ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Sunday, February 13, 2011

သက်ဝင်ခဲ့သော ဖေဖ၀ါရီရဲ့ အလွမ်း(သို့ မဟုတ်)ရင်ခုန်သံ







မိသဲရေ.....
ငါ့ရင်ဘတ်ထဲက တောင်ပုံယာပုံ
အန်ဖက်တွေကို
ဖွင့်အန်ချလိုက်ပြန်ပြီ......။


သုံးရာသီလွန်မြောက်ခဲ့ပေမဲ့
မနေ့ တစ်နေ့ ကလိုပဲ
ပေးခဲ့တဲ့ စကားလေးနှစ်ခွန်းက
ငါ့ရင်ဘတ်ထဲမှာချည်နှောင်ထားတယ်
အဲ့ဒီကြိုးကြောင့် အနာဂတ် မီးအိမ်လေး
လင်းလက်နေခဲ့တာပဲ မိသဲ.....။


ပြောပြောဆိုဆိုနဲ့ 
ငါ့စိတ်တွေ ဆောက်တည်မရဖြစ်ပြီး
ရင်ခုန်သံချင်းဆက်သွယ် လိုက်ပြန်ပြီ
ဒီလိုပဲငါ့နှလုံးသားကခေတ်ဆန်နေတယ်.......။


ငါ့ဘ၀ရဲ့ အသက်တစ်ဝက်ကို
မွေးဖွားပေးလိုက်တာ ကြည့်စမ်း
အနောက်တောင်မုတ်သုန်လေကိုတောင်မှ
ငါမမှုတော့ဘူး...အဲ့လိုလေးပဲ
ရိုးမြေကျ လျှောက်လှမ်းနေလိုက်တယ်.....။


ငါ့ရင်ဘတ်ထဲမှာ
ဟာလာဟင်းလင်း လွမ်းတာကလွဲလို့ 
စိတ်တွေကိုချုံ့ ပြီး လောကဓံနဲ့ 
ရင်ဆိုင်နေရတာချည်းပဲ.....။


ရင်ဆိုင်နေတဲ့ လမ်းခရီးထဲမှာ
မင်းပေးတဲ့ အပြုံးပန်းတွေက
မဟူရာညမှာတောင်
မြောက်အရပ်မှာ တစ်ကိုယ်တည်းပွင့်တယ်.....။


တစ်ခါတလေ
လေလှိုင်းပြတ်တဲ့နေ့ တွေမှာ
ဘ၀က အကျည်းတန်တယ်
တရားမ၀င်တဲ့ အိမ်မက်တွေတိုင်းမှာ
ဘ၀က အထီးကျန်တယ်.....။


ပြဿဒါးနဲ့  ရက်ရာဇာ မကင်းပေမဲ့
ပြက္ခာဒိန်တွေကိုလက်ချိုရေတွက်နေတာ
ဥသြတွေတစ်ကျော့တေးသီတယ်.....။


ဟာတာတာနဲ့ ရင်ဘတ်ထဲက
ကွက်လပ်တွေကို ရေလောင်းပေါင်းသင်
အသက်ပြန်သွင်းကြမယ် မိသဲ......။


ပွင့်နေတဲ့တိမ်တိုက်တွေကို ဆွဲချ
အပြာရောင်ထီးတစ်လက်ရဲ့အောက်မှာ
မျက်နှာချင်းဆိုင် တစိမ့်စိမ့်ထိုင်ကြည့်ပြီး
တစ်ယောက်ကိုတစ်ယောက်
ဘယ်လောက် ချစ်ကြောင်း
စကားနိုင်လုကြမယ်
ရှုံးတဲ့သူ အနမ်းတစ်ပွင့်ပေးကြေးပေါ့.....။


မရိုးနိုင်တဲ့နေ့ ရက်တွေအတွက်
ဂန္တ၀င်မြောက်နေ့ ရက်တွေကို
ဂန္တ၀င်မြောက်တေးသွားတွေ သီကြူးပြီး
ဂန္တ၀င်မြောက်
အလွမ်းတွေကို

သင်္ဂြိုလ်လိုက်ကြမယ် မိသဲ.....။







တိမ်ပြာ
အမှတ်တရ ဖေဖေါ်ဝါရီ
14.feb.2011

Thursday, February 10, 2011

ေ ရာ င် စုံ ဆွဲ ချ က်





ေ ရာ င်
စုံ ဆွဲ ချ က်

တောင်ပင်လယ်ကနေ တက်လာတဲ့ ကြေးနီရောင် တိမ်တိုက်နဲ့ 
မြောက်ပင်လယ်ကနေ တက်လာတဲ့ ညိုပြာရောင် တိမ်တိုက်
မျက်နှာပြင်တစ်ခုမှာ အရောင်ခြယ်တယ်
ဝါစိမ်း နီ ပြာ ရောင်စုံဆွဲချက်တွေနဲ့ ပေါ့............။

အ၀ါရောင်

အ၀ါရောင် ကန့် လန့် ကာကို စဖွင့်လိုက်တယ်
အုတ်ဂူရဲ့ ရှေ့ မှာဆိုင်းဘုတ်တွေချိတ်ဆွဲထားတာတွေ့ လိုက်တော့
ကျွန်တော့် ပင်လယ်ပြင်မှာ အ၀ါရောင် ကြက်ခြေခတ် တစ်ခု
ထင်ကျန်နေခဲ့တယ် ။
ဒီလိုနဲ့အ၀ါရောင် ကနေ အစိမ်းရောင် အဖြစ်ပြောင်းသွားကြတာပေါ့ ။

အစိမ်းရောင်

ရာသီဥတုတစ်ခုရဲ့ စ ၊ ဆုံးမှာ
မုန်တိုင်းနဲ့ လေပြေ
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေသလိုမျိုး
ဘယ်သူသိနိုင်မှာတဲ့လဲ ဒီလိုနဲ့ 
တဖက်တချက်စီ စိမ်း လွန်းနေခဲ့တယ်................
စိမ်းတယ် မျက်လုံးတွေ စိမ်းတယ် နှုတ်ခမ်းတွေ စိမ်းတယ်
သံစဉ်တွေ စိမ်းတယ် စိမ်းတာတွေချည်းပြပြနေတယ်
အ၀ါရောင် နဲ့ အစိမ်းရောင်က ငါ့ကိုလောင်မြိုက်တယ်
ဒီလိုနဲ့ ငါ မသေ မရှင် အနီရောင် မြစ်ထဲ မျှောနေလိုက်ရတယ် ။

