို ဆွဲချ
အပြာရောင်ထီးတစ်လက်ရဲ့အောက်မှာ
မျက်နှာချင်းဆိုင် တစိမ့်စိမ့်ထိုင်ကြည့်ပြီး
တစ်ယောက်ကိုတစ်ယောက်
ဘယ်လောက် ချစ်ကြောင်း
စကားနိုင်လုကြမယ်
ရှုံးတဲ့သူ အနမ်းတစ်ပွင့်ပေးကြေးပေါ့.....။


မရိုးနိုင်တဲ့နေ့ ရက်တွေအတွက်
ဂန္တ၀င်မြောက်နေ့ ရက်တွေကို
ဂန္တ၀င်မြောက်တေးသွားတွေ သီကြူးပြီး
ဂန္တ၀င်မြောက်
အလွမ်းတွေကို

သင်္ဂြိုလ်လိုက်ကြမယ် မိသဲ.....။







တိမ်ပြာ
အမှတ်တရ ဖေဖေါ်ဝါရီ
14.feb.2011

Thursday, February 10, 2011

ေ ရာ င် စုံ ဆွဲ ချ က်





ေ ရာ င်
စုံ ဆွဲ ချ က်

တောင်ပင်လယ်ကနေ တက်လာတဲ့ ကြေးနီရောင် တိမ်တိုက်နဲ့ 
မြောက်ပင်လယ်ကနေ တက်လာတဲ့ ညိုပြာရောင် တိမ်တိုက်
မျက်နှာပြင်တစ်ခုမှာ အရောင်ခြယ်တယ်
ဝါစိမ်း နီ ပြာ ရောင်စုံဆွဲချက်တွေနဲ့ ပေါ့............။

အ၀ါရောင်

အ၀ါရောင် ကန့် လန့် ကာကို စဖွင့်လိုက်တယ်
အုတ်ဂူရဲ့ ရှေ့ မှာဆိုင်းဘုတ်တွေချိတ်ဆွဲထားတာတွေ့ လိုက်တော့
ကျွန်တော့် ပင်လယ်ပြင်မှာ အ၀ါရောင် ကြက်ခြေခတ် တစ်ခု
ထင်ကျန်နေခဲ့တယ် ။
ဒီလိုနဲ့အ၀ါရောင် ကနေ အစိမ်းရောင် အဖြစ်ပြောင်းသွားကြတာပေါ့ ။

အစိမ်းရောင်

ရာသီဥတုတစ်ခုရဲ့ စ ၊ ဆုံးမှာ
မုန်တိုင်းနဲ့ လေပြေ
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေသလိုမျိုး
ဘယ်သူသိနိုင်မှာတဲ့လဲ ဒီလိုနဲ့ 
တဖက်တချက်စီ စိမ်း လွန်းနေခဲ့တယ်................
စိမ်းတယ် မျက်လုံးတွေ စိမ်းတယ် နှုတ်ခမ်းတွေ စိမ်းတယ်
သံစဉ်တွေ စိမ်းတယ် စိမ်းတာတွေချည်းပြပြနေတယ်
အ၀ါရောင် နဲ့ အစိမ်းရောင်က ငါ့ကိုလောင်မြိုက်တယ်
ဒီလိုနဲ့ ငါ မသေ မရှင် အနီရောင် မြစ်ထဲ မျှောနေလိုက်ရတယ် ။

အနီရောင်


ရဲရဲနီနေတဲ့လက်တစ်စုံနဲ့ နှုတ်ခမ်းက
စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထိုးလိုက်တော့
လွင်ပြင်တစ်ခုလုံး ဖွစာမွစာကျဲပြန့် လို့ 
သွေးစိမ့်စိမ့်ယိုစီးနေတဲ့ နှလုံးသားက
စုတ်ပြတ်သတ်နေတဲ့ အကျဉ်းထဲမှာ
ပင့်ကူအိမ်ထဲပြေးဝင်သွားတဲ့ မုဆိုးလို
တစ်စတစ်စနဲ့ .......။


