ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

အနှိုင်းမဲ့ မေမေ























ကျေးဇူးရှင်.....ကျေးဇူးသခင်

အလင်းမမြင်ခင်ကပင်

ကိုးလလွယ်ဆယ်လမှစ

ကရုဏာထား.....မေတ္တာပွားလို့ 

ရှောင်ကြဉ်ဒုက္ခများလှပေဘိ

မွေးဖွားလာသည့်နှင့်

ရင်မှာပိုက်ထွေး

ပြုစုယုယ အကြင်နာတွေပေး

မျက်စိအောက်ကပျောက်မခံ ပူပင်စိတ်နဲ့ 

သွန်သင်ဆုံးမ ပညာတွေပေး

လူလားမြောက်အောင်ဆင်မြန်းလို့ 

ကြီးမားလှသည့်ကျေးဇူးရှင်

ဖြူစင်အေးမျှ မေမေ့ မေတ္တာ

ဆပ်လို့ မကုန်ကျေးဇူးအဖုံဖုံ

မြင့်မြတ်လှတဲ့ မေမေကျေးဇူး

မေမေနဲ့ ဝေးလို့ တမ်းတမိတယ်

မေမေ့စကား မေမေ့မေတ္တာ

မေမေ့ကရုဏာတွေ

အောက်မေ့မိတယ်

သတိရမိတယ်

ဝဠ်ကြွေးတွေကြောင့် ခွဲခွာရတဲ့

လတွေ နှစ်တွေဝေးကွာ

ရေမြေ ခြားလို့ နေရပေမဲ့

မေမေ့ကို ဒီနေ့ မှမဟုတ်

နေ့ စဉ်ရက်ဆက် သေတိုင်သက်ဆုံး

ကန်တော့လျှက်

ဘုရားနဲတစ်ဂိုဏ်းတည်းအမြဲရှိနေမယ်

မေမေ့ကျေးဇူးဆပ်ဖို့ 

ရင်ခွင်မှာကမ္ပည်းထိုး

အားမာန်တွေနဲ့ 

ကျေးဇူးဆပ်ပါရစေ

မေမေ

အမေများအားလုံး ကျမ်းမာပျော်ရွှင်ချမ်းမြေ့ပါစေ...



တိမ်ပြာ
၀၉.၀၉.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............