အနီရောင်


ရဲရဲနီနေတဲ့လက်တစ်စုံနဲ့ နှုတ်ခမ်းက
စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထိုးလိုက်တော့
လွင်ပြင်တစ်ခုလုံး ဖွစာမွစာကျဲပြန့် လို့ 
သွေးစိမ့်စိမ့်ယိုစီးနေတဲ့ နှလုံးသားက
စုတ်ပြတ်သတ်နေတဲ့ အကျဉ်းထဲမှာ
ပင့်ကူအိမ်ထဲပြေးဝင်သွားတဲ့ မုဆိုးလို
တစ်စတစ်စနဲ့ .......။


နိဒါန်း

အပြာရောင်

အဲ့ဒီနေ့ က ကောင်းကင်ကြီးဘာမှ ၀တ်မထားဘူး
အပြာရောင် တွေတောက်တဲ့နေ့ .....အဲ့ဒီနေ့ ..အဲ့ဒီနေ့ ပေါ့
ကျွန်တော့်ကိုဆွဲခေါ်သွားတာ နှင်းဆီ ရနံ့ တွေနဲ့ အတူ
အဲ့ဒီ နှင်းဆီ ရနံ့ က အဖြူရောင် နှလုံးသားကို
အသက်သွင်းခဲ့တယ်...........
ဒီလိုနဲ့ အနာဂတ်က ပိုပြီးအသက်ဝင်လာခဲ့တယ်....
ဝင်လာတဲ့အသက်နဲ့ ခရီးရှည်ထွက်ခဲ့.....။

ဒီလိုနဲ့ ဇာတ်စင်ပေါ်ခုန်တက်လိုက်တာပေါ့
တစ်ကယ်တော့ ငါလေ.....ငါလေ...ငါလေ
မင်းအလိုကိုလိုက်........
အပို့ အကြိုဖြစ်လိုက် ကြာကူလီဖြစ်လိုက်
မင်းသားဖြစ်လိုက် လူကြမ်းဖြစ်လိုက်
သရုပ်ဆောင်နေရတာ ........။

တဖြည်းဖြည်းနဲ့ ဖြည်းဖြည်းခြင်း ဖြည်းဖြည်းခြင်း
သံစဉ်တစ်ပုဒ်ရဲ့  အရသာက
ခါးလိုက် ချိုလိုက်နဲ့  လိုက်လိုက်နေရတာ
ကိုယ့်ခြေရာကို ပြန်ပြန်ကောက်နေရသလို
အနာဂတ်ဆိုတဲ့ အိမ်မက်ထဲမှာ အတိတ်တွေကြီးပဲ
ပြန်ပြန်ရောက်နေခဲ့တာပေါ့........။

ခါးသည်ဖြစ်စေ ချိုသည်ဖြစ်စေ နှလုံးသားက
မပယ်ဖြတ်ဘူး မငြင်းဆန်ဘူး....
အဲ့ဒါ အဖြူရောင် ရဲ့ အရင်းခံဆိုတာပဲ....။

လိုချင်တာက သံစဉ်အစစ်
သံစဉ်အစစ် ကိုရှာနေခဲ့တာ
ခြောက်ကြိုးတတ် တူရိယာနဲ့ 
ဘ၀ သံစဉ်ချိုတစ်ပုဒ်ကိုရှာခဲ့တာ
တီးခတ်ကြည့်တယ် ထွက်မလာဘူး...။

တစ်ကြိုး ဖြုတ်ပြီးတီးတယ် ထွက်မလာဘူး
နှစ်ကြိုးဖြုတ်တယ်...သုံးကြိုးဖြုတ်တယ်
လေးကြိုးဖြုတ်တယ်...ငါးကြိုးဖြုတ်တယ်
ခြောက်ကြိုးဖြုတ်တယ်...ထွက်မလာဘူး
ဘာမှထွက်မလာဘူး.........။

ဘယ်ထွက်လာမလဲ အတုအယောင်တွေ
အတုတွေနဲ့ အယောင်ဆောင်ထားတာ
သံစဉ်အစစ်က တူရိယာမှာမဟုတ်မှန်းသိလိုက်ပြီ......။

ကြည့်လိုက်...ကြည့်လိုက်....
ငါ့နှလုံးတွေဆွေ့ ဆွေ့ ခုန်နေတာ
မင်းလက်ကို ထိုးပြီးစမ်းကြည့်လိုက်
အဲ့ဒါ သံစဉ် အစစ်ပဲ
နှလုံးသားကထွက်ကျလာတဲ့ သံစဉ် အစစ်ပဲ
ငါ့သံစဉ်ပဲ ငါရှာတွေ့ တယ်
ငါ့သံစဉ်ကို မင်းတွေ့ တယ်မှတ်လား ။
မင်းသံစဉ်တွေငါမတွေ့ တော့ဘူး အရောင်တွေ
အရောင်တွေနဲ့ ဖုံးသွားပြီ......
ငါ့ကိုလဲမင်းကြက်ခြေခတ်တွေနဲ့ ထားသွားပြီ...။

နိဂုံး

အ၀ါ နဲ့ အပြာ ပေါင်းရင် အစိမ်း ဖြစ်တယ် ။
အနီ နဲ့ အပြာ ပေါင်းရင် အမည်း ဖြစ်တယ် ။
ဒီဒဿနကိုကျွန်တော်သိလိုက်တဲ့ အချိန်မှာ

တိမ်......................လေ
ညို..........................နီ
တွေ.........................ကြမ်း
ပြို...................တွေ
ပျက်............နှင့်
ကျ........အ
တူ
.....
..
.
ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်း
ထုတ်ချင်းပေါက်သွားတဲ့ ပန်းသီးတစ်လုံးက x x x x x x



