ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

တစ်ခန်းရပ်


ဘယ်နေရာက နေရမှာလဲ...
မင်းသားလား
လူကြမ်းလား
ကြာကူလီလား
အပို့ အကြိုလား


ဇာတ်ဆရာခိုင်းတဲ့တိုင်းလုပ်ကွာ...
........................................................
......................................................................
စမယ်
“၀မ်း”
“တူး”
“သရီး”
အက်ရှင်...


မောင် “နှင်း”ကိုချစ်ခဲ့တယ်
ဒါပေမဲ့ နှင်း ရယ်....
ဒါပေမဲ့နောက်က


ဆက်ပြီးနာမထောင်ချင်ဘူး မောင်
မောင့်ကိုလေဘယ်လိုမှမခွဲနိုင်ဘူး...


ဟာ......ဘယ်လို ဘယ်လို
လုပ်လိုက်တာလဲ
အလွမ်းခန်းမဟုတ်ဘူး
အကြမ်းခန်း အကြမ်းခန်း....။
ကဲ
၃၄ကိုသွားမယ်...


“မောင်”..

ပြောလေ “နှင်း”..

မောင့်ဘတ်ကပြတ်သားနေမှတော့
နှင်း ဘားမှမပြော...မပြော..


ဟာ.....ကွာ
ဘယ်လိုလုပ်လိုက်ပြန်ပြီလ
မဟုတ်သေးပါဘူးကွာ
အလွမ်းခန်း အလွမ်းခန်း
အကြမ်းခန်းမဟုတ်ဘူးကွ...
တော်ပြီကွာ...
“ကဒ်”
...ကဒ်..ကဒ်..
ဒီဇာတ်လမ်းဒီမှာတင် တစ်ခန်းရပ်မယ်။



တိမ်ပြာ
၀၁.၁၂.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............