ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ဘေးတိုက်ကန့်လန့်တွားသွားတတ်သောဂဏန်းတစ်ကောင်၏ဖြောင့်ချက်



မွေးကတည်းက တနင်္လာဂြိုဟ်ရဲ့ အလင်းအောက်မှာလား.....

အမှောင်ထုထုအောက်မှာလား ရေရေရာရာမသိလိုက်ဘူး....

တနင်္လာဂြိုဟ်ကိုစီးပြီးမွေးလာတာ မဟုတ်တာတော့သေခြာတယ်....

အမြင်မှာတော့.......

လင်းတစ်ခါမှောင်တစ်လည့်နဲ့ ......

ပြက္ခဒိန်တွေကိုဝါးစားနေခဲ့တယ်......

ဒါ...ကရကဋ်ရာသီဖွားရဲ့အမှားပဲလား......

မှန်တယ်လို့ လဲမဆိုလိုပါဘူး....

ရှေ့ တည့်တည့်မသွားတတ်တာတော့အမှန်ပဲ....

ကန့် လန့် ပဲတွားသွား ဘေးတိုက်ပဲတွားသွား....

အမြင်နှစ်ခုရှိတာတော့သေခြာတယ်....

တစ်ဘက်ထဲလည်းကြည့်လို့ မရဘူး....

မကြည့်ပဲနဲ့ လဲမြင်မြင်နေတော့ခတ်တယ်....

လက်မထောင်နေတဲ့ ဂဏန်းတစ်ကောင်ရဲ့ ....

စိုးမိုးနေတဲ့ တနင်္လာဂြိုဟ်ဓာတ်သဘာဝက....

အေးမြတဲ့ အလင်းကိုပေးခဲ့ပေမဲ့....

ဘာအလင်းကိုမှမဖမ်းဆုပ်မိလိုက်ပါဘူး....

တနင်္လာဂြိုဟ်ရဲ့ ထုပ်လုပ်လိုက်တဲ့ အလင်းတန်းဟာ...

အချိုးစားလွဲနေခဲ့တာလား....

ရိုက်လင်းတန်းနဲ့ ပြန်လင်းတန်းမညီမျှခဲ့ဘူး....

တန်ပြန်သက်ရောက်မှုက.....

၉၀ဒီဂရီဆိုရင်တော့.....

ပြန်လင်းတန်းနဲ့ ရိုက်လင်းတန်း...

တစ်ထပ်တည်းကြနိုင်တယ်....

ကရကဋ်ရာသီဖွားပေါ်ကြနေတဲ့အလင်းက...

၄၅ဒီဂီရီတိမ်းစောင်းနေခဲ့တယ်....

တိမ်းပြီးစောင်းသွားတာလား....

စောင်းပြီးတိမ်းသွားတာလား...

ရေရေရာရာ မသိလိုက်ဘူး...

သေခြာတာက...

ကရကဋ်ရာသီဖွားကရှေ့ ကိုမသွားတတ်လို့ ...

နောက်ကိုလဲမသွားတတ်ဘူး...


တိမ်ပြာ
၁၁.၁၂.၀၉

No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............