တိမ်ပြာ
၂၈.၀၆.၂၀၁၀

အိမ်ဖော်




ရောင်နီရဲ့ အလှအောက်က

နဂါးငွေ့ တန်းတွေ

နေညိုချိန်ဆို ငွေ့ ရည်ဖွဲ့ တယ်

လရောင်က ချော့သိပ်

တိတ်တဆိတ် အိပ်ခန်းထဲမှာ

ပျံ့

လွင့်

လို့  ။


တိမ်ပြာ

မနက်ဖြန်တွေကို တကယ်လို့ သာ





မနက်ဖြန်

မနက်ဖြန်ဆိုတာ
ကျွန်တော့ရဲ့ မျှော်လင့်ချက်အဖြစ်
သက်မှတ် ထားတယ်.......။

စကြာဝဠာကြီးထဲမှာ
အမှုန်လေး နှစ်မှုန် ဆုံမိခြင်း
လေပြေရဲ့ သယ်ဆောင်မှုလား
မုန်တိုင်းရဲ့ သယ်ဆောင်မှုလား
ရေရေရာရာ မသိလိုက်ဘူး........။

......ဆုံမှတ်က.....
တောင်ပင်လယ်ကနေတက်လာတဲ့
ကြေးနီရောင်တိမ်တိုက်......
စကြာဝဠာ အလယ်မှာ ၀ဲနေတဲ့
ညို ပြာရောင် တိမ်တိုက်.....
ဇာတ်ဆရာရဲ့ သယ်ဆောင်မှုကြောင့်ပေါင်းဆုံပြီး
ပေါက်ကွဲမှုတစ်ခုမှထွက်လာတဲ့ အသံက

“၀ုန်း”

“၀ုန်း” “၀ုန်း”

ပြီး

ဒေါင်လိုက်ပြတ်ကျလာတဲ့ “အလင်းတန်း” တစ်ခု
အဲ့ဒါကို ကျွန်တော် သတ်မှတ်လိုက်တယ်

”“အချစ်”“

.....သိပ်ချစ်ခဲ့တယ်.....

ရနံ့ တချို့ နဲ့ အတူ
ညနေခင်းလေးရဲ့ ဆည်းဆာမှာ
ခပ်မှိန်မှိန် မျှော်လင့်ချက်တွေနဲ့ 
လွင်ပြင်ထဲမှာ ရေးမှတ်လိုက်တဲ့ အက္ခရာက

“““““မနက်ဖြန်””””

အဲဒီ အက္ခရာတွေကပဲ
စိုက်ပျိုးခဲ့တာ
ချိုမြိန်ခဲ့ ၊ ခါးသက်ခဲ့
ရှင်သန်ခဲ့ ၊ သေဆုံးခဲ့

ဘယ်ဘက်ရင်အုံကို ငုံ့ ကြည့်လိုက်တိုင်း
ထွင်းထားတဲ့ အက္ခရာတွေကို “ခြ” စားနေခဲ့တယ်
တောင်ပို့ သာဖြစ်လာခဲ့
အဲဒီထဲမှာ အက္ခရာက
“အထင်သား”

နေ နဲ့ လ ကသာ စိန်ပြေးတမ်း ကစားနေခဲ့
ကျွန်တော် တစ်ယောက်ထဲ
လက်ပေါ်နဖူးတင်လိုက် နဖူးပေါ်လက်တင်လိုက်
လူ ကသာအိပ်နေတယ် စိတ်ကသူ့ ဆီမှာ

ကျွန်တော် မယုံလို့ မနက်ဖြန်ကြရင်
ကျွန်တော် ရေးထားတဲ့
မနက်ဖြန်ရှိသေးလားလို့ သွားကြည့်အုံးမယ်
မနက်ဖြန် ဆိုတာကတော့ရှိနေမှာပဲ
ဒါပေမဲ့ ကျွန်တော် မနက်ဖြန်ဆိုတာကို
မျှော်တတ်နေပြီ........။





တကယ်လို့ သာ



လမ်းခွဲရတော့မယ်
ဇာတ်သိမ်းကိုကြိုသိနေပေမဲ့
မနက်ဖြန်တွေကို
မျှော်လင့်လို့ရသလောက်ထက်
ပိုပြီးမျှော်လင့်နေချင်သေးတယ်....။
ရင်ခွင်ထဲက
ပြိုကျနေဆဲအမှောင်ထုတွေ
မနက်ဖြန်ဆိုတာ ငါတို့နဲ့မဆိုင်မှတော့
ဒီနေ့ဆိုတာလဲ
ငါမလိုချင်ပါဘူး ချစ်သူရယ် .....
ဟိုးအရင်က
မနက်စောစောအချိန်တွေကိုလွမ်းတယ်...
မှောင်ရီပျိုးတော့မဲ့ ညနေခင်းတွေကိုလွမ်းတယ်..
လရောင်တောက်နေတဲ့ ညခင်းတွေကိုလည်းလွမ်းတယ်...
တ ကယ် လို့ သာ . . .
အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင်. . .
မနက်ဖြန်ဆိုတာတွေကို
စိတ်တိုင်းကျဖန်တီးခွင့်ရခဲ့ရင်. . . . . . . . ။