နိဒါန်း

အပြာရောင်

အဲ့ဒီနေ့ က ကောင်းကင်ကြီးဘာမှ ၀တ်မထားဘူး
အပြာရောင် တွေတောက်တဲ့နေ့ .....အဲ့ဒီနေ့ ..အဲ့ဒီနေ့ ပေါ့
ကျွန်တော့်ကိုဆွဲခေါ်သွားတာ နှင်းဆီ ရနံ့ တွေနဲ့ အတူ
အဲ့ဒီ နှင်းဆီ ရနံ့ က အဖြူရောင် နှလုံးသားကို
အသက်သွင်းခဲ့တယ်...........
ဒီလိုနဲ့ အနာဂတ်က ပိုပြီးအသက်ဝင်လာခဲ့တယ်....
ဝင်လာတဲ့အသက်နဲ့ ခရီးရှည်ထွက်ခဲ့.....။

ဒီလိုနဲ့ ဇာတ်စင်ပေါ်ခုန်တက်လိုက်တာပေါ့
တစ်ကယ်တော့ ငါလေ.....ငါလေ...ငါလေ
မင်းအလိုကိုလိုက်........
အပို့ အကြိုဖြစ်လိုက် ကြာကူလီဖြစ်လိုက်
မင်းသားဖြစ်လိုက် လူကြမ်းဖြစ်လိုက်
သရုပ်ဆောင်နေရတာ ........။

တဖြည်းဖြည်းနဲ့ ဖြည်းဖြည်းခြင်း ဖြည်းဖြည်းခြင်း
သံစဉ်တစ်ပုဒ်ရဲ့  အရသာက
ခါးလိုက် ချိုလိုက်နဲ့  လိုက်လိုက်နေရတာ
ကိုယ့်ခြေရာကို ပြန်ပြန်ကောက်နေရသလို
အနာဂတ်ဆိုတဲ့ အိမ်မက်ထဲမှာ အတိတ်တွေကြီးပဲ
ပြန်ပြန်ရောက်နေခဲ့တာပေါ့........။

ခါးသည်ဖြစ်စေ ချိုသည်ဖြစ်စေ နှလုံးသားက
မပယ်ဖြတ်ဘူး မငြင်းဆန်ဘူး....
အဲ့ဒါ အဖြူရောင် ရဲ့ အရင်းခံဆိုတာပဲ....။

လိုချင်တာက သံစဉ်အစစ်
သံစဉ်အစစ် ကိုရှာနေခဲ့တာ
ခြောက်ကြိုးတတ် တူရိယာနဲ့ 
ဘ၀ သံစဉ်ချိုတစ်ပုဒ်ကိုရှာခဲ့တာ
တီးခတ်ကြည့်တယ် ထွက်မလာဘူး...။

တစ်ကြိုး ဖြုတ်ပြီးတီးတယ် ထွက်မလာဘူး
နှစ်ကြိုးဖြုတ်တယ်...သုံးကြိုးဖြုတ်တယ်
လေးကြိုးဖြုတ်တယ်...ငါးကြိုးဖြုတ်တယ်
ခြောက်ကြိုးဖြုတ်တယ်...ထွက်မလာဘူး
ဘာမှထွက်မလာဘူး.........။

ဘယ်ထွက်လာမလဲ အတုအယောင်တွေ
အတုတွေနဲ့ အယောင်ဆောင်ထားတာ
သံစဉ်အစစ်က တူရိယာမှာမဟုတ်မှန်းသိလိုက်ပြီ......။

ကြည့်လိုက်...ကြည့်လိုက်....
ငါ့နှလုံးတွေဆွေ့ ဆွေ့ ခုန်နေတာ
မင်းလက်ကို ထိုးပြီးစမ်းကြည့်လိုက်
အဲ့ဒါ သံစဉ် အစစ်ပဲ
နှလုံးသားကထွက်ကျလာတဲ့ သံစဉ် အစစ်ပဲ
ငါ့သံစဉ်ပဲ ငါရှာတွေ့ တယ်
ငါ့သံစဉ်ကို မင်းတွေ့ တယ်မှတ်လား ။
မင်းသံစဉ်တွေငါမတွေ့ တော့ဘူး အရောင်တွေ
အရောင်တွေနဲ့ ဖုံးသွားပြီ......
ငါ့ကိုလဲမင်းကြက်ခြေခတ်တွေနဲ့ ထားသွားပြီ...။

