ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ကမ္ဘာ့ တစ်ဖက်က ကမ္ဘာ


ကမ္ဘာတစ်ဖက်က
တောင်တန်းတွေကတော့ရီဝေစွာနဲ့ 
အိပ်မောကြနေပြီ...

ရွှေအိုရောင်မြင်းရိုင်းတစ်ကောင်လို
မျဉ်းကွေးလေးတွေကြားထဲကို
လှလှပပ ငြိမ့်ငြိမ့်ညောင်းညောင်း
ပြေးလွှားသွားခဲ့ပေါ့....

ကမ္ဘာတစ်ဖက်က
တောင်တန်းတွေကတော့
ဖြူဖပ်ဖြူရော်နဲ့ မပွင့်တစ်ပွင့်
ခုန်းမျက်စလေးကတော့မ၀င့်မရဲ
ခိုးခိုးကြည့်နေခဲ့....

မင်းအလှလေးကို ခဏလေးမြင်လိုက်ရုံနဲ့ 
အဆုံးမဲ့ချစ်ခြင်းတွေနဲ့ အတူ အပြေးလေး
နောက်ကပြေးလိုက်နေခဲ့တယ်

ချစ်သူ တွေ့ လိုက်လား
မင်းကတော့တစ်ဖက်ကို
ဝေ့၀ိုက်သွားခဲ့ပေါ့....

မင်းနဲ့ အတူသီးသန့် ကမ္ဘာလေး
တည်ဆောက်ချင်ခဲ့တာ.....

အဲ့ထဲမှာ
လှပတဲ့ပန်းဥယာဉ်လေးရှိတယ်
နောက်ပြီး ရေတံခွန်လေးလဲရှိတယ်
ကျေးငှက်လေးတွေကလဲ
သီချင်းဆိုနေကြတယ်....

တို့ နှစ်ယောက်ရဲ့ ကမ္ဘာလေးအတွက်
မင်းကပြေးလို့ 
ငါကမလှမ်းနိုင်ခဲ့တာလား...
ငါကပြေးလို့ 
မင်းကမလှမ်းနိုင်ခဲ့တာလား...
ဒီလိုနဲ့ ပဲတို့ နှစ်ယောက်
ကမ္ဘာလေး နှစ်ခြမ်းကွဲခဲ့ရပြီလား....

ကမ္ဘာနှစ်ခြမ်းကွဲနေပေမဲ့
ဖြတ်တောက်လို့ မရတဲ့
သံလိုက်ကြိုးလေးတွေကတော့
အမြဲရှိနေတယ်.....

နေနဲ့ လ ကို
လက်ထပ်ပေးချင်ခဲ့တာမဟုတ်ပါဘူး
နေနဲ့ လ
လက်ထပ်ပေးလိုက်လို့ 
မင်းရဲ့ အလင်းတွေ
မှေးမှိန်သွားမှာငါမလိုလားဘူး....

ဒါကြောင့်.....
ငါ.....ဝေး...ဝေး....ကနေပဲ
မင်းရဲ့ အလှကို
ငေးမောကြည့်နေတယ်.......


တိမ်ပြာ
၂၆.၁၀.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............