ရောက်လာသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ........

Monday, January 31, 2011

ကျွန်တော်နဲ့ မညိုပြာ



.....မညိုပြာ....
ရှင်လျှက်နဲ့ သေနေတဲ့စိတ်တွေကို
ရေလောင်းပေါင်းသင်လုပ်ပေးတိုင်း
ဘောင်ရိုးပေါ်ကချော်ချော်ကျခဲ့တယ်.......။

အခါခါ ခြေချော်လဲကျ လွင့်ထွက်သွားတဲ့
ခွက်အလွတ်တွေ နံရံပေါ်မှာ ထင်ကျန်နေဆဲ
အပ်ကြောင်းထပ် ပုံရိပ်တွေကို လေထုထဲမှာ
သက်ရှိရုပ်ဝတ္ထုလို တွေ့ နေရတယ်..........။

အာရုဏ်မတက်ခင်မှာကတည်းက
ကျွန်တော့် အသိတွေကို စိုးမိုးနေတာ

ကျွန်တော့်ဘ၀ကို
ခေါင်းအုံးလိုသဘောထားထား
ဖိနပ်တစ်ရံလိုလည်း
သဘောထားချင်ရင်လဲ ထားနိုင်တယ်
ကြည်ဖြူတယ်
တစ်ကယ်လှိုက်လှဲစွာကြည်ဖြူတယ်
ဘ၀ကိုရင်းပြီး ခြေရင်းမှာ ပုံပေးထားတာ
ဘာတွေလိုအပ်အုံးမှာလဲ ....။

အသံ ၊ အရိပ် ၊ သဏ္ဌာန်မဲ့နေတဲ့
အချစ်ရဲ့ နိယာမကို
လိုက်ရှာနေတာ မဟုတ်ပါဘူး
ဟော့ဒီရင်ဘတ်ကြီးထဲကနေ
အလိုလိုဖြစ်ပေါ်လာတာပါ ....။

ကြယ်တွေနဲ့ ဆုံလို့ 
စကားပြောဖြစ်တဲ့ညက
မဆီမဆိုင် သတိရမိသေးတယ်
အလင်းဟာ တစ်စက္ကန့် မှာ
၁၈၆၀၀၀မိုင် သွားတယ်တဲ့
အလင်းနှစ်နဲ့ တွက်ကြည့်တဲ့အခါ
ကျဉ်းသွားတယ်
ကျွန်တော့် အဲ့လိုလေးပဲ ကြည့်နေတယ်
အဲ့လိုလေးပဲ ကျွန်တော် ချစ်ခဲ့ပါတယ်....။

မညိုပြာ ကတော့
ကျွန်တော်နဲ့ အဝေးဆုံးမှာ
ကျွန်တော် ကြည့်လိုက်တိုင်း
ဘယ်ဘက်ရင်အုံမှာ
အမြဲတမ်းရှိနေတယ်
ချစ်တာထက် မြတ်နိုးတယ်
မြတ်နိုးတာထက်
တန်ဖိုးထားတယ်.........မညိုပြာ

ညနေခင်းလေးတစ်ခုကို
အမြဲသတိရ နေတယ် .....မညိုပြာ
အဲ့ဒီညနေခင်းလေး သာယာလိုက်တာ
ဘယ်တော့များပြန်ရမှာလဲ
ရထားတွေခုတ်မောင်းနေတဲ့
ပင်လယ်ပြင်ကြီးကတော့
လှိုင်းတွေထနေခဲ့တယ်......။

မညိုပြာ သတိရရဲ့ လာ
သတိရသည်ဖြစ်စေ
သတိမရသည်ဖြစ်စေ
ကျွန်တော့် အာရုံထဲမှာ
အမြဲပျိုးထားတယ်....။

တူတူ သောက်ခဲ့ဘူးတဲ့
ပန်းသီးဖျော်ရည်လေးကို
ထပ်သောက်ချင်သေးတယ်
အဲ့ဒီသောက်ခဲ့တဲ့ ဖျော်ရည်လေးဟာ
အဆိပ်သင့်နေခဲ့တာလား
ကျွန်တော် ထပ်သောက်ချင်တယ်
မညိုပြာ ခွင့်ပြုမယ်ဆိုရင်ပေါ့........။

