ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

မဟူရာညရဲ့ ငိုရှိုက်သံ

မဟူရာညရဲ့ ငိုရှိုက်သံ


သီဆိုတေးညည်း

ကြယ်စင်နှင့်အတူ

ရင်မှာမှေးဆက်

ကောင်းကင်ကြီးအောက်မှာ

ပျော်မြူးခဲ့ပေါ့......ချစ်သံစဉ်

လျှပ်တပြက်.......မဟူရာ.....ညတစ်ည

“..........ကောင်းကင်တစ်ခွင်လုံး........”

တိမ်..............လေ

ညို......................နီ

တွေ...................ကြမ်း

ပြို................တွေ

ပျက်.........နှင့်

ကျ.......တူ

'''၀ုန်း'''

သံစဉ်ဖောက်ဖြတ်.....ညတစ်ညရဲ့ သံစဉ်

မှော်ဝင်စီးလို့ ........ပြတ်တောက်ခဲ့

ကြွေကျ.......ပြိုပျက် ညတစ်ညရဲ့ အလယ်

ကြေ...ကွဲ...ရလေပြီအစိုင်အခဲတစ်ခု

အဆိပ်တက်ခဲ့လေပြီ.....

ခုန်မင်ခဲ့ဘူးတဲ့....ချစ်သံစဉ်

အရင်လိုမဟုတ်တော့....ရင်မှာစို့ နှင့်

နူးညံ့လွန်းတဲ့ ချစ် မေတ္တာ

ပြောင်းလဲခဲ့လေပြီ....

ပြောင်းလဲခြင်းရဲ့ နောက်မှာ....

အားလုံး ပြောင်းလဲသွားခဲ့

ဖြတ်တောက်သွားတဲ့......

ငါ့ရဲ့ သံစဉ် ကြိုးတွေကို

ငါ....ဆက်ညှိလို့ ........

ငါ...ဆက်တီးပြီး....................

ငါ....ဆက်ဆိုနေအုံးမယ်..........................

သီဆိုနေတဲ ငါ့ ရဲငိုခြင်း....သံစဉ်...

နာဝင်မချိုတော့ပေမဲ့

ငါ့ .......သံစဉ်ကို...ငါမြတ်နိုးတယ်

ငါ့ .......ကဗျာကို...ငါချစ်တယ်

သံစုံတီးဝိုင်းတွေမှာ....ငါတက်မဆိုနိုင်ပေမဲ့

ငါ့ ရဲ့ အခန်းထောင့်ကျင်းလေမှာ

ခပ်ဖွဖွလေး.......

ဖွာရှိုက်နေတဲ့ဆေးလိပ်မီးခိုးတွေလို...

ပြန့် လွင့်လို့ ....

မိုးတွေကတော့ မဆဲသေးဘူး.......

ငါ့ အခန်းထဲမှာ လှေတစ်စင်းဖွဲ့ ထားတယ်

မင်းနဲ့ အတူ စီးဖို့ 





တိမ်ပြာ
၂၀.၀၉.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............