တိမ်ပြာ& နွယ်ရှင်
၁၇.၁၁.၀၉

***အဆုံးသတ်တဲ့ အမေ့အိမ်***




ခွင့်ပြုချက်မလိုပဲ ကျွန်တော့်အတွက်

တံခါးအမြဲဖွင့်ထားတဲ့ အမေ

ရောက်ရောက်ချင်း ကျွန်တော် ကန်တော့ပါရစေ အမေ

အမေ့ရင်ကို စုံကန်ပြီး

နှစ်၊လတွေ အလီလီ ခွဲခွာသွားတဲ့ ကျွန်တော့်ကြောင့်

အမေ့ ရင်တွေနာနေရောပေါ့

ကျွန်တော့်သိနေတယ် အမေ

အနှိုင်းမဲ့ မေ့တ္တာတွေနဲ့  ဆီးကြိုနေဦးမယ်ဆိုတာပဲ

အမေ့မျက်ဝန်းထဲက မျက်ရည်စတွေ

ကျွန်တော့်ကြောင့်ပါလို့  ၀န်ခံပါရစေ

သားမိုက် ပြန်လာလို့ 

ပြုံးပျော်နေတာလား အမေ

ကျွန်တော့် ရင်ထဲမှာ တလိမ့်လိမ့် ခုန်တက်လာတဲ့

လှိုင်းလုံးတွေရဲ့စည်းချက်တွေကလဲ

ညီညာနေလိုက်တာ

အဲ့ဒီစည်းချက်တွေနဲ့ အားပါးတရ အော်ခေါ်ပြီး

အမေ့ကိုပွေ့ ဖက်ထားပါရစေ

ပွေ့ ဖက်ထားပါရစေ အမေ

အမေ့အနားမှာ ပြန်လည် ပြုစု၊ယုယပါရစေ အမေ

အမေ့ရင်ခွင်လောက်ငြိမ်းချမ်းတဲ့နေရာ မရှိဘူး ဆိုတာ

ကျွန်တော် ကောင်းကောင်းနားလည်လိုက်ပြီ

ကျွန်တော်ရင်ဆိုင်ခဲ့တဲ့ လောကဓံကြီးက

မယာတွေနဲ့ အမိုးမပါဘူး အမေ

ဒါပေမဲ့

ဟော့ဒီလောကကြီးထဲမှာ

အားလုံးနဲ့ ညီညွတ်အောင်နေခဲ့တယ်

ဘုန်းတော်ကြီးတွေရဲ့ တရားကိုနာကြားခဲ့ဖူးသလို

ကိုယ်တိုင်လဲလိုက်နာခဲ့ဖူးတယ်

မင်္ဂလာရှိနေ့ ရက်တွေကို ပျော်မြူးခဲ့ဖူးသလို

အမင်္ဂလာနေ့ ရက်တွေမှာလဲ

မျက်ရည်စတွေနဲ့  ကြုံဆုံခဲ့ဖူးတယ်

ဓနရှင်တွေနဲ့ ဆက်ဆံခဲ့ဖူးသလို

သူဖုန်းစားနဲ့ လဲ စကားစမြည်ပြောခဲ့ဘူးတယ်

ဒီလိုနဲ့ 

လျှောက်ရင်းလှမ်းရင်း

နောက်ဆုံးတော့လည်း

အာသီဿတွေနောက် လိုက်ရတာ

အမေ့အိမ်မှာ အဆုံးသတ်တယ်

အမေ့ရင်ခွင်မှာပဲ

အဆုံးသက်တယ်

အမေ ။


တိမ်ပြာ

၁၆.၀၁.၂၀၁၁

နှုတ်ဆက်ခဲ့ပါတယ် ***2010***






(1)
မင်းရဲ့ရာဇ၀င်ထဲမှာ
ဘ၀ ဘ၀ တွေရဲ့
သာယာလှပမှုတွေနဲ့ တွန်ကျူးနေခဲ့သလို...
အကျည်းတန်၊၀မ်းနည်းခြင်းတွေနဲ့ 
ကြေကွဲနေခဲ့တယ် ။


(2)
မင်းရဲ့ရာဇ၀င်ထဲမှာ
သန်းကြွယ်သူဌေးတွေရဲ့
လေချွန်သံတွေ ညံနေခဲ့သလို...
သူဆင်းရဲတွေရဲ့
ညည်းတွားသံတွေ ရှိနေခဲ့တယ် ။


(3)
မင်းရဲ့ရာဇ၀င်ထဲမှာ
အလင်းလက်လက်ထဲ ခုန်ဝင်သွားသလို...
အမှောင်နက်နက်ထဲ ခုန်ဆင်းမှုတွေ
ရှိနေခဲ့တယ် ။


(4)
မင်းရဲ့ရာဇ၀င်ထဲမှာ
မြို့ပြရဲ့ ရာဇ၀င် ကျင့်ထုံးမှုတွေ
မှောက်မှာနေခဲ့သလို...
မြို့ပြရဲ့ရာဇ၀င် ကျင့်ထုံးတွေကို
ကျင့်သုံးနေခဲ့တယ် ။


(5)
မင်းရဲ့ရာဇ၀င်ထဲမှာ
သိမ်မွေ့ ၊နုညံ့မှုတွေ လေးနက်နေခဲ့သလို...
ကြမ်းတမ်း၊ရက်စက်မှုတွေပေါ့ပါးနေခဲ့တယ် ။


(6)
မင်းရဲ့ရာဇ၀င်ထဲမှာ
ကျေနပ်၊နှစ်သိမ့်ခြင်းတွေနဲ့ ရှိနေခဲ့သလို...
အာသီဿတွေမကုန်တဲ့
ဖျားယောင်းသွေးဆောင်မှုတွေ
ရှိနေခဲ့တယ် ။


(7)
မင်းရဲ့ရာဇ၀င်ထဲမှာ
တည်ငြိမ်၊အေးချမ်းမှုတွေနဲ့ 
လောကဓံခရီးဆက်နေခဲ့သလို...
ကစဉ့်ကလျားတွေနဲ့  ဖြစ်ကတတ်ဆန်း
လျှောက်လှမ်းမှုတွေရှိနေခဲ့တယ် ။


(8)
မင်းရဲ့ရာဇ၀င်ထဲမှာ
ခခယယနဲ့ ခဏခဏ
ပူဇော်ပသမှုတွေ ရှိနေခဲ့သလို...
ခဏတဖြုတ်တောင်မှ
အခစားမ၀င်တဲ့ လျှောက်လှမ်းခြင်းတွေ
ရှိနေခဲ့တယ် ။


(9)
မင်းရဲ့ရာဇာဝင်ထဲမှာ
ရှင်သန်ခြင်းတွေရဲ့ အော်မြည်သံတွေ
ပြည့်နှက်နေခဲ့သလို...
သေဆုံးမှုတွေရဲ့ ငိုညည်းသံတွေ
ပြည့်ကျပ်နေခဲ့တယ် ။


(10)
နောက်ဆုံးတော့လဲ
ရာဇ၀င်တွေထဲက ရာဇ၀င်ထဲမှာ
နေသားတကျနဲ့ 
မင်းနေရစ်ခဲ့ပေဦးပေါ့ ။


(11)
2---------Good->->->->->2
0---------------B->->->->->->0
1------------------Y->->->->->->->1
0---------------------E->->->->->->->->1
>>>>>>>>>>>>>>>>>>>>>>>>>>>
>
အို.......လူသားအပေါင်း
သတ္တ၀ါအပေါင်းတို့ 
ငြိမ်းချမ်း၊သာယာ၊ပျော်ရွှင်
ဝမ်းမြောက်ခြင်းတို့ နှင့်အတူ
အလို၊ဆန္ဒ ပြည့်ဝပါစေသား.......။