အဲ့ဒီနေ့ က ကောင်းကင်ကြီးဘာမှ
မ၀တ်ထားဘူး
နောက်နေ့ မထင်မှတ်ပဲ
မိုးတွေရွာတယ်
မိုးရည်တွေနဲ့ အတူ
လိုက်မျှောခဲ့ရတယ်
အလိုက်သိတဲ့ မိုးလားလို့ 
ကျွန်တော်ကျေးဇူးတင်နေမိ......။

အဲ့ဒီမိုးတွေက
နှာစေး ချောင်းဆိုးယုံကလွဲလို့ 
လောင်မြိုက်နေတဲ့
ဟို့ ........
ပင်လယ်အောက်က
မီးတောင်ကို မငြိမ်းနိုင်းဘူး.....။

...........ဒီနေ့ ထိ..........

ဒီ

နေ့ 

ထိ

မိုးတွေရွာနေတယ်.....

မညိုပြာ



တိမ်ပြာ
၃၀.၁၀.၀၉

ကျွန်တော်နဲ့ အတူ “သုည” တစ်လုံး



ဝင်္ကပါထဲကို ရောက်လာခဲ့တုန်းကလဲ
ဘေးနားမှာကပ်ပါလာတာက
“သုည” တစ်လုံး

မထင်မှတ်ပဲ
အပြာရောင်ကြိုးတွေက
ကျွန်တော့်ကို ချည်ထုံးခဲ့တယ်....။

ဘ၀အတွက်
ဘယ်ဘက်ရင်အုံထဲ
ဆွဲချလိုက်တယ်
ထုတ်ကြည့်လိုက်တိုင်း
ထွက်လာတာက
ပုပ်သိုးနေတဲ့
“သုည” တစ်လုံး......။

အရိပ်လေးကတော့
ကျွန်တော်နဲ့ ထပ်တူထပ်မျှ
မင်းကတော့
မသိလိုက်ဘူးထင်တယ်......။

လောကဇာတ်ခုံပေါ်မှာလျှောက်ရင်း
ပင်လယ်ထဲခုန်ချလိုက်တာ
ပြန်ပေါ်လာတော့လည်း
ဘေးနားမှာ
“သုည” တစ်လုံး....။

ပင်လယ်ပြင်မှာ
လှိုင်းတွေ ခွပ်နေခဲ့
မင်း မြင်လိုက်လား...။

မထင်မှတ်ပဲ
လေပြည်သံချိုချိုလေးကြောင့်
ပျော်မြူးနေခဲ့
မုတ်သုန်လေနဲ့ အတူ
နိုးလာတော့ ဘေးနားမှာ
“သုည” တစ်လုံး
တိမ်ညိုတွေ
စိန်ပြေးတမ်းကစားနေတယ်.......။

ပြက္ခဒိန်တွေကိုသာ
ရေရွတ်ရင်း ဆုတ်ဖြဲသွားခဲ့တယ်
ဘေးနားမှာ ကပ်ပါလာတာက
“သုည” တစ်လုံး

အဲ့ဒီရေရွတ်သံတွေက
အသက်ရှူ ရပ်မိသည်နှင့်အမျှ
ဝိညာဉ်တွေကခုန်နေခဲ့........။

ဟေ့....လောကဓံကို
လှော်ခတ်ရင်း တွက်လိုက်တဲ့ ပုစ္ဆာမှာ
ထွက်လာတဲ့အဖြေက
“သုည” တဲ့.........။

ရင်ဘတ်ထဲမှာပဲ
တယုတယ ချိတ်ဆွဲထားလိုက်တယ်
ယုံလာ.....ယုံချင်လဲယုံ
မယုံလဲအဲဒါ
“သုည” ဘ၀........။

အဲ့ဒီ “သုည” ပဲလေ
ခွဲခြမ်းစိတ်ဖြာဖို့ 
ကျွန်တော့်မှာစိတ်ကူးမရှိဘူး
လိုရင်ယူသုံးလို့ ရတယ်
ကျွန်တော့်အတွက်
တန်ဖိုးရှိဖို့ မဟုတ်ပါဘူး
နင်းတော့မခြေလိုက်နဲ့ ပေါ့.......။

