ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Tuesday, February 1, 2011

ပင်လယ်ကို အုပ်စိုးထားတဲ့ ငါ့ ကောင်းကင်







မိသဲရေ....

ဟော့ဒီ ပင်လယ်ကြီး တစ်ခုလုံးကို

အတားအဆီးမရှိ ဖွင့်လှစ်ထားတယ်

အဲ့ဒီ လွင်ပြင်ထဲက လွှင့်တင်လိုက်တဲ့ ရနံ့ တွေကိုရှုရှိုက်ရင်း

မေ့မျှောနေတာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့.....

တရေးနိုးလို့ ပဲဖြစ်ဖြစ် ယောင်လို့ ပဲဖြစ်ဖြစ်

ပြန်ကျမိုးလေးဖြစ်ဖြစ် ရွာချလိုက်စမ်းပါ

သဲသဲမဲမဲ ရွာချလိုက်ပါ မိသဲရယ်.....

ခြောက်ကပ်နေတဲ့ ပြက္ခဒိန်တွေထဲက

လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတွေကို ပြန်ပြန်ကောက်နေရတာ

ဘယ်တော့မှ မင်းဆီရောက်မှာလဲ....မင်းဆီရောက်ဖို့ 

မင်းခြေရာတွေနောက် ငါဗုန်းဗုန်းလဲကျတဲ့ထိ ငါလျှောက်နေမယ်

အဲ့ဒါ မင်းကို ငါချစ်နေတယ်ဆိုတာပဲ.....

အလွမ်းအဆွေးပုံပြင်တွေထဲကနေ ငါနုတ်ထွက်ပါရစေ

မင်းနဲ့ ပတ်သက်သမျှ ငါ့အနာဂတ် ခတ်ဆန်နေချင်သေးတယ်

မင်းရဲ့ အလင်းအိမ်လေးကို ငါထွေးပိုက်

မင်းရဲ့ ချစ်စံအိမ်လေးထဲမှာ ငါ့

စိတ်ကူးယဉ် အိမ်မက်တွေထဲက ကိုယ်ဝန်ကို မွေးဖွားလိုက်မယ်

လှပတဲ့ နေ့ ရက်တွေ လှပနေပါစေ

ဟော့.....ကြည့်စမ်း မင်းရဲ့ မေတ္တာရေတွေကြောင့်

ပင်လယ်ပြင်မှာ လှိုက်လှိုက်လှဲလှဲ ပန်းတွေ ပွင့်လို့ 

လမင်းကတောင် အပြုံးပန်းတစ်ဝက်နဲ့ 

ညကို အရောင်ခြယ်နေလိုက်တာ.....

ဒီနေ့ အရမ်းလှတယ် မိသဲ အဲ့လိုလေးပဲ မနက်ဖြန်တွေ လှဖို့ 

နင့်လက်ကလေးနဲ့ ငွေမှုန်..ငွေမွှားလေးတွေဖြန့် ကျဲ

ငါ့ပင်လယ်ကြီးကို အုပ်မိုးထားပေးပါလားကွယ်

အဲ့ဒီ ဘ၀ တစ်လျှောက်မှာ.....

အူးယားဖားယားနဲ့ စုန်း တစ္ဆေ ကဝေ တွေနဲ့  ငါကပြမယ်

ငါ့လက်တစ်ဘက်ကို ကိုင်ထား ဘယ်တော့မှ လွတ်မချဘူး

ကျခြင်းကျ ငါအရင်ခုန်ချမယ် ရှိနေတဲ့ ဆူး ခလုတ်တွေကို

ငါ့ ခြေဖ၀ါးနဲ့ နင်းခြေ အဲ့ဒီလမ်းမှာ မင်းကအုပ်စိုး

အဲ့ဒါ ရေကုန်ရေခန်းပဲ မိသဲလေးရေ......



တိမ်ပြာ
၂၈.၀၂.၁၀

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............