တိမ်ပြာ
31-December-2010

သမိုင်းသစ်ရဲ့အင်အား





(၁) ဒီလောကကြီးထဲမှာ

ဆေးရောင်စုံခြယ်ထားတဲ့
စိတ်ရောင်စုံ ရှိတယ်.....။
ဆေးဆိုးပန်းရိုက်တွေနဲ့ 
အာသီဿတွေမကုန်နိုင်တဲ့
တောနက်ထဲက မာယာတွေနဲ့ ပေါ့....။


(၂) မျှော်လင့်ချက်နဲ့  ရွက်လွှင့်ခရီးနှင်သူ
ပန်းတိုင်မဲ့ပေမယ့်
ယုံကြည်ချက် ရှိတယ်...။
လရောင်နဲ့ ယက်လုပ်ထားတဲ့
တံတိုင်းကိုမှ ကာရံမဲ့ခြင်းမျိုးဆိုရင်
ငါတို့ ကာရံတွေနဲ့ ငါတို့ ခရီးဆက်မယ်...။


(၃) လာစမ်းပါ...လောကဓံ ၊
ကြိုက်ရာလက်နက်စွဲ
ကောင်းကင်မိုးအောက်နဲ့ 
မြေပြင်ထက်
စီးချင်းထိုးဖို့ အသင့်ပဲ....။
မင်းတို့ ရဲ့စိန်ခေါ်ပွဲမှာ
ကောက်သင်းကောက်နေတဲ့
ငါတို့ ရဲ့တစပြင်က ငါ့တို့ ရဲ့ မျိုးစေ့တွေ
မင်းကိုလှောင်ရယ်နေဦးမယ်....။


(၄) လောကရဲ့ သောက အထွေထွေက
ပူပင်နေရုံနဲ့  ပျောက်ရိုးမရှိ ၊
ကံကြမ္မာလှိုင်း ရိုင်းရိုင်း ကြမ်းကြမ်း
ဖြတ်သန်းဖို့ အားမာန်အသင့်....။
ဧရာဝတီ စီးဆင်းနေတာ မခမဲ့
ဖြတ်သန်းသွာလာခွင့်ပြုတယ်
ရေသောက်မြစ်ရဲ့အဆုံးက
အင်အားတွေနဲ့ 
ဟော့ဒီကမ္ဘာရဲ့အရောင်တွေကို
ဆေးကြောလိုက်.....။



(၅) ဒီလူတွေရဲ့ရာဇ၀င်မှာ
အရောင်မဲ့တေးသွားတွေနဲ့ 
အောင်လံတလူလူ လွှင့်မယ်လူ

ဤဇမ္ဗူမှာ ပြိုင်ဘက်ကင်း
ဒါ....
သမိုင်းသစ် မွေးဖွားခြင်းပေါ့...။ ။






တိမ်ပြာ & နေခြည်ထိုက်ထိုက်

02-Dec-2010

ငါ၏လောကဓံထဲက ရှိခြင်း ၊ မရှိခြင်း





သင်္ချီုင်းစာအတွက် သင်္ဂြီုလ်ဖို့ 

လောကဓံနဲ့ ရင်ဆိုင်ရတာက တစ်ကြောင်း

ထောင်ထဲက ထွက်ဖို့ က တစ်ကြောင်း

ကဗျာရေးဖို့ က တစ်ကြောင်း

အကြောင်းကြောင်းတွေက

တ စ်ေြ ကာ င်း

နှစ်ေြ ကာ င်း

သုံးေြ ကာ င်း

..................................................

ဝှက် ထား တဲ့ 

ငါ့ ရင် ဘတ် ကို

ဖွင့်

ချ

လိုက်

တာ

ဘာမှထွက်မလာဘူး

တစ်ယောက်ယောက်က

ယူသွားတာလဲဖြစ်နိုင်တယ် ။

အစကတည်းက

မရှိတာလဲဖြစ်နိုင်တယ် ။




တိမ်ပြာ
၃၀.November.၂၀၁၀

ဆောင်းရာသီမှာ ပွင့် ဝေ ခဲ့တဲ့ ဆောင်းကြွင်း




ုအ သက် ၀င် လာ ခဲ့ တဲ့ ဆောင်း ရာ သီ က

ကျွန် တော့် ပင် လယ် ပြင် ထဲ မှာ

လှိုင်း တွေ ရိုက် ခက် နေ ခဲ့ ဖူး တယ်

ရိုက် ခက် နေ ခဲ့ တယ် ။

ရ နံ့  ခိုး တို့  ပြို ပြက် ရိပ် ရိပ် နဲ့ 

ဆောင်း ရာ သီ ရဲ့  ပစ် ကြဲ ချ လိုက် တဲ့

အေး စက် စက် မြူ နှင်း တွေ က

နွေ ဦး မ ရောက် ခင် မှာ ပဲ

နှင်း ပွင့် တွေ ညို စင်း နေ တဲ့ ကြား က နေ

လိမ့် ဆင်း လာ တဲ့

နေ ရောင် ကျဲ ကျဲ အောက် မှာ

ပြောက် ဆုံး သွား ခဲ့ တယ် ။

ပြောက် ဆုံး သွား တာ

ဆောင်း ရနံ့ ကြောင့် လား လို့ မေးတော့

ခု ချိန် ထိ ငြင်း ဆို နေ တုန်း...

နွေ ဦး ကြောင့် လား လို့ မေး တော့

ခု ချိန် ထိ ငြင်း ဆို နေ တုန်း ပဲ...

ကျွန် တော် ရယ်

ဆောင်း ရယ်

နွေ ဦး ရယ်

တစ် လှည့် စီ

ပြန် မေး ရင်း နဲ့ 

......

..........

.....................