ခေါက်ချိုးလုပ်လိုက်လို့ 
“တစ်” ဖြစ်ရင်တောင်
ကျွန်တော် “သုည” ဘ၀နဲ့ ပဲနေမယ်
တန်ဖိုးတော့ မရှိဘူး
လိုအပ်တဲ့ချိန်
နောက်ကလိုက်ကပ်ပေးမယ်.....။

ဒီလိုနဲ့ ပဲ
မြင့်မိုရ်တောင်ထိပ်တက်ပြီး
အော်လိုက်ချင်တယ်
မင်းကြားအောင်...။

နောက်ဆုံးတော့
ပဲ့တင်သံတွေက
ကိုယ့်ကိုကိုယ်
ပြန်ကြားနေခဲ့တယ်....။

လာရာလမ်းမှာလဲ “သုည”.......။

အပြန်လမ်းမှာလဲ “သုည”........။

“သုည” “သုည”

“သုည”


“သုည” ”သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည” “သုည” “သုည”

“သုည”





တိမ်ပြာ
၂၈.၁၀.၀၉

ကမ္ဘာ့ တစ်ဖက်က ကမ္ဘာ


ကမ္ဘာတစ်ဖက်က
တောင်တန်းတွေကတော့ရီဝေစွာနဲ့ 
အိပ်မောကြနေပြီ...

ရွှေအိုရောင်မြင်းရိုင်းတစ်ကောင်လို
မျဉ်းကွေးလေးတွေကြားထဲကို
လှလှပပ ငြိမ့်ငြိမ့်ညောင်းညောင်း
ပြေးလွှားသွားခဲ့ပေါ့....

ကမ္ဘာတစ်ဖက်က
တောင်တန်းတွေကတော့
ဖြူဖပ်ဖြူရော်နဲ့ မပွင့်တစ်ပွင့်
ခုန်းမျက်စလေးကတော့မ၀င့်မရဲ
ခိုးခိုးကြည့်နေခဲ့....

မင်းအလှလေးကို ခဏလေးမြင်လိုက်ရုံနဲ့ 
အဆုံးမဲ့ချစ်ခြင်းတွေနဲ့ အတူ အပြေးလေး
နောက်ကပြေးလိုက်နေခဲ့တယ်

ချစ်သူ တွေ့ လိုက်လား
မင်းကတော့တစ်ဖက်ကို
ဝေ့၀ိုက်သွားခဲ့ပေါ့....

မင်းနဲ့ အတူသီးသန့် ကမ္ဘာလေး
တည်ဆောက်ချင်ခဲ့တာ.....

အဲ့ထဲမှာ
လှပတဲ့ပန်းဥယာဉ်လေးရှိတယ်
နောက်ပြီး ရေတံခွန်လေးလဲရှိတယ်
ကျေးငှက်လေးတွေကလဲ
သီချင်းဆိုနေကြတယ်....

တို့ နှစ်ယောက်ရဲ့ ကမ္ဘာလေးအတွက်
မင်းကပြေးလို့ 
ငါကမလှမ်းနိုင်ခဲ့တာလား...
ငါကပြေးလို့ 
မင်းကမလှမ်းနိုင်ခဲ့တာလား...
ဒီလိုနဲ့ ပဲတို့ နှစ်ယောက်
ကမ္ဘာလေး နှစ်ခြမ်းကွဲခဲ့ရပြီလား....

ကမ္ဘာနှစ်ခြမ်းကွဲနေပေမဲ့
ဖြတ်တောက်လို့ မရတဲ့
သံလိုက်ကြိုးလေးတွေကတော့
အမြဲရှိနေတယ်.....

နေနဲ့ လ ကို
လက်ထပ်ပေးချင်ခဲ့တာမဟုတ်ပါဘူး
နေနဲ့ လ
လက်ထပ်ပေးလိုက်လို့ 
မင်းရဲ့ အလင်းတွေ
မှေးမှိန်သွားမှာငါမလိုလားဘူး....

ဒါကြောင့်.....
ငါ.....ဝေး...ဝေး....ကနေပဲ
မင်းရဲ့ အလှကို
ငေးမောကြည့်နေတယ်.......