နိဂုံး

အ၀ါ နဲ့ အပြာ ပေါင်းရင် အစိမ်း ဖြစ်တယ် ။
အနီ နဲ့ အပြာ ပေါင်းရင် အမည်း ဖြစ်တယ် ။
ဒီဒဿနကိုကျွန်တော်သိလိုက်တဲ့ အချိန်မှာ

တိမ်......................လေ
ညို..........................နီ
တွေ.........................ကြမ်း
ပြို...................တွေ
ပျက်............နှင့်
ကျ........အ
တူ
.....
..
.
ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်း
ထုတ်ချင်းပေါက်သွားတဲ့ ပန်းသီးတစ်လုံးက x x x x x x



တိမ်ပြာ
၂၈.၀၆.၂၀၁၀

အိမ်ဖော်




ရောင်နီရဲ့ အလှအောက်က

နဂါးငွေ့ တန်းတွေ

နေညိုချိန်ဆို ငွေ့ ရည်ဖွဲ့ တယ်

လရောင်က ချော့သိပ်

တိတ်တဆိတ် အိပ်ခန်းထဲမှာ

ပျံ့

လွင့်

လို့  ။


တိမ်ပြာ

မနက်ဖြန်တွေကို တကယ်လို့ သာ





မနက်ဖြန်

မနက်ဖြန်ဆိုတာ
ကျွန်တော့ရဲ့ မျှော်လင့်ချက်အဖြစ်
သက်မှတ် ထားတယ်.......။

စကြာဝဠာကြီးထဲမှာ
အမှုန်လေး နှစ်မှုန် ဆုံမိခြင်း
လေပြေရဲ့ သယ်ဆောင်မှုလား
မုန်တိုင်းရဲ့ သယ်ဆောင်မှုလား
ရေရေရာရာ မသိလိုက်ဘူး........။

......ဆုံမှတ်က.....
တောင်ပင်လယ်ကနေတက်လာတဲ့
ကြေးနီရောင်တိမ်တိုက်......
စကြာဝဠာ အလယ်မှာ ၀ဲနေတဲ့
ညို ပြာရောင် တိမ်တိုက်.....
ဇာတ်ဆရာရဲ့ သယ်ဆောင်မှုကြောင့်ပေါင်းဆုံပြီး
ပေါက်ကွဲမှုတစ်ခုမှထွက်လာတဲ့ အသံက

“၀ုန်း”

“၀ုန်း” “၀ုန်း”

ပြီး

ဒေါင်လိုက်ပြတ်ကျလာတဲ့ “အလင်းတန်း” တစ်ခု
အဲ့ဒါကို ကျွန်တော် သတ်မှတ်လိုက်တယ်

”“အချစ်”“

.....သိပ်ချစ်ခဲ့တယ်.....

ရနံ့ တချို့ နဲ့ အတူ
ညနေခင်းလေးရဲ့ ဆည်းဆာမှာ
ခပ်မှိန်မှိန် မျှော်လင့်ချက်တွေနဲ့ 
လွင်ပြင်ထဲမှာ ရေးမှတ်လိုက်တဲ့ အက္ခရာက

“““““မနက်ဖြန်””””

အဲဒီ အက္ခရာတွေကပဲ
စိုက်ပျိုးခဲ့တာ
ချိုမြိန်ခဲ့ ၊ ခါးသက်ခဲ့
ရှင်သန်ခဲ့ ၊ သေဆုံးခဲ့

ဘယ်ဘက်ရင်အုံကို ငုံ့ ကြည့်လိုက်တိုင်း
ထွင်းထားတဲ့ အက္ခရာတွေကို “ခြ” စားနေခဲ့တယ်
တောင်ပို့ သာဖြစ်လာခဲ့
အဲဒီထဲမှာ အက္ခရာက
“အထင်သား”