နောက် ဆုံး ထိ

မ ဆုံး သေး တာ က

ဆောင်း ကြွင်း ။





တိမ်ပြာ
17-NOV-2010

သောက်လျက်စ အလွမ်း








ဒီလိုပဲ

ဒီလိုပါပဲ

အမြဲတမ်း ပါပါနေတတ်တဲ့

အတိတ်က အရိပ်တွေ

ဒီနေ့ ထိ လွှမ်းမိုးနေတယ် မညိုပြာ

လွှမ်းမိုးနေခဲ့တယ်... ။


မညိုပြာ ပေးခဲ့ဖူးတဲ့ အမှတ်တရတွေက

ကျွန်တော့်ခေါင်းရင်းဘေးမှာ သက်ရှိရုပ်ဝတ္ထုတစ်ခုလို

ကျွန်တော်နဲ့ ညည စကားပြောဖြစ်နေသေးတယ် ။


မြင်ယောင်နေတဲ့

မညိုပြာရဲ့ အပြုံးတစ်ပွင့်က ကျွန်တော့အတွက်

ဘယ်တော့ဖြစ်ဖြစ် ရှင်သန်နေခဲ့တယ်လေ ။

ဖြားယောင်းသွေးဆောင်မှုမပါတဲ့

သတိရခြင်းတွေနဲ့  သိပ်ကိုသတိရနေမိတယ် မညိုပြာ ။


မညိုပြာကတော့

ဟောင်းသွားတဲ့နေ့ ရက်တွေကို သတိရတာထပ်

ဖျော်တိုက်ခဲ့ဖူးတဲ့ ကော်ဖီ အေးတိအေးစက် တစ်ခွက်က

ဒီနေ့ ထိ အေးစက်စက်နိုင်လွန်းတယ် မညိုပြာ ...။


သစ်လွင်နေတဲ့ ပြက္ခဒိန်တိုင်းမှာ

အသက်ငွေ့ ငွေ့ ရှိနေသေးတယ် ဆိုတာ

ခြေရာတွေလိုက်ကောက်နေစရာ မလိုပါဘူး ။


ဒီမယ် မညိုပြာ

ရှင်သန်နေဆဲ မညိုပြာရဲ့

ပုံရိပ်မြွက် ပုံရိပ်ငွေ့ တွေက လွှမ်းမိုးနေခဲ့တာလေ ။

တစ်ခါတစ်ခါ ကိုယ့်အရိပ်ကို ထင်ယောင်ထင်မှားနဲ့ 

မညိုပြာ...မညိုပြာ..မညိုပြာ လို့ 

ခေါ်ခေါ်နေမိတာကလွဲရင်

ကျွန်တော့်မှာ ဖွင့်ပြောဖို့ စကားလုံးတွေ

သေဆုံးနေခဲ့တယ် မညိုပြာ ။


အဲ့ဒီသေဆုံးနေတဲ့စကားလုံးတွေကို

ဝဲဘက်ရင်အုံထဲမှာမြုပ်နှံထားရတာ

ဥမင်လိုဏ်ခေါင်းထဲ ခေါင်းလျှိုပြီး

ဟစ်အော်လိုက်တဲ့အသံက ကိုယ့်နားထဲကို

ပဲ့တင်ထပ်ထပ်နေခဲ့တယ် မညိုပြာ ။


ပင်လယ်ပြင်မှာ ပျံနေတဲ့ငှက်တစ်ကောင်က

ခိုကိုးရာမဲ့နေသလို

ကျွန်တော့်ရဲ့ အခန်းထဲမှာ အခိုးအငွေ့ တွေပျံ့ လွင့်လို့ 

ရင်ခွင်မဲ့ လွင်ပြင်တစ်ခုလုံး ဖွစာ မွစာပြန့် ကျဲနေတာ

ကျွန်တော့်အကြောင်းကျွန်တော် ပြန်မတွေးမိဘူး ။


သောက်လျက်စ အလွမ်းခွက်ထဲ

ပျားတစ်ကောင်က မသေမရှင်

ပျာပျာသလဲနဲ့ .....

အဲ့ဒါကိုမှ ကျွန်တော် မက်မက်မောမော

သောက်သုံးနေမိတယ်

သောက်သုံးနေခဲ့တယ် မညိုပြာ ။


အဆိပ်တက်နေတဲ့

သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောတွေ

ဆုံတဲ့နေရာမှာ စစ်ပွဲတွေဖြစ်လို့ 

ဘယ်တော့မှ ပြီးဆုံးမယ်မသိတဲ့ စစ်ပွဲမှာ

လွယ်အိတ်တစ်လုံးပိုက်

အလံဖြူလေး ရင်ဘတ်မှာထိုးပြီး

ကန္တာရကို ဖြတ်သန်းနေရတဲ့

ဒီကောင်လေးရဲ့ ခြေ၊လက်တွေ

ပူလို့ ထူလို့ ပေါ့ ။


နောက်ဆုံးတော့လဲ

အလွမ်းတွေလိုက်ကောက်နေရတဲ့

ရင်ဘတ်ထဲက အလွမ်းအိမ်လေးက

ရိုးမြေကျ နေပါရောလား

ညို

ပြာ

........

..................

...........................။








တိမ်ပြာ
၂၆.၁၀.၂၀၁၀

ပင် လယ် မှာ သာ တဲ့ လ






လေ ပြေ တွေ တိုက် ခတ် ခဲ့ တဲ့

ည နေ ခင်း တွေ ရဲ့ အ လှ ကို

မ ဟူ ရာ ည က သိမ်း ပိုက် သွား ခဲ့ တယ်။

ပင် လယ် မှာ သာ တဲ့

လ ရဲ့ အ လှ က

တ လက် လက် ထ နဲ့ တဲ့

လှိုင်း ခက် သံ ကြား က နေ

တိမ် လွှာ ထဲ

ခိုး ၀င် သွား တယ် ။

နောက် က မ္ဘာ မှာ

သူ

မ ဟူ ရာ ည နဲ့ 

ကွာ ရှင်း ပြတ် စဲ ဖို့ 

ကြိုး စား လိမ့် ဦး မယ် ။





တိမ်ပြာ
၂၅.၁၀.၂၀၁၀

ကဗျာ ဆရာ





ဆေး တစ်ခွက်

အရောင်မပါတဲ့ ဆေးတစ်ခွက်

စာအုပ် တစ်အုပ်

အရောင်မပါတဲ့ စာအုပ်တစ်အုပ်

တိမ်တွေကို မှုတ်ထုပ်ရတာ

ပေါ့ပါးတယ်

လေးလံနေတဲ့ ပင်လယ်က

အန် ချ

ဝေါ...ခနဲ...

ဝေါ...ခနဲ.....

