ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Sunday, March 27, 2011

ညီမလေးအတွက်မွေးနေ့ လက်ဆောင်



H

A
P
P
Y
B I R T H D A Y
C
H
A
N
NGE
L
A
Y


ညီမလေး Chan Nge Lay အတွက်မွေးနေ့ လက်ဆောင်
၂၈ ရက်နေ့ တွင်ကျရောက်သည့် မွေးနေ့ မှစ၍
အသက် ၁၂၀ တိုင်အောင်ရှည်စေသောဝ်
အပူအပင်ကင်းဝေးပြီး ပျော်ရွှင်သော မိသားစုလေးနဲ့ အတူ လျှောက်လှမ်းနိုင်ပါစေ

၁ နှစ်.....
၂ နှစ်.....
၃ နှစ်.....
နှစ်.....
နှစ်......
နှစ်တွေထဲမှာ

ရေရေရာရာ / မရေမရာ
ရောထွေးမှုတွေနဲ့ လောကဓံကြီးထဲမှာ
ရှိနေလိမ့်ဦးမယ်.....။
ရေရာသည်ဖြစ်စေ မရေရာသည်ဖြစ်စေ
လျှောက်လှမ်းနေရလိမ့်ဦးမည်.......။
မိုင်တိုင်တွေ အထပ်ထပ်ဖြတ်သန်း
လောကဓံကြီးကို အန်တုဖို့ မလိုဘူး
တစ်လှမ်းနဲ့ တစ်လှမ်းညီအောင်လျှောက်
နွေနွေ မိုးမိုး ဆောင်းဆောင်း
မင်းခံနိုင်ဖို့ ပဲလိုမယ်....။
လောကဓံထဲမှာ
" ဓါး " ပါချင်ပါမယ်
" မြား" ပါချင်ပါမယ်

မင်းရှောင်တတ်ဖို့ လိုမယ် ။
လောကဓံထဲမှာ
" တရား " ပါချင်ပါမယ်
" အား " ပါချင်ပါမယ်

မင်းဆောင်တတ်ဖို့ လိုမယ် ။
မီးအိမ်ဟာ
မင်းဖြစ်နေသလို
မီးစာဟာလဲ
မင်းပဲဖြစ်နေပြန်တယ်
ဒါပေမဲ့
မီးဆီကိုတော့
မင်းလိုအပ်နေလိမ့်ဦးမယ်.....။

အရာအားလုံး
ရှေ့သွား
နောက်လိုက်
ညီပါစေ။


တိမ်ပြာ
၂၈.၀၃.၁၁

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............