တိမ်ပြာ
၂၆.၁၀.၀၉

အပြာရောင်တမ်းချင်း


အပြာရောင် တိမ်တိုက်တွေနဲ့ 
အပြိုင်ပြေးဆွဲနေတဲ့
ကြေးနီရောင်တိမ်တိုက်တစ်ခြမ်း

ကမ္ဘာတစ်ဖက်က
လေနီကြမ်းတွေက
တဟူးဟူးနဲ့ အော်နေခဲ့

လေနောက်ကိုလိုက်ရမှာလား
ကျောက်ဆစ်ရုပ်အဖြစ်ရပ်နေရမှာလား
နာရီလက်တံတွေကသာ ၀ါးမြိုခဲ့

အတွေးထဲမှာ
virus တစ်ကောင်ရောက်နေတယ်
အပြာရောင်ခြယ်မလို့ လုပ်လိုက်တိုင်း
တောင်ပတ်လမ်းကို
မြူခိုးတွေက ငုံ့ နမ်းနေခဲ့...

တိမ်အုပ်ဖွဲ့ နေရာယူပုံကို
အရုပ်တစ်ခုလိုအမြင်မှားခဲ့သူ
အာရုံလွဲမှားမှု့ နောက်ကွယ်မှာ
အရူးတစ်ယောက်...

ရေးမှတ်ခဲ့တာ
အပြာရောင်စာမျက်နှာ
ပေးဆပ်ချင်ခဲ့တာ
သဘာဝ သံစဉ်

ပြဇာတ်လိုမထင်နဲ့ 
ဘယ်တော့မှ မပြီးဆုံးဘူး...
လုပ်ဇာတ်လဲမဟုတ်ဘူး...
ရင်ထဲမှာသော့ခတ်ထားတယ်....

တစ်ခုခုကို လိုချင်လျှင်
တစ်ခုကိုပေးဆပ်ရမှာ
လောကရဲ့ နိယာမတရားလား....

ဟင့်အင်း...

နွေ၊မိုး၊ဆောင်းဒါဏ်ကိုခံနိုင်ဖို့ 
အရိပ်တစ်ခု ပေးဆပ်ချင်ခဲ့တဲ့ကောင်...

ရည်ရွယ်ခဲ့တာဆုံမှတ်တစ်ခု
ရှေ့ မှနောက်သို့ 
ခွဲထွက်သွားတဲ့မျဉ်းတစ်ကြောင်းရဲ့ 
ဆုံမှတ်က ကမ္ဘာရဲ့ အလယ်ဗဟို....

သစ်အိုပင်ကတော့
မျှော်လင့်နေတယ်.....
ဝါရင့်ရင့်နေလုံးကြီးကတော့
လှောင်ရယ်ကာ
အိပ်တန်းတက်သွားပြီ....

နောက်ဆုံးတော့.....
ခွာသံတစ်ဖြောင်းဖြောင်းနဲ့ ....
ခေါင်းချိုးကျန်ရစ်ခဲ့ပေါ့...................။


တိမ်ပြာ
၂၃.၁၀.၀၉

***ပန်းခရေ***









နွမ်းလင့်ကြွေလဲ

ရနံ့ရယ်မပြယ်

မွှေးပျံ့နေဆဲ...

ခရေပင်အောက်မှာ မိုးမမြင်လေမမြင်

မိုးကိုမြင်သွားတာလား....

လေကိုမြင်သွားတာလား...

စွန့် ပစ်လိုက်ပါ မလိုအပ်ဘူးဆို

ထောင့်ကျင်းလေးထဲမှာ

အပုပ်သိုးခံ သိမ်းထားလိုက်မယ်

ရနံ့ တော့မပြယ်ဘူး

မြေခပန်းတဲ့လား

နင်းခြေမသွားပါနဲ့ 

နှလုံးသားနဲ့ သီကုံးထားတာ

အဆင်းမရှိပေမဲ့

အရောင်မခြယ်ခဲ့ပါဘူး

မိုးကခြွေ လေကဖျက်

နင်းရက်သူရဲ့ ကမ္ဘာအောက်မှာ

ခရေဟာ ခရေပါလို့ သက်သေပြ

ရနံ့ ကိုသိမ်းထားတယ်

လက်နဲ့ ရေးတာမဟုတ်ဘူး

နှလုံးသားနဲ့ ရေးခဲ့တာ

ဘယ်တော့ဖြစ်ဖြစ်

ထာဝရသစ်လွင်နေတယ်

အချစ်မြင်လာ

သစ်အိုပင်ကပြောနေတယ်....