ဝေါ.........ခနဲ
........

ခြေရာရဲ့ ငို / ရီ(ရယ်)သံများ

ရင်ဘတ်ရဲ့ ငို / ရီ(ရယ်)သံများ

ပြီး

မြေလွတ် မြေရိုင်း တစ်နေရာ

မှတ်တမ်း တစ်ခု

မသေ ဆေးကို

သူရှာသွားတယ် ။






တိမ်ပြာ
၂၄.၁၀.၂၀၁၀

ရာဇ၀င်ထဲက အလွမ်း




လက်ရေးတွေ စိမ်းတယ်
စားလုံးတွေ စိမ်းတယ်
မျက်လုံးတွေ စိမ်းတယ်
အကြည့်တွေ စိမ်းတယ်
အပြောတွေ စိမ်းတယ်
ခြေလှမ်းတွေ စိမ်းတယ်
အဲ့လိုချည်းပဲ
စိမ်းနေတော့မှာလား...


ပင်လယ်အောက်မှာ
ရှူရှိုက်နေတဲ့ မီးတောင်က
မျက်နှာပြင်မှာ လာပေါ်မှာ စိုးလို့ 
ဖုံးကွယ်ထားတာကို
စိမ်းကားရက်တယ်လို့ 
ပြောရင်လဲ
နှလုံးသားလေး သိုသိပ်ကျေနပ်စွာ
ခံယူလိုက်ပါ့မယ်....။


အဲ့ဒီလိုနဲ့ မင်းက ငါ့ကို
ကန္တာရထဲကနေ
နေ လုံးကြီးခုန်ချသွားတာကို ကြည့်ပြီး
စိတ်ပျက်လက်ပျက်နဲ့ 
အိုအေစစ်ကမ္ဘာထဲ
လျှောက်လှမ်းသွားမယ်လို့ များ
မင်းထင်နေရော့လား...။


ကောင်းကင်ကြီးနဲ့  ပင်လယ်
ဘယ်မှာထိတာလဲ
အဲ့ဒီနေရာလေးမှာ
အတူသွားနေချင်ခဲ့တာ
ဘယ်တော့မှ မရောက်နိုင်တဲ့နေရာလေးမို့ 
အချိန်တွေ ကုန်ဆုံးသွားမှာကို
တွေးတွေးငေးငေးနဲ့ 
အငိုမျက်လုံးတွေက
မဲ့ လို့ 
ဒဏ္ဍရီသာဖြစ်နေခဲ့တာလေ...။


ကောင်းကင်နဲ့ ပင်လယ်
မိုးကုပ်စက်ဝိုင်းရဲ့ တစ်နေရာမှာ
ထိမယ်ဆိုတာ
ဖြေရှင်းချက်ပေးရအုံးမှာလား
ဟော့ဒီရင်ဘတ်ထဲက
ချစ်ခြင်းရဲ့  အဆုံးမှာထိလိမ့် မယ်
အဲ့ဒါ
မြေ အဆုံး
ရေ အဆုံး
မိုး အဆုံး
ဟို့ .....................အဆုံးထိ
ဆိုတာပဲ


ငါ့ရှေ့မှာ မင်းမဲ့ပြုးလေးတွေနဲ့ 
နောက်ကွယ်မှာ ကိုယ့်ကိုကိုယ်
စိတ်အစာကျွေးနေမယ်ဆိုရင်
ဟော့ဒီ...မြောက်မြို့ ရိုးကြားမှာဝှက်ထားတဲ့
ရှင်သန်မှုတွေကို မင်းယူသွားပေးပါလားကွာ...။


ဖြစ်နိုင်ရင်
ရင်တွင်းခံစားချက်လေးတွေကို
ဘယ်သူ့ ကိုမှ
မသိစေချင်ပါဘူး.....။


ပြက္ခဒိန်တွေကို
နောက်ပြန်ဆွဲကြည့်မယ်ဆိုရင်
မြုပ်နှံထားတဲ့ တောင်ပုံယာပုံ
အလွမ်းတွေထဲမှာ
ခဏခဏပြေးပြေးကြည့်ရင်
လွမ်းနေခဲ့ရတယ်ဆိုတာ မင်းသိကောင်းပါရဲ့ ...။


အချိန်တွေကို
နောက်ပြန်ဆွဲလို့ ရရင်
အတိတ်ဆိုတဲ့ နေရာလေးမှာပဲ
နေချင်ခဲ့သူပါ
ရယ်မောပျော်ရွှင်ခဲ့ရတဲ့
အချိန်လေးကို
သတိရလွမ်းနေဆဲပါ...။



အတိတ်ဟာ တိတ်မနေဘူး ဆိုတာပဲ
မခေါ်ပဲရောက်ရောက်လာတဲ့
အဲ့ဒီအလွမ်းတွေကို
တိတ်တိတ်လေး ဖွင့်ကြည့်နေမိတာ
ဥပဒေ လွတ်ကင်းနိုင်ကောင်းလောက်ပါတယ်လေ...။


လူတစ်ယောက်ကို လွမ်းနေမိတာ
အချစ်ဥပဒေက ခွင့်မပြုရင်
လွမ်းတော့ ပြစ်ဒဏ်ကျခံရမှာ
သေချာတယ်....။


အဲ့ဒါ မင်းကိုယ့်ကိုကိုယ်
ပြစ်ဒဏ်ချပေးထားတာပဲလေ
ကျနေတဲ့အပြစ်က
သေရာပါဆိုရင် မင်းငြင်းအုံးမှာလား ...။


ငြင်းဆန်နိုင်စွမ်းမရှိတဲ့
အလွမ်းရာဇ၀င်ထဲမှာ
နှုတ်မဆက်ပဲ
တိုးတိုးတိတ်တိတ်
ချစ်နေယုံလေးနဲ့ ပဲ
တမ်းတနေပါတော့မယ်....။