နေ နဲ့ လ ကသာ စိန်ပြေးတမ်း ကစားနေခဲ့
ကျွန်တော် တစ်ယောက်ထဲ
လက်ပေါ်နဖူးတင်လိုက် နဖူးပေါ်လက်တင်လိုက်
လူ ကသာအိပ်နေတယ် စိတ်ကသူ့ ဆီမှာ

ကျွန်တော် မယုံလို့ မနက်ဖြန်ကြရင်
ကျွန်တော် ရေးထားတဲ့
မနက်ဖြန်ရှိသေးလားလို့ သွားကြည့်အုံးမယ်
မနက်ဖြန် ဆိုတာကတော့ရှိနေမှာပဲ
ဒါပေမဲ့ ကျွန်တော် မနက်ဖြန်ဆိုတာကို
မျှော်တတ်နေပြီ........။





တကယ်လို့ သာ



လမ်းခွဲရတော့မယ်
ဇာတ်သိမ်းကိုကြိုသိနေပေမဲ့
မနက်ဖြန်တွေကို
မျှော်လင့်လို့ရသလောက်ထက်
ပိုပြီးမျှော်လင့်နေချင်သေးတယ်....။
ရင်ခွင်ထဲက
ပြိုကျနေဆဲအမှောင်ထုတွေ
မနက်ဖြန်ဆိုတာ ငါတို့နဲ့မဆိုင်မှတော့
ဒီနေ့ဆိုတာလဲ
ငါမလိုချင်ပါဘူး ချစ်သူရယ် .....
ဟိုးအရင်က
မနက်စောစောအချိန်တွေကိုလွမ်းတယ်...
မှောင်ရီပျိုးတော့မဲ့ ညနေခင်းတွေကိုလွမ်းတယ်..
လရောင်တောက်နေတဲ့ ညခင်းတွေကိုလည်းလွမ်းတယ်...
တ ကယ် လို့ သာ . . .
အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင်. . .
မနက်ဖြန်ဆိုတာတွေကို
စိတ်တိုင်းကျဖန်တီးခွင့်ရခဲ့ရင်. . . . . . . . ။