တိမ်ပြာ
၂၁.၁၀.၀၉

ဒီကဗျာလေးအားရေးခိုင်းခဲ့သော
ဖိုးသားကြီးအား
ကျေးဇူးတင်လျှက်

***ခုနစ်သံစဉ်***









အဲ့ဒီနေ့ က
နတ်ပြည်ကိုရောက်ခဲ့တယ်
နတ်သမီးလေးကို
....မတွေ့ ခင်မှာ......
ခုတ်မောင်းလာတဲ့မြင်းပျံရထားရဲ့ 
အရှိန်အဟုန်က
တစ်နာရီ မိုင်(၁၈၀)နှုန်း....

.....တွေ့ လိုက်တော့.....
အေးမြတဲ့ အလင်းတစ်ခု
ဆူးရှတဲ့ မျက်ဝန်းတစ်စုံကြောင့်....
ပင်လယ်အောက်မှာ
လှိုင်းတွေ လက်ခုပ်တီးနေတယ်

ပြိုပျက်ကျလာတဲ့အသံက
ကတုန်ကယင်နဲ့ ....
.....
..........
ကျွန်တော့်ရှေ့ မှာ
အောက်ဆီဂျင်
ပြတ်တောက်နေခဲ့တယ်
...............................
.................................... ။

ကျွန်တော်ဆိုတဲ့
“အညတရ” ကောင်က
ဘ၀စာမျက်နှာကို
ကျောက်ကြမ်းနဲ့ ခတ်ကြမ်းကြမ်း
သွေးနေခဲ့တဲ့ကောင်လေ.....။

“ဒါကို........”

ကောင်းကင်မှာထွန်းလင်း တောက်ပနေတဲ့
ဓူဝံကြယ် ကိုခူးယူဖို့ လုပ်နေသေးတယ်.....

“ဟင့်အင်း....ဟင့်အင်း”

မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး
အရမ်းမြင့်လွန်းတယ်
အမြင် နဲ့ အတွေးက
ငါ့ကိုလှောင်ရယ်နေခဲ့တယ်......။

တွန်းအားတွေပေးနေတဲ့
နှလုံးသားကပြောတယ်
ငါ့ကိုလွတ်လပ်ခွင့်ပေးပါ
ငါသွားမဲ့လမ်းမှာ
ခုနှစ်စင်ကြယ်က
ငါ့ကိုလမ်းပြနေတယ်တဲ့......။

ကျွန်တော့်အတွက် လမ်းပြကြယ်လေး
ပြနေတဲ့လမ်းက ပျပျလေး
လင်းတစ်ခါမှောင်တလှည့်နဲ့ 
နွေဦးမရောက်ခင်မှာ
ကျွန်တော့်ကို ဥသြတွေ
လှောင်ရယ်နေကြပြီ.....။

ဒီလိုနဲ့ 
ကျွန်တော့်ရင်ကွဲအင်္ကျီမှာ
နေ့ အလိုက် သံစဉ်တွေ
ပဲ့တင်မြည်ဟည်းနေခဲ့တယ်...

“တနင်္လာသံ”

“အင်္ဂါသံ”

“ဗုဒ္ဓဟူးသံ”

“ကြာသပတေးသံ”

“သောကြာသံ”

“စနေသံ”တို့ က

............

ကျွန်တော့်ရင်အုံကို
စိမ့်ဖောက်ထွက်နေတဲ့
နေ့ အသံတွေပေါ့..........။

ဒီနေ့ လေလှိုင်းပျက်တယ်.........
မိုးလေ၀သ မကောင်းဘူး.....
တိမ်တွေ ပြိုတဲ့အသံ....

အဲ့ဒါ....

ငါ့ကိုလှောင်မြိုက်နေတဲ့

တ

န

င်္ဂ

နွေ

သံ


တိမ်ပြာ
၁၁.၁၀.၂၀၀၉

တစ်ဖက်ကမ်းကနှောင်ကြိုး






အာရုဏ်မတက်ခင်မှာ ဖျတ်ကနဲနိုး

စိုးမိုးနေတာက ပုံရိပ်တစ်ခု။

သံယောဇဉ် ကြိုးကို ငင်ဖို့ ကြိုးစား

အမျှင်တစ်တန်းတန်းဖြစ်နေတဲ့ ပင့်ကူတစ်ကောင်လို။

ဖြေလျှော့ချဖို့  ကြိုးစားတိုင်း

သံယောဇဉ်ကသာ တစ်စတစ်စ ရှည်ထွက်...

