နွမ်းလင့်ကြွေလဲ
ရနံ့ရယ်မပြယ်
မွှေးပျံ့နေဆဲ...
ခရေပင်အောက်မှာ မိုးမမြင်လေမမြင်
မိုးကိုမြင်သွားတာလား....
လေကိုမြင်သွားတာလား...
စွန့် ပစ်လိုက်ပါ မလိုအပ်ဘူးဆို
ထောင့်ကျင်းလေးထဲမှာ
အပုပ်သိုးခံ သိမ်းထားလိုက်မယ်
ရနံ့ တော့မပြယ်ဘူး
မြေခပန်းတဲ့လား
နင်းခြေမသွားပါနဲ့ 
နှလုံးသားနဲ့ သီကုံးထားတာ
အဆင်းမရှိပေမဲ့
အရောင်မခြယ်ခဲ့ပါဘူး
မိုးကခြွေ လေကဖျက်
နင်းရက်သူရဲ့ ကမ္ဘာအောက်မှာ
ခရေဟာ ခရေပါလို့ သက်သေပြ
ရနံ့ ကိုသိမ်းထားတယ်
လက်နဲ့ ရေးတာမဟုတ်ဘူး
နှလုံးသားနဲ့ ရေးခဲ့တာ
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်နေတယ်
အချစ်မြင်လာ
သစ်အိုပင်ကပြောနေတယ်....
တိမ်ပြာ
၂၁.၁၀.၀၉
ဒီကဗျာလေးအားရေးခိုင်းခဲ့သော
ဖိုးသားကြီးအား
ကျေးဇူးတင်လျှက်
No comments:
Post a Comment
လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............