တိမ်ပြာ& နွယ်ရှင်
၁၇.၁၁.၀၉

***အဆုံးသတ်တဲ့ အမေ့အိမ်***




ခွင့်ပြုချက်မလိုပဲ ကျွန်တော့်အတွက်

တံခါးအမြဲဖွင့်ထားတဲ့ အမေ

ရောက်ရောက်ချင်း ကျွန်တော် ကန်တော့ပါရစေ အမေ

အမေ့ရင်ကို စုံကန်ပြီး

နှစ်၊လတွေ အလီလီ ခွဲခွာသွားတဲ့ ကျွန်တော့်ကြောင့်

အမေ့ ရင်တွေနာနေရောပေါ့

ကျွန်တော့်သိနေတယ် အမေ

အနှိုင်းမဲ့ မေ့တ္တာတွေနဲ့  ဆီးကြိုနေဦးမယ်ဆိုတာပဲ

အမေ့မျက်ဝန်းထဲက မျက်ရည်စတွေ

ကျွန်တော့်ကြောင့်ပါလို့  ၀န်ခံပါရစေ

သားမိုက် ပြန်လာလို့ 

ပြုံးပျော်နေတာလား အမေ

ကျွန်တော့် ရင်ထဲမှာ တလိမ့်လိမ့် ခုန်တက်လာတဲ့

လှိုင်းလုံးတွေရဲ့စည်းချက်တွေကလဲ

ညီညာနေလိုက်တာ

အဲ့ဒီစည်းချက်တွေနဲ့ အားပါးတရ အော်ခေါ်ပြီး

အမေ့ကိုပွေ့ ဖက်ထားပါရစေ

ပွေ့ ဖက်ထားပါရစေ အမေ

အမေ့အနားမှာ ပြန်လည် ပြုစု၊ယုယပါရစေ အမေ

အမေ့ရင်ခွင်လောက်ငြိမ်းချမ်းတဲ့နေရာ မရှိဘူး ဆိုတာ

ကျွန်တော် ကောင်းကောင်းနားလည်လိုက်ပြီ

ကျွန်တော်ရင်ဆိုင်ခဲ့တဲ့ လောကဓံကြီးက

မယာတွေနဲ့ အမိုးမပါဘူး အမေ

ဒါပေမဲ့

ဟော့ဒီလောကကြီးထဲမှာ

အားလုံးနဲ့ ညီညွတ်အောင်နေခဲ့တယ်

ဘုန်းတော်ကြီးတွေရဲ့ တရားကိုနာကြားခဲ့ဖူးသလို

ကိုယ်တိုင်လဲလိုက်နာခဲ့ဖူးတယ်

မင်္ဂလာရှိနေ့ ရက်တွေကို ပျော်မြူးခဲ့ဖူးသလို

အမင်္ဂလာနေ့ ရက်တွေမှာလဲ

မျက်ရည်စတွေနဲ့  ကြုံဆုံခဲ့ဖူးတယ်

ဓနရှင်တွေနဲ့ ဆက်ဆံခဲ့ဖူးသလို

သူဖုန်းစားနဲ့ လဲ စကားစမြည်ပြောခဲ့ဘူးတယ်

ဒီလိုနဲ့ 

လျှောက်ရင်းလှမ်းရင်း

နောက်ဆုံးတော့လည်း

အာသီဿတွေနောက် လိုက်ရတာ

အမေ့အိမ်မှာ အဆုံးသတ်တယ်

အမေ့ရင်ခွင်မှာပဲ

အဆုံးသက်တယ်

အမေ ။


တိမ်ပြာ

၁၆.၀၁.၂၀၁၁

နှုတ်ဆက်ခဲ့ပါတယ် ***2010***






(1)
မင်းရဲ့ရာဇ၀င်ထဲမှာ
ဘ၀ ဘ၀ တွေရဲ့
သာယာလှပမှုတွေနဲ့ တွန်ကျူးနေခဲ့သလို...
အကျည်းတန်၊၀မ်းနည်းခြင်းတွေနဲ့ 
ကြေကွဲနေခဲ့တယ် ။


(2)
မင်းရဲ့ရာဇ၀င်ထဲမှာ
သန်းကြွယ်သူဌေးတွေရဲ့
လေချွန်သံတွေ ညံနေခဲ့သလို...
သူဆင်းရဲတွေရဲ့
ညည်းတွားသံတွေ ရှိနေခဲ့တယ် ။


(3)
မင်းရဲ့ရာဇ၀င်ထဲမှာ
အလင်းလက်လက်ထဲ ခုန်ဝင်သွားသလို...
အမှောင်နက်နက်ထဲ ခုန်ဆင်းမှုတွေ
ရှိနေခဲ့တယ် ။


(4)
မင်းရဲ့ရာဇ၀င်ထဲမှာ
မြို့ပြရဲ့ ရာဇ၀င် ကျင့်ထုံးမှုတွေ
မှောက်မှာနေခဲ့သလို...
မြို့ပြရဲ့ရာဇ၀င် ကျင့်ထုံးတွေကို
ကျင့်သုံးနေခဲ့တယ် ။


(5)
မင်းရဲ့ရာဇ၀င်ထဲမှာ
သိမ်မွေ့ ၊နုညံ့မှုတွေ လေးနက်နေခဲ့သလို...
ကြမ်းတမ်း၊ရက်စက်မှုတွေပေါ့ပါးနေခဲ့တယ် ။


(6)
မင်းရဲ့ရာဇ၀င်ထဲမှာ
ကျေနပ်၊နှစ်သိမ့်ခြင်းတွေနဲ့ ရှိနေခဲ့သလို...
အာသီဿတွေမကုန်တဲ့
ဖျားယောင်းသွေးဆောင်မှုတွေ
ရှိနေခဲ့တယ် ။