ကြည့်လိုက် ပြိုပျက်နေတဲ့ လိုဏ်ဂူဟောင်းရဲ့ 

ကျောက်စက်ပန်းဆွဲလေးကနေ ကျနေတဲ့

ရေစက်လေးက....

တစ်စက်ပြီး တစ်စက်

“တစ်

စက်”

“တစ်

စက်”

ကျသွားလိုက်တာ.....

ချောင်းမှ မြစ်ဖြစ်ပြီး ပင်လယ်ထဲကူး

ပင်လယ်ပြင်မှာပန်းတစ်ခင်းပျိုးထားလိုက်တယ်

ပန်းကြိုက်သူ အတွက်

“ရည်ရွယ်” လို့ 

တေလေငမိုက်လေး စိုက်ကာလေထားပါတယ်

“ပန်းစံပယ်”

ကောင်းကင်ပြင်က “ပန်းသဇင်”

ပွင့်ခဲ့လေပြီလား ဆံနွယ်ထက်

ပင်လယ်ပြင်ကတစ်လှပ်လှပ်

လှိုင်းလုံးတွေက တလိမ့်လိမ့်နဲ့ ကမ်းကိုရိုက်ခတ်

........တိမ်ညိုတွေ ပြိုခဲ့ရပေါ့......

မျှောနေခဲ့ ဒီမြစ်ထဲ

မယုံနိုင်ဘူး မြစ်ပြင်ကျယ်ရဲ့ အလျာ၊အနံ

တိုက်စားနေတဲ့ မြစ်တစ်ခုရဲ့ စွမ်းအား

ဖြတ်တောက်မရတဲ့ အရောင်မဲ့ကြိုးတစ်ချောင်း

.......ချီနှောင်ရစ်ဖွဲ့ လို့ .......

ရင်ဘတ်ထဲက ဂစ်တာတစ်လက်

ကြိုးညှိလိုက်တိုင်း ထွက်လာတဲ့သံစဉ်က...

ဟာတာတာနဲ့ ပေါ့

..............................................................

_____xxxxxxxx____တိမ်____xxxxxxxxx_____
____xxxxxxxxxx____ပြာ__xxxxxxxxxxxxx____
___xxxxxxxxxxxxx___xxxxxxxxxxxxxxxx___
___xxxxxxxxxxxxxx_xxxxxxxxxxxxxxxx___
___xxxxxxxxxxxxxxxxxxxxxxxxxxxxxx___
____xxxxxxxxxxxxxxxxxxxxxxxxxxxx____
_____xxxxxxxxxxxxxxxxxxxxxxxxxx_____
______xxxxxxxxxxxxxxxxxxxxxxx______
_________xxxxxxxxxxxxxxxxxx________
___________xxxxxxxxxxxxx_________
_____________xxxxxxxxx_________
______________xxxxxx__________
_______________xxxx__________
_______________xxx__________
______________xx__________
_____________x___________
___________x____________



တိမ်ပြာ

၁၉.၁၀.၀၉

အမှိုက်ပုံ ကျွန်တော်





......ပစ်ထားခဲ့ချေပြီ.....

.........ပစ်ထားခဲ့လေပြီ.......

လျှောက်သွားလိုက်တာ ငမူးတဲ့

ခင်ဗျားလျှောက်ကြည့်လဲဒီလိုပဲ....

ထရံပေါ်နေရောင်ကျတော့ ဟိုတပေါက် ဒီတပေါက်

သက်တမ်းလွန် မြင်းရိုင်းတွေ တစ်ဟည်းဟည်းနဲ့ ပြေးနေဆဲ

သူတောင်းစားအင်္ကျီကအရှုံးပေးသွားတယ်

အပုပ်နံ့ တွေက လမ်းမပေါ် လျှံကျနေပြီ

နေရောင်က ရတစ်ချက် မရတစ်ချက်

ရတော့လဲ...

