ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

***ခုနစ်သံစဉ်***









အဲ့ဒီနေ့ က
နတ်ပြည်ကိုရောက်ခဲ့တယ်
နတ်သမီးလေးကို
....မတွေ့ ခင်မှာ......
ခုတ်မောင်းလာတဲ့မြင်းပျံရထားရဲ့ 
အရှိန်အဟုန်က
တစ်နာရီ မိုင်(၁၈၀)နှုန်း....

.....တွေ့ လိုက်တော့.....
အေးမြတဲ့ အလင်းတစ်ခု
ဆူးရှတဲ့ မျက်ဝန်းတစ်စုံကြောင့်....
ပင်လယ်အောက်မှာ
လှိုင်းတွေ လက်ခုပ်တီးနေတယ်

ပြိုပျက်ကျလာတဲ့အသံက
ကတုန်ကယင်နဲ့ ....
.....
..........
ကျွန်တော့်ရှေ့ မှာ
အောက်ဆီဂျင်
ပြတ်တောက်နေခဲ့တယ်
...............................
.................................... ။

ကျွန်တော်ဆိုတဲ့
“အညတရ” ကောင်က
ဘ၀စာမျက်နှာကို
ကျောက်ကြမ်းနဲ့ ခတ်ကြမ်းကြမ်း
သွေးနေခဲ့တဲ့ကောင်လေ.....။

“ဒါကို........”

ကောင်းကင်မှာထွန်းလင်း တောက်ပနေတဲ့
ဓူဝံကြယ် ကိုခူးယူဖို့ လုပ်နေသေးတယ်.....

“ဟင့်အင်း....ဟင့်အင်း”

မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး
အရမ်းမြင့်လွန်းတယ်
အမြင် နဲ့ အတွေးက
ငါ့ကိုလှောင်ရယ်နေခဲ့တယ်......။

တွန်းအားတွေပေးနေတဲ့
နှလုံးသားကပြောတယ်
ငါ့ကိုလွတ်လပ်ခွင့်ပေးပါ
ငါသွားမဲ့လမ်းမှာ
ခုနှစ်စင်ကြယ်က
ငါ့ကိုလမ်းပြနေတယ်တဲ့......။

ကျွန်တော့်အတွက် လမ်းပြကြယ်လေး
ပြနေတဲ့လမ်းက ပျပျလေး
လင်းတစ်ခါမှောင်တလှည့်နဲ့ 
နွေဦးမရောက်ခင်မှာ
ကျွန်တော့်ကို ဥသြတွေ
လှောင်ရယ်နေကြပြီ.....။

ဒီလိုနဲ့ 
ကျွန်တော့်ရင်ကွဲအင်္ကျီမှာ
နေ့ အလိုက် သံစဉ်တွေ
ပဲ့တင်မြည်ဟည်းနေခဲ့တယ်...

“တနင်္လာသံ”

“အင်္ဂါသံ”

“ဗုဒ္ဓဟူးသံ”

“ကြာသပတေးသံ”

“သောကြာသံ”

“စနေသံ”တို့ က

............

ကျွန်တော့်ရင်အုံကို
စိမ့်ဖောက်ထွက်နေတဲ့
နေ့ အသံတွေပေါ့..........။

ဒီနေ့ လေလှိုင်းပျက်တယ်.........
မိုးလေ၀သ မကောင်းဘူး.....
တိမ်တွေ ပြိုတဲ့အသံ....

အဲ့ဒါ....

ငါ့ကိုလှောင်မြိုက်နေတဲ့





င်္ဂ

နွေ

သံ


တိမ်ပြာ
၁၁.၁၀.၂၀၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............