(7)
မင်းရဲ့ရာဇ၀င်ထဲမှာ
တည်ငြိမ်၊အေးချမ်းမှုတွေနဲ့ 
လောကဓံခရီးဆက်နေခဲ့သလို...
ကစဉ့်ကလျားတွေနဲ့  ဖြစ်ကတတ်ဆန်း
လျှောက်လှမ်းမှုတွေရှိနေခဲ့တယ် ။


(8)
မင်းရဲ့ရာဇ၀င်ထဲမှာ
ခခယယနဲ့ ခဏခဏ
ပူဇော်ပသမှုတွေ ရှိနေခဲ့သလို...
ခဏတဖြုတ်တောင်မှ
အခစားမ၀င်တဲ့ လျှောက်လှမ်းခြင်းတွေ
ရှိနေခဲ့တယ် ။


(9)
မင်းရဲ့ရာဇာဝင်ထဲမှာ
ရှင်သန်ခြင်းတွေရဲ့ အော်မြည်သံတွေ
ပြည့်နှက်နေခဲ့သလို...
သေဆုံးမှုတွေရဲ့ ငိုညည်းသံတွေ
ပြည့်ကျပ်နေခဲ့တယ် ။


(10)
နောက်ဆုံးတော့လဲ
ရာဇ၀င်တွေထဲက ရာဇ၀င်ထဲမှာ
နေသားတကျနဲ့ 
မင်းနေရစ်ခဲ့ပေဦးပေါ့ ။


(11)
2---------Good->->->->->2
0---------------B->->->->->->0
1------------------Y->->->->->->->1
0---------------------E->->->->->->->->1
>>>>>>>>>>>>>>>>>>>>>>>>>>>
>
အို.......လူသားအပေါင်း
သတ္တ၀ါအပေါင်းတို့ 
ငြိမ်းချမ်း၊သာယာ၊ပျော်ရွှင်
ဝမ်းမြောက်ခြင်းတို့ နှင့်အတူ
အလို၊ဆန္ဒ ပြည့်ဝပါစေသား.......။




တိမ်ပြာ
31-December-2010

သမိုင်းသစ်ရဲ့အင်အား





(၁) ဒီလောကကြီးထဲမှာ

ဆေးရောင်စုံခြယ်ထားတဲ့
စိတ်ရောင်စုံ ရှိတယ်.....။
ဆေးဆိုးပန်းရိုက်တွေနဲ့ 
အာသီဿတွေမကုန်နိုင်တဲ့
တောနက်ထဲက မာယာတွေနဲ့ ပေါ့....။


(၂) မျှော်လင့်ချက်နဲ့  ရွက်လွှင့်ခရီးနှင်သူ
ပန်းတိုင်မဲ့ပေမယ့်
ယုံကြည်ချက် ရှိတယ်...။
လရောင်နဲ့ ယက်လုပ်ထားတဲ့
တံတိုင်းကိုမှ ကာရံမဲ့ခြင်းမျိုးဆိုရင်
ငါတို့ ကာရံတွေနဲ့ ငါတို့ ခရီးဆက်မယ်...။


(၃) လာစမ်းပါ...လောကဓံ ၊
ကြိုက်ရာလက်နက်စွဲ
ကောင်းကင်မိုးအောက်နဲ့ 
မြေပြင်ထက်
စီးချင်းထိုးဖို့ အသင့်ပဲ....။
မင်းတို့ ရဲ့စိန်ခေါ်ပွဲမှာ
ကောက်သင်းကောက်နေတဲ့
ငါတို့ ရဲ့တစပြင်က ငါ့တို့ ရဲ့ မျိုးစေ့တွေ
မင်းကိုလှောင်ရယ်နေဦးမယ်....။