အစိမ်းရောင်တွေပဲပြပြနေတော့

အိမ်ရှေ့က...

“၀ုန်း”

“ဒိုင်း”

ကွဲရှသံများ...

ပုံလာပါတယ် တောင်ပုံရာပုံ

စပါးတော့မဟုတ်ဘူး

အမှိုက်ပုံကြီးဖြစ်နေပြီ

ပြတ်တစ်လှည့် ငတ်တစ်လှည့်နဲ့ 

ပျက်မှုက အကြီးအကျယ် ဖြစ်ပွားနေတော့

အဖိုးပြောခဲ့တဲ့စကားအတိုင်းဖြစ်နေပါပြီ.........။

ဟုတ်တယ် ဒါတစ်ကယ်အဖြစ်မှန်

တစ်ထွာစာလေးက ခပ်ခက်ခက်

သမုဒ္ဒရာကကျဉ်းတယ်

ရေတွင်းကနက်တယ်

...ဂျပိုးတွေကများ...

ကြုံရာပဲ “က” ရတာပေါ့

အမေပေးတဲ့ လယ်တစ်ကွက်လဲ

အပေါင်ဆိုင်ကို ခဏခဏရောက်ရောက်နေရလို့ ...

အရောင်နွမ်းနွမ်းလေးပဲရှိတော့တယ်

ဒီကြားထဲကြွက်က စားသေးဆိုပဲ

နှုတ်ခမ်းပေါ်လမ်းတက်မလျှောက်ချင်ပါဘူး

ဖြစ်ပျက်ရဲ့ သဘောပါ...

**********************************
ကျွန်တော်


နီယွန်မီးတိုင်တွေ အောက်မှာ

ညစ်ထေးထေး လမ်းဘေးကာရံတွေ

ရွတ်ရင်း...

ဖက်ကြမ်းတလိပ်ကို ခဲလို့ 

တေလေဂျပိုးလုပ်နေမိတဲ့

ကျွန်တော်....

" ဂ " ကွေးကွေးနေတဲ့ အတွေးတွေကို

ပင်လယ်ကြီးထဲ မျှောချလိုက်တယ်

ဘာရယ်တော့မဟုတ်ဘူး......

မှင်ပျက်နေတဲ့ ဘောပင်တချောင်းကို

တံတွေးစွတ်ပြီး ကဗျာတပုဒ်

ဖန်တီး....

အမေပေးတဲ့ လက်တစုံနဲ့ 

လောကကြီးကို ကျေးဇူးကန်းချင်နေတာ

" တံခါးပေါက် " မြင်တာတောင်

မ၀င်ဘဲ လက်ပိုက်ပြီး

ဟားတိုက်ခဲ့တာ

ခုတော့.....

ရေအိုင်ထဲက... ငါးစာဖြစ်နေပြီ

ဗျည်းအက္ခရာ

၃၃ လုံးမကျေဘဲ

လက်မှတ်တစောင်ရခဲ့တာ

ခုမှဘဲသိတော့တယ်

ဒါလား....

လောကကြီးရဲ့ 

"............."

" တချောက်ချောက် " နဲ့ 

လည်ပတ်နေတဲ့

ရွှေအိုရောင်နာရီဟောင်းထဲက စာမျက်နှာဟောင်းတွေ

တရွက်ပြီးတရွက်လှန်လှောဆဲ

ဘာရယ်တော့မဟုတ်ဘူး........

တာဝန်ကျေအောင်ပေါ့

အကောင်းနဲ့ အဆိုးကို

ပြောင်းပြန်ထင်ပြီးတော့

လောကကြီးကို ဆန်ကျင့်ဘက်အနေအထားနဲ့ 

ကျောပေးနေခဲ့တာ

ခုတော့....

" အမှိုက်ပုံ "

ထဲတောင် ပစ်ချလို့ မရတဲ့

အမှိုက်တစဖြစ်နေပါလား.......



တိမ်ပြာ ၊ ဇေယျာ

၁၈.၁၀.၂၀၀၉

ကာရံမဲ့









အသက်ဝင်လာတဲ့
မီးတောင်ဟောင်းရဲ့ 
အသက်ရှုသံ...
ကိုယ့်ရင်အုံကို ဗုံလုပ်တီးနေတဲ့
`နတ်သမီးပျို´
မြင်းရိုင်း တစ်ကောင်လို
ပြေးနေတဲ့ နတ်ဝိညဉ်က
လမင်းရဲ့ အလင်း...