တိမ်ပြာ + လွမ်း

သော့




ဝင်္ကပါထဲက

ထွက်ဖို့ အတွက်

သော့တံ တစ်ချောင်းကို

ခင်ဗျား ဦးနှောက်နဲ့ 

ကျွန်တော့် ဦးနှောက်

အဲ့ဒီ

ထဲမှာဝှက်ထားတယ် ။



တိမ်ပြာ
၂၄.၀၉.၂၀၁၀

ကဗျာရွတ်သံ




မြစ်လေးရယ်တဲ့ ရေစီးသံ
ဖားအော်လို့ ညံ
တောင်စွယ်မှာ စုကာချီလို့ 
ရှေ့ဆက်မည်လမ်း



ဝဲဂယက်ရယ်တဲ့ စုန်စုန်ဆန်
ငါးသုံးမှာရံ
ရေစီးတစ်ခါ ရေသာတစ်လှည့်
တက်မကိုနွဲ့


ရွှေကြာဖူးလေး တစ်ငုံနှစ်ငုံ
သီတာထက်မှာရုံ
ငွေသော်တာ ရွှေရည်သာလို့ 
ထွဋ်ထွက်မည်ပန်း



ရေမှာမြူးတဲ့ ဗေဒါအငုံ
ငါးသုံးရင်ခိုလှုံ
ရွှေပြည်တော် မျှော်တိုင်းမဝေး
လှိုင်းထက်မှာရေး


လှိုင်းခတ်သံလေး ရွှင်မြူးပြန်
သိင်္ဂါရသ မြင့်မိုရ်တောင်ထက်
ပင်လယ်နက်
လျှပ်လက်သလို မိုးကြိုးသွားထက်
လက်ရာကမြတ်



ရေးမှတ် လက်အား တူမျှဟန်
ငါးသုံးရသမှန်
သတ်စေ့ရယ်နှက် သုံးချက်ထပ်
သဏ္ဌာန်ထက်မြတ် စာဆိုလက်
ကာရံစည်းကသွက်



တောင်စဉ်ခုနှစ်သွယ်
မြစ်ရောင်နီထဲ
ဆင်းကာသောက်တယ်
ဂိမှာန်
ကြွေလို့ 
ဝဿာန်
ဖူးတွေ
ဟေမှာန်
ပွင့်ကာဝေလို့ 



ငါးသုံးမောင်နှမ
တွဲလက်ညီ
ပြုံးရိပ်ယှက်သန်းကြည်
လက်ရာစုံလို့
ရသထူး
ကဗျာပန်းတွေဖူး


ရွက်လွှင့်ကာထား လည်ပတ်မည်
သံပြိုင်ဟစ်ကြွေးညီ
ငါးလေးတွေကိုတောင်ပံတပ်
တက်ညီ လက်ညီ လှော်ကာတတ်
လှော်...
လှော်....
လှော်ကာထား....ဟေ့.....
....................။


စိတ်ထားတူညီ တွဲလက်ချီ
ပန်းတိုင်သို့ရွယ်ရည်
ကဗျာလေးတွေကိုတောင်ပံတပ်
လက်ညီညီရေးစပ်
ရေး ...
ရေး ...
ရေးကာထား ... ဟေ့ ...
....................။



ပွင့်မျိုးစုံညီ သုံးရာသီ
ကံ့ကော်ရွှေရည် လေမှာဝဲလို့ 
ငွေစံပယ်ဖြူ လှိုင်လှိုင်ပွင့်တယ်
ပန်းသဇင် ပင်ယံထက်က
သင်း ထုံ နံ့  ကဲ ...



ရေးလက်စုံညီ သုံးရာသီ
ကာရန်တွေသီ လင်္ကာတွဲလို့
ရွှေကဗျာလူ အားသွန်ကူတယ်
မြစ်လက်တက် ပေါင်းစုံသွက်တဲ့
ငါးသုံးမြစ်ထဲ ...
................. ။



တိမ်ပြာ & မိဿမင်းသမီး
၀၇.၀၉.၂၀၁၀

သေတမ်းကဗျာ




မွေးကတည်က
လက်မှတ်ဖြတ်ထားခဲ့တာ
ဒီလမ်းပဲလေ ။

ညနေဆည်းဆာကို
ကောက်သင်းကောက်နေမဲ့အစား
ရောင်နီလာချိန်မှာ
အသက်သွင်းပေးပါ ။

ခင်ဗျားနဲ့ ကျွန်တော်
မိုးခါးရေသောက်ခဲ့တုန်းက
နတ်ဝိညဉ်တွေကခုန်ပြီ
အဲ့ဒီမှာ
ပန်းတစ်ခင်းပျိုးခဲ့တာ


အဲ့ဒီပန်းခင်း
ရေလောင်းပေါင်းတင်လုပ်ပြီးမှာ
ခင်ဗျား
ကျွန်တော့်နောက်လိုက်ခဲ့.....။

အဲ...ဒါပေမဲ့

ကျွန်တော့်ကို

မီး

ရှို့ 

ခဲ့

ပြီးမှ

ခင်ဗျားပြန်ပါ ။


တိမ်ပြာ
၀၅.၀၉.၂၀၁၀

ခရီးသွားခြင်း







ခြေရာရဲ့ နောက်မှာ
ခြေရာတွေ ရှိတယ်
ထိုခြေရာများသည်
...... /..... ။


အနာဂတ်သည်
အတိတ်ဖြစ်ဖြစ်သွားခြင်းကြောင့်
ဒီနေ့ သည်လဲ
မနေ့ က မနက်ဖြန် အဟောင်း
ဖြစ်နေပြန်သည်.....။


ထို့ ကြောင့်
ကျွန်တော်၏ ခရီး
ရှည်လျားမည်
မရှည်လျားမည်
... ?


ကမ္ဘာမြေကြီးသည်
အရေခွံထူသော်လဲ
ကျွန်တော့် ဖိနပ်လေး
ပါးလွှာလှပေသည်....။


ပါးခြင်းနဲ့ လွှာခြင်းကြောင့်
ထိုခရီး
ပြောက်ကွယ်သွားလိမ့်ဦးမည် ။


ကောင်းကင်သည် ငို၍
မြေကြီးသည် (ရီ)ရယ်သည် ။
ငိုခြင်းနှင့် (ရီ)ရယ်ခြင်းကြား
လျှို့ ဝှက်ချက် ရှိပေလိမ့်အုံးမည် ။


ထိုသို့ ဖြင့်
ကျွန်တော်သည်လဲ
လျှို့ ဝှက်ခြင်းနှင့်
ရပ်တည်ရအုံးမည် ။





တိမ်ပြာ
၀၁.၀၉.၂၀၁၀