(၄) လောကရဲ့ သောက အထွေထွေက
ပူပင်နေရုံနဲ့  ပျောက်ရိုးမရှိ ၊
ကံကြမ္မာလှိုင်း ရိုင်းရိုင်း ကြမ်းကြမ်း
ဖြတ်သန်းဖို့ အားမာန်အသင့်....။
ဧရာဝတီ စီးဆင်းနေတာ မခမဲ့
ဖြတ်သန်းသွာလာခွင့်ပြုတယ်
ရေသောက်မြစ်ရဲ့အဆုံးက
အင်အားတွေနဲ့ 
ဟော့ဒီကမ္ဘာရဲ့အရောင်တွေကို
ဆေးကြောလိုက်.....။



(၅) ဒီလူတွေရဲ့ရာဇ၀င်မှာ
အရောင်မဲ့တေးသွားတွေနဲ့ 
အောင်လံတလူလူ လွှင့်မယ်လူ

ဤဇမ္ဗူမှာ ပြိုင်ဘက်ကင်း
ဒါ....
သမိုင်းသစ် မွေးဖွားခြင်းပေါ့...။ ။






တိမ်ပြာ & နေခြည်ထိုက်ထိုက်

02-Dec-2010

ငါ၏လောကဓံထဲက ရှိခြင်း ၊ မရှိခြင်း





သင်္ချီုင်းစာအတွက် သင်္ဂြီုလ်ဖို့ 

လောကဓံနဲ့ ရင်ဆိုင်ရတာက တစ်ကြောင်း

ထောင်ထဲက ထွက်ဖို့ က တစ်ကြောင်း

ကဗျာရေးဖို့ က တစ်ကြောင်း

အကြောင်းကြောင်းတွေက

တ စ်ေြ ကာ င်း

နှစ်ေြ ကာ င်း

သုံးေြ ကာ င်း

..................................................

ဝှက် ထား တဲ့ 

ငါ့ ရင် ဘတ် ကို

ဖွင့်

ချ

လိုက်

တာ

ဘာမှထွက်မလာဘူး

တစ်ယောက်ယောက်က

ယူသွားတာလဲဖြစ်နိုင်တယ် ။

အစကတည်းက

မရှိတာလဲဖြစ်နိုင်တယ် ။




တိမ်ပြာ
၃၀.November.၂၀၁၀

ဆောင်းရာသီမှာ ပွင့် ဝေ ခဲ့တဲ့ ဆောင်းကြွင်း




ုအ သက် ၀င် လာ ခဲ့ တဲ့ ဆောင်း ရာ သီ က

ကျွန် တော့် ပင် လယ် ပြင် ထဲ မှာ

လှိုင်း တွေ ရိုက် ခက် နေ ခဲ့ ဖူး တယ်

ရိုက် ခက် နေ ခဲ့ တယ် ။

ရ နံ့  ခိုး တို့  ပြို ပြက် ရိပ် ရိပ် နဲ့ 

ဆောင်း ရာ သီ ရဲ့  ပစ် ကြဲ ချ လိုက် တဲ့

အေး စက် စက် မြူ နှင်း တွေ က

နွေ ဦး မ ရောက် ခင် မှာ ပဲ

နှင်း ပွင့် တွေ ညို စင်း နေ တဲ့ ကြား က နေ

လိမ့် ဆင်း လာ တဲ့

နေ ရောင် ကျဲ ကျဲ အောက် မှာ

ပြောက် ဆုံး သွား ခဲ့ တယ် ။

ပြောက် ဆုံး သွား တာ

ဆောင်း ရနံ့ ကြောင့် လား လို့ မေးတော့

ခု ချိန် ထိ ငြင်း ဆို နေ တုန်း...

နွေ ဦး ကြောင့် လား လို့ မေး တော့

ခု ချိန် ထိ ငြင်း ဆို နေ တုန်း ပဲ...

ကျွန် တော် ရယ်

ဆောင်း ရယ်

နွေ ဦး ရယ်

တစ် လှည့် စီ

ပြန် မေး ရင်း နဲ့ 

......

..........

.....................

နောက် ဆုံး ထိ

မ ဆုံး သေး တာ က

ဆောင်း ကြွင်း ။





တိမ်ပြာ
17-NOV-2010