ဘ၀ပင်လယ်ကိုကူးခတ်ရင်းနဲ့ 
မီးပြတိုက်တစ်ခုဆောက်ထားလိုက်တယ်
အဲဒါ...
....မသိလိုက်ပါ...



အထပ်ကောင်းကင်မှာ
ငလျှင်လှုပ်ပြီး ပြိုကွဲနေတဲ့တိမ်တိုက်
လောင်ရယ်သံတွေနဲ့ အတူ
ပဲတင်ရိုက်နေတယ်...


ကောင်းကင်ကိုနွယ်ထားတဲ့
နဂါငွေ့ တန်းတွေက
ဝိုးဝါမှိုင်ပြာနေတဲ့ နွေဦး.....စ
ခြောက်သွေ့ နေတဲ့ နှလုံးသားက
....က
.......... န္တာ
.................ရ
...................ထဲ
......................က
မြူတစ်မှုံလောက်....





တိမ်ပြာ
၀၉.၁၀.၀၉


မဟူရာညရဲ့ ငိုရှိုက်သံ

မဟူရာညရဲ့ ငိုရှိုက်သံ


သီဆိုတေးညည်း

ကြယ်စင်နှင့်အတူ

ရင်မှာမှေးဆက်

ကောင်းကင်ကြီးအောက်မှာ

ပျော်မြူးခဲ့ပေါ့......ချစ်သံစဉ်

လျှပ်တပြက်.......မဟူရာ.....ညတစ်ည

“..........ကောင်းကင်တစ်ခွင်လုံး........”

တိမ်..............လေ

ညို......................နီ

တွေ...................ကြမ်း

ပြို................တွေ

ပျက်.........နှင့်

ကျ.......တူ

'''၀ုန်း'''

သံစဉ်ဖောက်ဖြတ်.....ညတစ်ညရဲ့ သံစဉ်

မှော်ဝင်စီးလို့ ........ပြတ်တောက်ခဲ့

ကြွေကျ.......ပြိုပျက် ညတစ်ညရဲ့ အလယ်

ကြေ...ကွဲ...ရလေပြီအစိုင်အခဲတစ်ခု

အဆိပ်တက်ခဲ့လေပြီ.....

ခုန်မင်ခဲ့ဘူးတဲ့....ချစ်သံစဉ်

အရင်လိုမဟုတ်တော့....ရင်မှာစို့ နှင့်

နူးညံ့လွန်းတဲ့ ချစ် မေတ္တာ

ပြောင်းလဲခဲ့လေပြီ....

ပြောင်းလဲခြင်းရဲ့ နောက်မှာ....

အားလုံး ပြောင်းလဲသွားခဲ့

ဖြတ်တောက်သွားတဲ့......

ငါ့ရဲ့ သံစဉ် ကြိုးတွေကို

ငါ....ဆက်ညှိလို့ ........

ငါ...ဆက်တီးပြီး....................

ငါ....ဆက်ဆိုနေအုံးမယ်..........................

သီဆိုနေတဲ ငါ့ ရဲငိုခြင်း....သံစဉ်...

နာဝင်မချိုတော့ပေမဲ့

ငါ့ .......သံစဉ်ကို...ငါမြတ်နိုးတယ်

ငါ့ .......ကဗျာကို...ငါချစ်တယ်

သံစုံတီးဝိုင်းတွေမှာ....ငါတက်မဆိုနိုင်ပေမဲ့

ငါ့ ရဲ့ အခန်းထောင့်ကျင်းလေမှာ

ခပ်ဖွဖွလေး.......

ဖွာရှိုက်နေတဲ့ဆေးလိပ်မီးခိုးတွေလို...

ပြန့် လွင့်လို့ ....

မိုးတွေကတော့ မဆဲသေးဘူး.......

ငါ့ အခန်းထဲမှာ လှေတစ်စင်းဖွဲ့ ထားတယ်

မင်းနဲ့ အတူ စီးဖို့ 





တိမ်ပြာ
၂၀.၀၉.၀၉