ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ကျွန်တော်နဲ့ အတူ “သုည” တစ်လုံး



ဝင်္ကပါထဲကို ရောက်လာခဲ့တုန်းကလဲ
ဘေးနားမှာကပ်ပါလာတာက
“သုည” တစ်လုံး

မထင်မှတ်ပဲ
အပြာရောင်ကြိုးတွေက
ကျွန်တော့်ကို ချည်ထုံးခဲ့တယ်....။

ဘ၀အတွက်
ဘယ်ဘက်ရင်အုံထဲ
ဆွဲချလိုက်တယ်
ထုတ်ကြည့်လိုက်တိုင်း
ထွက်လာတာက
ပုပ်သိုးနေတဲ့
“သုည” တစ်လုံး......။

အရိပ်လေးကတော့
ကျွန်တော်နဲ့ ထပ်တူထပ်မျှ
မင်းကတော
မသိလိုက်ဘူးထင်တယ်......။

လောကဇာတ်ခုံပေါ်မှာလျှောက်ရင်း
ပင်လယ်ထဲခုန်ချလိုက်တာ
ပြန်ပေါ်လာတော့လည်း
ဘေးနားမှာ
“သုည” တစ်လုံး....။

ပင်လယ်ပြင်မှာ
လှိုင်းတွေ ခွပ်နေခဲ့
မင်း မြင်လိုက်လား...။

မထင်မှတ်ပဲ
လေပြည်သံချိုချိုလေးကြောင့်
ပျော်မြူးနေခဲ့
မုတ်သုန်လေနဲ့ အတူ
နိုးလာတော့ ဘေးနားမှာ
“သုည” တစ်လုံး
တိမ်ညိုတွေ
စိန်ပြေးတမ်းကစားနေတယ်.......။

ပြက္ခဒိန်တွေကိုသာ
ရေရွတ်ရင်း ဆုတ်ဖြဲသွားခဲ့တယ်
ဘေးနားမှာ ကပ်ပါလာတာက
“သုည” တစ်လုံး

အဲ့ဒီရေရွတ်သံတွေက
အသက်ရှူ ရပ်မိသည်နှင့်အမျှ
ဝိညာဉ်တွေကခုန်နေခဲ့........။

ဟေ့....လောကဓံကို
လှော်ခတ်ရင်း တွက်လိုက်တဲ့ ပုစ္ဆာမှာ
ထွက်လာတဲ့အဖြေက
“သုည” တဲ့.........။

ရင်ဘတ်ထဲမှာပဲ
တယုတယ ချိတ်ဆွဲထားလိုက်တယ်
ယုံလာ.....ယုံချင်လဲယုံ
မယုံလဲအဲဒါ
“သုည” ဘ၀........။

အဲ့ဒီ “သုည” ပဲလေ
ခွဲခြမ်းစိတ်ဖြာဖို့ 
ကျွန်တော့်မှာစိတ်ကူးမရှိဘူး
လိုရင်ယူသုံးလို့ ရတယ်
ကျွန်တော့်အတွက်
တန်ဖိုးရှိဖို့ မဟုတ်ပါဘူး
နင်းတော့မခြေလိုက်နဲ့ ပေါ့.......။

ခေါက်ချိုးလုပ်လိုက်လို့ 
“တစ်” ဖြစ်ရင်တောင်
ကျွန်တော် “သုည” ဘ၀နဲ့ ပဲနေမယ်
တန်ဖိုးတော့ မရှိဘူး
လိုအပ်တဲ့ချိန်
နောက်ကလိုက်ကပ်ပေးမယ်.....။

ဒီလိုနဲ့ ပဲ
မြင့်မိုရ်တောင်ထိပ်တက်ပြီး
အော်လိုက်ချင်တယ်
မင်းကြားအောင်...။

နောက်ဆုံးတော့
ပဲ့တင်သံတွေက
ကိုယ့်ကိုကိုယ်
ပြန်ကြားနေခဲ့တယ်....။

လာရာလမ်းမှာလဲ “သုည”.......။

အပြန်လမ်းမှာလဲ “သုည”........။

“သုည” “သုည”

“သုည”


“သုည” ”သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည”





တိမ်ပြာ
၂၈.၁၀.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............