ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ကာရံမဲ့









အသက်ဝင်လာတဲ့
မီးတောင်ဟောင်းရဲ့ 
အသက်ရှုသံ...
ကိုယ့်ရင်အုံကို ဗုံလုပ်တီးနေတဲ့
`နတ်သမီးပျို´
မြင်းရိုင်း တစ်ကောင်လို
ပြေးနေတဲ့ နတ်ဝိညဉ်က
လမင်းရဲ့ အလင်း...


ဘ၀ပင်လယ်ကိုကူးခတ်ရင်းနဲ့ 
မီးပြတိုက်တစ်ခုဆောက်ထားလိုက်တယ်
အဲဒါ...
....မသိလိုက်ပါ...



အထပ်ကောင်းကင်မှာ
ငလျှင်လှုပ်ပြီး ပြိုကွဲနေတဲ့တိမ်တိုက်
လောင်ရယ်သံတွေနဲ့ အတူ
ပဲတင်ရိုက်နေတယ်...


ကောင်းကင်ကိုနွယ်ထားတဲ့
နဂါငွေ့ တန်းတွေက
ဝိုးဝါမှိုင်ပြာနေတဲ့ နွေဦး.....စ
ခြောက်သွေ့ နေတဲ့ နှလုံးသားက
....က
.......... နာ
.................ရ
...................ထဲ
......................က
မြူတစ်မှုံလောက်....





တိမ်ပြာ
၀၉.၁၀.၀၉


No comments:

Post a Comment

လာရောက်ကြည့်ရှုသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ.............